ဒီလိုပဲ ပြောပြလိုက်ချင်တယ်
သူယောင်မယ် အလှနဲ့ပြုစားနေတော့
ငါဘယ်လိုရုန်းထွက်ရမှာလဲ…၊
မင်းပဲပြောခဲ့တယ်လေ…
ကိုယ် ခွဲသွားမှာ..
အရမ်းကြောက်တာပဲတဲ့။
နင်ခွဲသွားတာကမှ
ပိုကြောက်စရာကောင်းနေပါပေါ့လား..။
သားချော့တေးနဲ့ ချော့ရအောင်လည်း
နင်က ကလေးမှမဟုတ်တော့ ခက်တယ်..၊
နင်ကျေနပ်အောင် ငါစွမ်းဆောင်ဖို့ကလည်း
နင့်ခံစားမှုမှာ ငါကရုပ်သေးဖြစ်နေပြီလေ….၊
ကျေနပ်ပါတော့ အသက်ရယ်…..။
သက်တန့်လေး ရေဆင်းသောက်တုန်း
ပြေးပြီးတော့ ပြောလိုက်ချင်တယ်..၊
နောက်တစ်ခေါက် ဘယ်တော့ ပြန်လာမှာလဲလို့ပေါ့..၊
ခဏ ခဏကြားခဲ့ ရတာက
ပြန်လာပြီ ပြန်လာပြီ ဆိုတဲ့
ဒဏ္ဍာရီတွေ ပါပဲ……။
သွေးဆာနေတဲ့ ဓားသွားထက်ကိုမှ
ရက်ရက်စက်စက် တက်စေခဲ့သူ…၊
နင်ရက်စက်တာ ခံနိုင်ပေမယ့်
နင်စိမ်းကား တာတော့ မခံနိုင်းဘူး…။
မြေခ တဲ့ပန်းတိုင်းကတော့ နွမ်းမှာပါပဲ
ဒါပေမယ့်…
မြေခ လည်းမနွမ်း မယ့်ပန်းတစ်ပွင့်ကို
မင်းအတွက်…
ငါ့နှလုံးသားမှာပျိုးထားတယ် ချစ်သူ..၊
အဆင်သင့် ခူးယူပန်ဆင်လှည့်ပါ….။
ကမ္ဘာတည်သရွေ့ ချစ်နေမယ်ဆိုတာ
သူများတွေက မဖြစ်နိုင်ဘူးတဲ့…၊
ဒါပေမယ့် စိတ်ချပါ…
ငါရအောင်ချစ်ပြပါ့မယ့်…..။
ဇော်သက်ဦး
Comment #2
ကမ္ဘာတည်သရွေ့ ချစ်နေမယ်ဆိုတာ
သူများတွေက မဖြစ်နိုင်ဘူးတဲ့…၊
ဒါပေမယ့် စိတ်ချပါ…
ငါရအောင်ချစ်ပြပါ့မယ့်…..။
တကယ်လား
အားပေးသွားတယ်
By: Village chat kyi at Jul 25, 2011
Comment #3
သက်တန့်လေး ရေဆင်းသောက်တုန်း
ပြေးပြီးတော့ ပြောလိုက်ချင်တယ်..၊
နောက်တစ်ခေါက် ဘယ်တော့ ပြန်လာမှာလဲလို့ပေါ့..၊
ခဏ ခဏကြားခဲ့ ရတာက
ပြန်လာပြီ ပြန်လာပြီ ဆိုတဲ့
ဒဏ္ဍာရီတွေ ပါပဲ……။
By: May Kha at Jul 25, 2011
Comment #5
ပြောချင်တာပြော….။
By: ဆည်းဆာ at Aug 2, 2011
Comment #6
love forever?
never change forever?
love only one?
understand forever?
By: ei lay at Aug 19, 2011
Comment #7
d lo pe pyaw like chin de,,
By: ei lay at Feb 12, 2012
Comment #8
So much touching
By: ei lay at Aug 26, 2012




Comment #1
သက်တန့်လေး ရေဆင်းသောက်တုန်း
ပြေးပြီးတော့ ပြောလိုက်ချင်တယ်..၊
နောက်တစ်ခေါက် ဘယ်တော့ ပြန်လာမှာလဲလို့ပေါ့..၊
ခဏ ခဏကြားခဲ့ ရတာက
ပြန်လာပြီ ပြန်လာပြီ ဆိုတဲ့
ဒဏ္ဍာရီတွေ ပါပဲ……။