Professional Authors

မြတ်နိုးမှု အင်္သေချေ အတွက်….ထား..ခဲ့လိုက်ပါ

ငါနင့်ကိုချစ်တယ်

အဲလိုပဲ..နင်လည်း ငါ့ကိုချစ်လိမ့်မယ်

ပွင့်ပွင့်လင်းလင်း ထပ်ပြောရရင်

နင်ကငါ့ကမ္ဘာပဲ

နင့်ကို တကယ် ချစ်တယ်

ဒါဟာ..ဖြည့်ဆွက်…လိမ်ညာစကားလို့ 

နင်သတ်မှတ်တယ်ဆိုလည်း……သတ်မှတ်ပါ

တခွန်းတပါဒမျှ ခွန်းတုံ့မပြန်ဝံ့ပဲ

မငြင်းရက်နိုင်ခဲ့တဲ့သူ ။  (အဲဒီအတွက် ..နင်ရယ်ပါ)

 

နင်

နင်းဖြတ်မယ့် ခြေလှမ်းတိုင်း

ခလုတ်မငြိ..ဆူးမထိစေဖို့ 

ငါ့အသည်းညှာ……ကတီပါ ဆောင်း သဖွယ် ခင်း…

နင်းစေခဲ့တာ…နင်လည်းအသိ…..

နင့်အနား…ငါမဟုတ်သော

အခြားတယောက်ရှိလာဖို့…ပေးဆပ်ခဲ့ခြင်းမျိုးလည်း

မဟုတ်…မဟုတ်ခဲ့ပါဘူးချစ်သူ

ခုတော့

နင်ရူးတဲ့ သူ့  အနမ်းများနဲ့  အတူတကွ

ချစ်ရည်လူး ပျော်ရွှင်မြူးဖို့

ငါ့အနာဂတ်ကို

နင်ကိုယ်တိုင်ပဲ ဆူး….စူးစေခဲ့တယ်။

 

တကယ်တော့

ငါကအရူးမဟုတ်ပါဘူးဟာ…နင်ပိုချစ်မလားအထင်နဲ့

တမင် ရူးပြခဲ့တာပါ။

 

ထားပါ…..နင့်နှလုံးသား ထိအောင်

ပစ်မလွှတ်နိုင်တဲ့ ငါ့မြှား အရှိန်အဟုန် ချို့တဲ့မှုကြောင့်

 

ထားပါ…….နင်မြဲအောင်

စွဲမထားနိုင်တဲ့ ငါ့ပြုစားမှု အကျိုးအကြေများကြောင့်

 

ထားပါ……နင်စိတ်တွေ အခြား..ရောက်အောင်

ငါ့မြတ်နိုးယုံကြည်မှုတွေ တဖက်ကမ်းခတ်ခဲ့မိတာကြောင့်

……………………………………………

လို့  ပဲ ထား လိုက် ပြီးတော့

ငါ့ကို

မျက်ရည်မိုးတွေနဲ့ အတူ ကန့် ချန်ခဲ့ပါ။

 

 

နင်သွားတဲ့ခြေလှမ်းတွေမှာ ဆူးကင်းနေစေဖို့ 

ငိုနေရင်းလည်း ဆုတောင်း နင့်အနား ငါ့လို အခြားတယောက် ရှိမလာကိုလည်း တွေး……လို့  ..စိုးကြောက်နေမိပါသေးတယ်။

နင့်ကို ငါ တကယ် မြတ်မြတ်နိုးနိုး ချစ်ခဲ့တာပါအချစ်ရယ်။

 

(31.3.2012)

 

In: ကဗျာ Posted By: Date: Apr 3, 2012
Comment #1

တကယ်တော့

ငါကအရူးမဟုတ်ပါဘူးဟာ…နင်ပိုချစ်မလားအထင်နဲ့

တမင် ရူးပြခဲ့တာပါ။

တခါတခါကျတော့လည်း ကိုယ့်အတွေးနဲ့ကိုယ် ရူးသွပ်စိမ်းလန်းမိသမျှ ချစ်ရတဲ့သူ သိပါစေလို့ ဆုတောင်းရတာကလည်း တိတ်တဆိတ်ကြွေဆင်းရမှုပါပဲဗျာ။ အားပေးသွားတယ်။ =)
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Apr 3, 2012
Comment #2

mike de,,,
hote de,,,
pyaw tar pyaw pyit like,,ma moe,
koh lout min a paw be thu hma ma kaung naing bu loh,

commentinfo By: ei lay at Apr 4, 2012
Comment #3

တကယ်တော့

ငါကအရူးမဟုတ်ပါဘူးဟာ…နင်ပိုချစ်မလားအထင်နဲ့

တမင် ရူးပြခဲ့တာပါ။

commentinfo By: Village chat kyi at Apr 4, 2012
Comment #4

အရမ်းကောင်းတဲ့စာသားနဲ့ခံစားမှုပါ.

commentinfo By: yinnintalwan at Apr 4, 2012
Comment #5

မမိုး…
စာသားတွေကတော့ ကဗျာဖတ်သူရဲ့ရင်ထဲကိုထိ..ထိနေတုန်းပါပဲဗျာ….
မျှဝေခံစားသွားပါတယ် အမ…

commentinfo By: poem.poem28 at Apr 4, 2012
Comment #6

ရိုးရိုး ရှင်းရှင်းနဲ့ ကောင်းတယ်၊ ဖတ်ရင်း နင့်သွားတာပဲ

commentinfo By: ကံ့ကော်မောင် at Apr 4, 2012
Comment #7

အားပေးသွားသော ကျွန်တော့် ကျွန်တော်ရဲ့ မောင်နှမများအားလုံး
အထူးလေးစားကျေးဇူးတင်ပါသည် ခင်ဗျာ…
မင်္ဂလာနှစ်သစ်ကူးပါဗျို့……

commentinfo By: အသဲကွဲမိုး at Apr 5, 2012
Comment #8

နင်
နင်းဖြတ်မယ့် ခြေလှမ်းတိုင်း
ခလုတ်မငြိ..ဆူးမထိစေဖို့ 
ငါ့အသည်းညှာ……ကတီပါ ဆောင်း သဖွယ် ခင်း…
နင်းစေခဲ့တာ…နင်လည်းအသိ…..
နင့်အနား…ငါမဟုတ်သော
အခြားတယောက်ရှိလာဖို့…ပေးဆပ်ခဲ့ခြင်းမျိုးလည်း
မဟုတ်…မဟုတ်ခဲ့ပါဘူးချစ်သူ

ခုတော့
နင်ရူးတဲ့ သူ့  အနမ်းများနဲ့  အတူတကွ
ချစ်ရည်လူး ပျော်ရွှင်မြူးဖို့
ငါ့အနာဂတ်ကို
နင်ကိုယ်တိုင်ပဲ ဆူး….စူးစေခဲ့တယ်။

commentinfo By: yusan at Apr 5, 2012
Comment #9

happy new year too,,ma moe.
how’s ur tingyan?

commentinfo By: ei lay at Apr 5, 2012
Comment #10

ခရီးသွားမှာပါဗျို့….မမအိလေးခင်ဗျာ…
အားပေးသွားတဲ့….yusan ကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Apr 5, 2012
Comment #11

တကယ်တော့
ငါကအရူးမဟုတ်ပါဘူးဟာ…နင်ပိုချစ်မလားအထင်နဲ့
တမင် ရူးပြခဲ့တာပါ။
ထားပါ…..နင့်နှလုံးသား ထိအောင်
ပစ်မလွှတ်နိုင်တဲ့ ငါ့မြှား အရှိန်အဟုန် ချို့တဲ့မှုကြောင့်

commentinfo By: poohmay at Apr 6, 2012
Comment #12

ထားပါ…..နင့်နှလုံးသား ထိအောင်

ပစ်မလွှတ်နိုင်တဲ့ ငါ့မြှား အရှိန်အဟုန် ချို့တဲ့မှုကြောင့်

ထားပါ…….နင်မြဲအောင်

စွဲမထားနိုင်တဲ့ ငါ့ပြုစားမှု အကျိုးအကြေများကြောင့်

ထားပါ……နင်စိတ်တွေ အခြား..ရောက်အောင်

ငါ့မြတ်နိုးယုံကြည်မှုတွေ တဖက်ကမ်းခတ်ခဲ့မိတာကြောင့်

……………………………………………

လို့  ပဲ ထား လိုက် ပြီးတော့

ငါ့ကို

မျက်ရည်မိုးတွေနဲ့ အတူ ကန့် ချန်ခဲ့ပါ။

commentinfo By: zawthetoo at Apr 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment