Professional Authors

နွေဦးအလွမ်း

ငွေနှင်းဖြူကိုယ်ရောင်ဖျောက်ပါလို့

နွေဦးရောက်လာပြီ ။

 

ထက်ကောင်းကင်ကြည်လင်ရှင်းပါဘိ

မြူမင်းလွင်အုပ်ကာဆိုင်းလို့

နွေလေရိုင်းသုတ်ဖြူးတော့

ကြွေဦးပေါ့ သစ်ရွက်ရော်ရီ ။

 

ရိုးထောင်ထောင်သစ်ကိုင်းထက်မှာဖြင့်

ပုရစ်ခက်ရွှေရည်လူးပါလို့

ဆန်းနွေထူးတေးသံရှင်တို့

တူယှဉ်ကာကူချွဲ ။

 

ဖော်မစုံ ဒီလူမှာဖြင့်

ဂစ်တာကိုအဖော်ပြု

ကြွေလုလုအသည်းနှင့်

တစ်ယောက်တည်းလွမ်းရပါဘိလေး ။     ။

 

In: ကဗျာ Posted By: Date: Mar 28, 2012
Comment #1

nice

commentinfo By: ei lay at Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment