Professional Authors

မှန် ကူ ကွက်

လျှောက်ဖို့  လမ်း ပျောက် သည့် လမ်းများ လမ်း သည်မရှိ / လမ်းကို ဆက်လက် ရှာဖွေ

အခွင့် အ ရေး များ ပျောက်ဆုံးနေ၊အကန်းများ ပမာ သူရူးများ ပမာ လက်လွတ် စပါယ် စော်ကား ခံ ရ

ပျောက်ဆုံး မှု များ ပြန်လည်ရှာဖွေ၊ ဘယ်သူ တရားခံမှန်း ယနေ့ ချိန်ထိ မသိသေး
ကိုယ်ထင်ရာ ပြောကျ မျက် မမြင်များ ဆင်စမ်းသလို လုံးလို့လုံး ပြားလို့ပြား ကိုယ်ထင်ရာ မွှေးကြရ ဘွ(ဘ၀)။

တစ်ယောက်က ပြောဆိုသွား ဒါစည်းကမ်းမရှိလို့ ၊ နောက်တစ်ယောက်က ပြောဆို- လက်တစ်ဆုပ်စာ လူတစ်စုကြောင့်
အကန်းနှင့်အရူးများက ကြီးစိုးသောအခါ တိန်ကောလာပါဧ။် ချောင်း များ မြစ် များ ပင်လယ် များ

လိင်ပိုင်းဆိုင်ရာကိစ္စများ ပွင့်လင်းသင့် မလင်းသင့် /ကဗျာများတွင် ထည့်သင့်
မထည့်သင့် မိန်းကလေးများနှင့် သင့်လျော်မသင့်လျော် စမ်း ကြ ဆွေးနွေး ပြော ဆို တိုင်ပင် နှီးနှော ရန်ဖြစ်

ခေတ်ပေါ်ကအားလုံးပဲ ခေတ်ပြိုင်ရှိ/မရှိ ခေတ်….ခေတ် တခစ်ခစ်

ဘာသာစကားက အရေးပါ / မပါ ခံစားမှုပါမှ ကဗျာ ကဗျာဆိုမှ ကဗျာလွတ်ပါ ကချင်ချင်

အရေးပေါ်သတ်မှတ်ချက်အရ နေရာများစွာရွှေ့ပြောင်းခံရကိန်းရှိ အဖျားခတ်ခံရနိုင်ခြေရှိသူများ
လက်လွတ်စပယ် နေထိုင်ပါ ရေသန့်ကုပ္မဏီများနှင့်ဆက်သွယ်ပါ အသင်းဝင်ပါ အတင်းဝင်ပါ

မဖြစ်ရင် ညစ်ကျယ်ကျယ်လုပ်ပါ မလုပ်ရင် အနုတ်စုတ် ဂုတ်စုတ်များ ၀င်ရောက်ကိုက်ခဲ ၀ါးမျိုချိမ့်

အိပ်မက်များ လှပဖို့ နောက်ဆုံးပေါ် (ကဖင်းဓါတ်များများပါသလားမပါသလားမသိ) သကြားလုံးစားပါ

ကာဗွန် ဒိုင်များ အောက်ဆိုဒ်ကားများဆွဲသွား နိုက်ထရိုဂျင်ရှုရှိုက်၍ ကင်ဆာများဖြစ် အကင်များပေါလာသောကြောင့်
အလင်းဝင် လာသူများ ရုတ်တရက်မို့ မျက်စိများကျိန်း ဝေလေလေ ဝေလေလေ အက်ကိုးးး

မမှောင်ခင် ပြန်လာခဲ့ပါ အမှောင်ကြောက်သူများ၊ အေးချမ်းသာယာမှုကိုလိုလားသည် အိမ်သာတွေဗုံးမခွဲကြေး

အမျိုးသမီးသီးသန့် ယဉ်လိုင်း များ ပြေးဆွဲ၊ အမျိုးသမီးသီးသန့် အလုပ်အကိုင်များ၊အမျိုးသမီးသီးသန့်…..

ဆန္ဒကို သိက္ခာဖြင့်ထိန်းပါ ခင်ဗျားကွမ်းတံထွေး ကြည့်ထွေး

သူ့ထက်သူ လူစွမ်းကောင်းချည်း မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည် (အကော်ဒီယံအုန်းကျော်သာ သီဆို)

လက်လှမ်းမှီသ၍ လက်လှမ်းပါ စုပါဆောင်းပါ ပိုလျှံပါက ချေးပါ ငှားပါ ကျွန်တော် လူ့အခွင့်အရေး ငတ်နေကြောင်း

ပညာရေးစရိတ်များ ကြီးမြင့် သလိုလို နည်းပါးသလိုလို ဖါးများသည် အစမ်းသပ်ခံသာဖြစ်သည် …

စကဒ်ဒုံးကျည်များ နည်းပညာများ တိုးတက်မြင့်မား လူဘွန်ဇိုင်းများ အပြန်အလှန် ရင်ဆိုင်
သေးကျုံနေသည်မှာ နာနိုနည်းပညာကို ဘုရားသခင်သော်လည်းကောင်း ၄င်း ဘယ်သူဘယ်ဝါ သုံးစွဲလက် တည့် စမ်းနေ

အမေရိကန်ရဲ့ရေနံစစ်များ တရုတ်ကျွန်းလုတိုက်ပွဲများ ဟိုဟာလု ဒီဟာလု အိမ်နီးချင်းကောင်းများက မြေလု လုလုလု
ခွက်စောင်းများ ခုတ်အံ ရေခဲထုတ်များ ပစ်အံ ခတ်အံ သင်္ကြန်ကာလတွင်းအပြင်မထွက်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ

မ နေတတ်သူများ မ စားတတ်သူများ မ ၀တ်တတ်သူများ မ လုပ်တတ်သူများ မကိုင်တတ်သူများ မတစ်လုံးကြေသူများ များပြား

မနက်များ ညများ မှုံမှိုင်းမှုများ မှိုင်းမိမှုများ ဒီနေ့နဲ့မနက်ဖြန် ကဆုန်စိုင်းနေသည့် မြင်းများ

မောင်ပုံဆောင်းမသင်တော့ပါ။

                                                          

မောင်မြတ်သူ

In: ကဗျာ Posted By: Date: Mar 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment