Professional Authors

တူ တူ ပု န်း တ မ်း က စား ကြ ရ အောင် . . . အန်ဂျလာ

နှင်းဆီဆူး နဲ့ ခူးတဲ့ အိပ်မက်မို့ 
ငါ့လက်တွေ စူးလဲ စူးစေတော့
ငါဟာ ဒဏ်ရာ နဲ့  ပျော်တတ်ခဲ့ပြီ

မောင်ပို နဲ့ မောင်ကျား
နေရာရွှေ့ လို့ ကောင်းတဲ့ အရာတွေမှ မဟုတ်ပဲကွယ်
ပို နေ မြဲ ကျား နေ မြဲ  သာ
အသင့်တော်ဆုံးမို့ 
နှလုံးသားကို ဖျက်      
ငါ ဇောက်ချ ရူးသွပ်လိုက်တာပါ 
ငါတို့ သက်ဝင်ယုံကြည်ထားတာတွေ အတွက်
အချစ်က အရာရာကို အကောင်းအတိုင်း ပြန်ဖြစ်စေမှာမှ မဟုတ်ပဲ ၊၊          ၊၊

ငါ မ တန် ဘူး ရူး တဲ့ ကောင်  လို့ သာ မှတ်
ဖြစ်ခဲ့တာတွေကို တွေး
ဖြစ်ချင်နေတာကို ဖျက်
ဖြစ်သင့်နေတာတွေ ကို  ကြိုးစား
င့ါ ရဲ့  အဖိုးအခ (တန်ဖိုး) ဆိုတာ
မျက်ရည်နဲ့ ယှက်တဲ့ ကဗျာ စာရွက်ထက် မပိုတာ သိပါကွယ်
လာပါကွယ် . . .
အကြည့်လေးတစ်ချက်လောက်နဲ့ 
ငါတို့ အဆုံးထိ ဝေးပစ်ရအောင်ပါ ၊၊         ၊၊

နင်ဟာ နောက်ဆုံးသစ်ရွက်လေးကြွေရင်
သေမယ် လို့ ယုံကြည်ထားတဲ့သူ
ငါဟာ နောက်ဆုံးသစ်ရွက်လေးကို ရေးဆွဲခဲ့တဲ့သူ
ဒါပါပဲ . . .
အရိုးစင်းဆုံးက အနက်နဲဆုံးကို ဖြစ်စေခဲ့
အဖြူစင်ဆုံးက အရောင်တွေကို နက်စေခဲ့
အို . . . ကြမ္မာ ရယ်
အမှောင်ခန်းထဲမှာ ငိုနေသူ သူ့ အတွက်
အမှန်တရားက ကုလားကာလေးတောင် လှပ်ပြမသွားဘူး ၊၊      ၊၊
ဆယ့်ရှစ်နှစ်သာသာ ချာတိတ်တစ်ယောက်ရဲ့ နှလုံးသားဟာ
နှစ်ပေါင်းများစွာ ဆေးစိမ်စီမံ ထားသလိုပါပဲ 
မပုပ်မသိုးပေမဲ့ . . . အရင်လို မလတ်ဆတ်တော့ဘူး
ကျိုး ပဲ့ ကြေ ပွ နေ တဲ့ ခံစားချက် အစုတ် နဲ့ 
ဟန် ရုပ် နဲ့ ကဗျာ လုပ် . . .(တကယ်တော့)
သူ ဟာ သိုး ယောင် ဆောင် တဲ့ ဝံ ပု လွေ ပါ ကွယ်
သိုး ယောင် ဆောင် တဲ့ ဝံ ပု လွေ ရယ် ပါ ၊၊    ၊၊

သူ့ ဟာသူ လည်ပတ်နေတာတွေ အတွက်တော့
ချစ်ခဲ့ရသူရယ် . . . အနည်တွေကို မခါထုတ်လိုက်ပါနဲ့ 
အနည်ထိုင်ချိန်ဆိုတာ . . .  နှလုံးသားနဲ့ စတေးထားရတဲ့
ဒုတိယမြောက် ငါ့ရှင်သန်ချိန် ဖြစ်နေလို့ ပါ
ကမ္ဘာကြီးထဲမှ ချစ်သူ ရယ် . . .
တစ်ချက်လောက်ဖြစ်ဖြစ် (နောက်ဆုံးအကြိမ်ဖြစ်ဖြစ်)
ပြုံးပြစမ်းပါ . . .
ဒိုင်ယာရီထဲမှာ ခေါက်သိမ်း
အနာဂါတ်ခရီး အတွက် ငါသတိရတိုင်း ထုတ်ကြည့်ချင်လို့ ပါ ၊၊            ၊၊

အမှောင်ဆုံးညတွေထဲက အနက်ရှိုင်းဆုံးကော်ဖီတွေဟာ
ကဗျာတွေကိုဖြစ်တည်စေခဲ့
တံခါးတောင်မခေါက်တတ်တဲ့ အလွမ်းတွေအကြောင်း
တစ်ခါက အင်းလျားကန်ဘောင်က ညနေခင်းတွေ အကြောင်း
တစ်ထောင့်ငါးရာ မပြည့်လိုက်တဲ့ လက်လုပ်ကြယ်ပွင့်လေးတွေအကြောင်း
ချောကလက်တောင် မပေးဖြစ်လိုက်တဲ့ တစ်ခါက valentine  day အကြောင်း
မျက်ရည်စို ငိုလိုက်တိုင်း မချော့ဖြစ်လိုက်တဲ့ ဘ၀တွေ အကြောင်း
. . . . . . . . . . . . .
 . . . . . . . . . . . . . . .
    . . . . . . . . . . . . . . . . . . အကြောင်း . . . . .
မျက်တွင်းဟောက်ပက်နဲ့ 
ငါ့ချစ်ခြင်း ဇောက်မနက်ခဲ့လေခြင်း
ရင် ခွင် ကို ခပ် လို့  ရေး လိုက် တဲ့ သီ ချင်း
ချစ် သူ ရယ် . . . ငါ မျက် ရည် တွေ ပဲ ရ တယ်  ၊၊        ၊၊

င့ါရင်တစ်ပွေ့ စာ ရတဲ့ နောင်တ တွေနဲ့ 
မျှော်လင့်ခြင်း လက်တစ်ဆုတ်စာကို ဆုတ်ကိုင်လို့ 
အဘယ်သော စိတ်နဲ့ အိပ်ရဲ ပါ့မလဲ . . .
နင်ဟာ ပျံလေတဲ့ ငှက်ခါးဆို
ငါ ဟာ လဲ . . .  ကျန် လေ သမျှ ပြတ်သားရဲပါတယ်
ပြတ် သား ရဲ ပါ တယ် ကွ ယ် ၊၊        ၊၊

တစ်ခါက ပန်းမဖူး တဲ့ 
ဧဒင် အကြောင်းလဲ ထပ်မရူးရဲတော့ဘူး
ဆေးမတိုးတော့တဲ့ ဝေဒနာ ကို
ဒဏ်ရာသံတွေ လှိုင်နေတဲ့
ပဲ့တင်သံများကြားကပဲ နာကျင်ပြရစေ
ဒီအတွက်တော့ ငါ ဆရာဝန် မရှိတဲ့ တိုင်းပြည်မှာနေမယ်
ငါ့ရဲ့ ရင်ခုန်သံ အမှတ်စဉ် (၂) အတွက်တော့
ချစ်သူရယ် . . . ငါ့ကို လာမကုပါနဲ့ တော့  
သေမှာကို ကြိုသိထားတဲ့ လူနာလိုပဲ
ဝေဒနာကို လျှာဖျားမှာ တင်ပြီး  စားသုံးပါရစေတော့ ၊၊          ၊၊

တေဇော တွေကြားမှာ ကူးနေတဲ့ အန္ဓ တွေ အကြောင်းလဲ
နင်သိသားပဲ  . . .
ငါလဲ ဒီထဲက အမှိုက်တစ်စပါပဲ
ကြမ္မာဆုံလည်မှာ လောင်ရင်းမြှိက်ရင်း လည်ရင်းပတ်ရင်း
ကျန်ရစ်နေရမဲ့ သူရူးတစ်ယောက်အတွက်
ဖဲကြိုးလေးနဲ့ လှပစွာစည်းနှောင်ထားမဲ့
နင့် နှလုံးသား ဟာ  မထိုက်တန်လှပါဘူး
နံရိုးကြားက ဆည်းဆာချိန်တွေ ကို ဆွဲထုတ်ပစ်
ငါ နဲ့ ပတ်သက်သမျှ အတိတ်တွေကို ချိုး ချေ ပစ်လိုက်စမ်းပါကွယ်
စာအုပ်လေးထဲက ဗလာစာရွက်လေးလိုပဲ
ကိုယ့်ကိုယ်ကိုယ် ပြန်ဖြူစင်ပစ်လိုက်စမ်းပါကွယ်    ၊၊            ၊၊

ဒိုင် ယာ တော နစ် စ ကေးလ် ကို ကျင်လည်စွာ တီးခတ်
ကမ္ဘာကြီးကို သီချင်းလုပ်ဆိုနိုင်တဲ့ နေ့ ကျရင်တော့
ငါ နင့်ကို မေ့မှာပါ
(ခုတော့ကွယ်)
ငါ က ရိုမီယို မဟုတ်သလို
နင် ကလဲ ဂျူးလိယက် ဖြစ်မလာပါဘူး
ဒီတော့ အချစ်အတွက် သူရဲကောင်း ဖြစ်ကြမဲ့ အစားတော့
အချစ်ကို တော်လှန်ကြပါစို့ 
အမုန်းတွေနဲ့ ဆောက်တဲ့ မြို့ မှာ
ငါ သူပုန် လုပ်ချင်လို့ ပါ ၊၊            ၊၊

ချစ်သူ . . .
နင် နဲ့ ငါ ရင်ခွင်ဗလာ တွေနဲ့ 
တူတူပုန်း တမ်းကစားကြတာပေါ့
တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မရှာကြေးလေ
ငါက သွေးနဲ့ ယှက်တဲ့ ပိုးဖဲ ကတ္တီပါ ၀တ်ရုံကိုခြုံလို့ 
သူစိမ်းတွေရှိတဲ့ အရပ်မှာ ကျင်လည်မယ်
နင်က ဗွီလိန် မရှိတဲ့ ဇာတ်မှာ
အဖြူရောင်ဂါဝန်လှလှလေးနဲ့ 
တစ်သက်စာ မင်းသမီးလုပ်ပေါ့
ဒို့ တွေ ဘာအတွက်မှ အားမနာကြေးပေါ့ ၊၊          ၊၊
(ချစ်သူရယ် . . . ငါဟာမှန်တစ်ချပ်ပါ . . . ငါ့ကိုကြည့်မိတိုင်း နင်ကိုယ့်ကိုယ်ကို ပြန်မြင်မိပါစေ)

လမင်းဇော်
၂း၃၅ မိနစ်
[email protected]

In: ကဗျာ Posted By: Date: Mar 27, 2012
Comment #1

အမှောင်ဆုံးညတွေထဲက အနက်ရှိုင်းဆုံးကော်ဖီတွေဟာ
ကဗျာတွေကိုဖြစ်တည်စေခဲ့
တံခါးတောင်မခေါက်တတ်တဲ့ အလွမ်းတွေအကြောင်း
တစ်ခါက အင်းလျားကန်ဘောင်က ညနေခင်းတွေ အကြောင်း
တစ်ထောင့်ငါးရာ မပြည့်လိုက်တဲ့ လက်လုပ်ကြယ်ပွင့်လေးတွေအကြောင်း
ချောကလက်တောင် မပေးဖြစ်လိုက်တဲ့ တစ်ခါက valentine day အကြောင်း
မျက်ရည်စို ငိုလိုက်တိုင်း မချော့ဖြစ်လိုက်တဲ့ ဘ၀တွေ အကြောင်း
. . . . . . . . . . . . .
. . . . . . . . . . . . . . .
. . . . . . . . . . . . . . . . . . အကြောင်း . . . . .
မျက်တွင်းဟောက်ပက်နဲ့ 
ငါ့ချစ်ခြင်း ဇောက်မနက်ခဲ့လေခြင်း
ရင် ခွင် ကို ခပ် လို့  ရေး လိုက် တဲ့ သီ ချင်း
ချစ် သူ ရယ် . . . ငါ မျက် ရည် တွေ ပဲ ရ တယ် ၊၊ ၊၊

တပုဒ်လုံးကို ကြိုက်ပါတယ် ညီလေး ။ ညီလေးလို့ ခေါ်လို့ စိတ်မဆိုးပါနဲ့ မင်း ကိုယ့်ထက် ငယ်တာ သေချာသိနေလို့ပါ။ ကဗျာထဲမှာပါတယ်လေ ၁၈ နှစ်သာသာဆိုတော့ 😀 ။ စိတ်မဆိုးဘူးဆိုရင်တော့ ပွင့်ပွင်းလင်းလင်း တခု ဝေဖန်ချင်တယ်။ ( စိတ်ဆိုးလည်း မတတ်နိုင်ဘူးပေါ့လေ ) ….. စကားလုံးတချို့က ရင်ထဲက လာတာ မဟုတ်မှန်း သိသာနေတယ်လို့ ထင်တယ်။ ကဗျာလေး သိပ်ကောင်းပါတယ်။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Mar 27, 2012
Comment #2

ကျေးဇူးတင်ပါတယ် အကိုချီရွန် ခင်ဗျာ ၊၊ ဟုတ်ပါတယ် ၊၊ ကျွန်တော်က အခုမှ ဆယ့်ရှစ်နှစ် နဲ့ နှစ်လ ပဲ ရှိပါသေးတယ် ၊၊ အကို့ ထက် အများကြီးငယ်မှာပါ ၊၊ အကို့ ဝေဖန်ချက်အတွက် စိတ်မဆိုးပါဘူး အကို ၊၊ ကျွန်တော် ကိုယ်တိုင်ကလဲ ကောင်းလိုက်တာ ဆိုတာထက် ဘယ်နေရမှာ လိုနေတယ် ဆိုတဲ့ ဝေဖန်ချက် မျိုးကို ပဲ ပိုပြီး နှစ်သက်ပါတယ် ၊၊ တချို့ စကားလုံးတွေက ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်လိမ်ညာပြီး ရေးခဲ့တာ အမှန်ပါ အကို ၊၊ ဘာပဲ ဖြစ်ဖြစ် တစ်သက်လုံး ကိုယ့်ကိုယ်ကိုယ် လိမ်နေမိမယ်လို့ ထင်တာပါပဲ ၊၊

ကျေးဇူးတင်ပါတယ်ဗျာ ၊၊ (လမင်းဇော်)

commentinfo By: လမင်းဇော် at Mar 27, 2012
Comment #3

သူ့ ဟာသူ လည်ပတ်နေတာတွေ အတွက်တော့
ချစ်ခဲ့ရသူရယ် . . . အနည်တွေကို မခါထုတ်လိုက်ပါနဲ့ 
အနည်ထိုင်ချိန်ဆိုတာ . . . နှလုံးသားနဲ့ စတေးထားရတဲ့
ဒုတိယမြောက် ငါ့ရှင်သန်ချိန် ဖြစ်နေလို့ ပါ
ကမ္ဘာကြီးထဲမှ ချစ်သူ ရယ် . . .
တစ်ချက်လောက်ဖြစ်ဖြစ် (နောက်ဆုံးအကြိမ်ဖြစ်ဖြစ်)
ပြုံးပြစမ်းပါ . . .
ဒိုင်ယာရီထဲမှာ ခေါက်သိမ်း
အနာဂါတ်ခရီး အတွက် ငါသတိရတိုင်း ထုတ်ကြည့်ချင်လို့ ပါ ၊၊ ၊၊

အမှောင်ဆုံးညတွေထဲက အနက်ရှိုင်းဆုံးကော်ဖီတွေဟာ
ကဗျာတွေကိုဖြစ်တည်စေခဲ့
တံခါးတောင်မခေါက်တတ်တဲ့ အလွမ်းတွေအကြောင်း
တစ်ခါက အင်းလျားကန်ဘောင်က ညနေခင်းတွေ အကြောင်း
တစ်ထောင့်ငါးရာ မပြည့်လိုက်တဲ့ လက်လုပ်ကြယ်ပွင့်လေးတွေအကြောင်း
ချောကလက်တောင် မပေးဖြစ်လိုက်တဲ့ တစ်ခါက valentine day အကြောင်း
မျက်ရည်စို ငိုလိုက်တိုင်း မချော့ဖြစ်လိုက်တဲ့ ဘ၀တွေ အကြောင်း
. . . . . . . . . . . . .

commentinfo By: khaing at Mar 27, 2012
Comment #4

၁၈ နှစ် အရွယ် နှလုံးသားက …. အန်ထုတ်တာ အသက်ထက်ရင့်ကျက်တဲ့ ကဗျာလေးထွက်တာ (တခြားသူတွေကို မဆိုလိုပါ … ဒီညီလေး ကဗျားလေးကိုပဲပြောတာပါ) ချီးကျူးပါတယ် …

commentinfo By: ယောနသံ at Mar 27, 2012
Comment #5

phat shu arr pay twar par d

commentinfo By: ei lay at Mar 27, 2012
Comment #6

ကဗျာကောင်းလေးပါ၊ ကြိုက်ပါတယ်။

commentinfo By: kantkawmg at Mar 27, 2012
Comment #7

ဖတ်ရှုအားပေးသွားပါသော . . . ခိုင် ၊ ကိုယောနသံ ၊ အိလေး နှင့် ကံ့ကော်မောင် တို့ ကို အထူး အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ ၊၊

commentinfo By: လမင်းဇော် at Mar 28, 2012
Comment #8

ချစ်သူ . . .
နင် နဲ့ ငါ ရင်ခွင်ဗလာ တွေနဲ့ 
တူတူပုန်း တမ်းကစားကြတာပေါ့
တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ မရှာကြေးလေ

commentinfo By: poohmay at Mar 29, 2012
Comment #9

Mite tal…….VG……Thar gy!

commentinfo By: Jack at Mar 31, 2012
Comment #10

င့ါရင်တစ်ပွေ့ စာ ရတဲ့ နောင်တ တွေနဲ့ 
မျှော်လင့်ခြင်း လက်တစ်ဆုတ်စာကို ဆုတ်ကိုင်လို့ 
အဘယ်သော စိတ်နဲ့ အိပ်ရဲ ပါ့မလဲ . . .
နင်ဟာ ပျံလေတဲ့ ငှက်ခါးဆို
ငါ ဟာ လဲ . . . ကျန် လေ သမျှ ပြတ်သားရဲပါတယ်
ပြတ် သား ရဲ ပါ တယ် ကွ ယ် ၊၊ ၊၊

commentinfo By: အသဲကွဲမိုး at Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment