Professional Authors

သံယောဇဉ်ကြိုး

ကောင်မလေးရယ် …
ရာသီပေါင်းများစွာ
အဖော်မဲ့ကာ အထီးကျန်ရင်း
ကြင်နာသူရဲ့ ပြန်လာချိန်စောင့်ဆိုင်း
အုံ့မှိုင်းတဲ့ မိုးသားတွေအောက်
တမြေ့မြေ့ လွမ်းမောနေရသူပါ …

တိမ်အိုတွေကြား မင်းရနံ့တွေ
ညင်သာစွာ ရှူရှိုက်မိချိန်က
ခုန်နေတဲ့ နှလုံးသားတစ်ခြမ်း
တဖြေးဖြေး ပဲ့ကြွေလိမ့်မယ်ဆိုတာ
ကြိုမသိခဲ့တဲ့ အသည်းကွဲ ဇာတ်လမ်းအစပေါ့ …

လေပြေလာလို့ ရောင်ခြည်သန်းချိန်တော့
ဖြူစင်သန့်ရှင်းတဲ့ အချစ်တွေနဲ့အတူ
ခိုင်မြဲခြင်း သံယောဇဉ်ကြိုးတွေ
ကျေးဇူးပြု၍ ချဉ်နှောင်ခွင့်ပြုပါ ….. ။

Zero  <<<<  zeroboyz123@gmail  >>>>

In: ကဗျာ Posted By: Date: Mar 15, 2012
Comment #1

a yan chit phoe kaung dar pe

commentinfo By: ei lay at Mar 16, 2012
Comment #2

အ၇မ်းကောင်းတယ်

commentinfo By: cynthia at Mar 16, 2012
Comment #3

အဖွဲ့လေးက လှတယ်ဗျာ

commentinfo By: kantkawmg at Mar 16, 2012
Comment #4

တိမ်အိုတွေကြား မင်းရနံ့တွေ
ညင်သာစွာ ရှူရှိုက်မိချိန်က
ခုန်နေတဲ့ နှလုံးသားတစ်ခြမ်း
တဖြေးဖြေး ပဲ့ကြွေလိမ့်မယ်ဆိုတာ
ကြိုမသိခဲ့တဲ့ အသည်းကွဲ ဇာတ်လမ်းအစပေါ့ …
ဒီကဗျာလေး kantkawmg ပြောသလို
အဖွဲ့လေးက လှလည်း လှ
အရမ်းလည်း ကြိုက်တယ်။

commentinfo By: gadounlay at Mar 17, 2012
Comment #5

*__*
*__*
*__*

commentinfo By: ei lay at Dec 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment