Professional Authors

ဆောင်းပုံရိပ်ထဲက မောင့် အကြောင်း

ဆောင်းပုံရိပ်ထဲက မောင့် အကြောင်း

ဒီဆောင်းလေရဲ့ တစ်မနက်ခင်းတိုင်း
တုန်ရင်နေတဲ့ ရင်ခုန်သံတစ်ချို့
ခပ်နွေးနွေး နေခြည်လင်းကို
အထပ်ထပ်ထွေး လွေးခွင့်ရဖို့သာ
တစ်မိနစ်ချင်းအားတင်း
မင်းမဟုတ်တဲ့ တစ်ခြားသူကို ငါမျှော်နေမိပေါ့၊

ဟော!…..ရွှေအဆင်းလား
ကိုသူရိန် တောက်ပလင်းတော့
မင်းရဲ့ကိုယ်ငွေ့ပမာ ငါ့ခန္ဓာပေါ်ဖြာဆင်းမယ်
ငါ….မျက်လုံးလေးအသာမှိတ်လို့
စိတ်ကူးလိုက်ရုံနဲ့ နှလုံးသားထဲအထိနွေးထွေးသွား
ဒါပေမယ့်!……ချစ်သူရေ၊ငါ့မှာ……
တစ်လှမ်းချင်းကို အားအင်းမဲ့ပေါ့၊

တုန်ရီမောဟိုက်သံတွေကြား
ရင်ခုန်သံနေခြည်တွေ ပျောက်ရှတော့မယ်
အသစ်တစ်ခုအတွက် အဟောင်း
မွေးဖွားခြင်းအတွက် သေဆုံးမှု့တစ်ခု
ငါလွန်ဆန်နေတဲ့ မလွန်ဆန်နိုင်တဲ့တရား
ဒီနှစ်ဆောင်းကျမှ ကြောက်ဖို့ကောင်းလောက်အောင်
မင်းပေးလိုက်တဲ့လက်ဆောင် ၊
ငါအငမ်းမရ ရှာဖွေမိတယ်
ခပ်နွေးနွေးကော်ဖီတစ်ခွက်များပါခဲ့သလားလို့၊ ။။ ။။။

nate thit……8am to 9.19 am
7 Mar2012

In: ကဗျာ Posted By: Date: Mar 15, 2012
Comment #1

arr pay phat shu twar par d.

commentinfo By: ei lay at Mar 15, 2012
Comment #2

ငါလွန်ဆန်နေတဲ့ မလွန်ဆန်နိုင်တဲ့တရား
ဒီနှစ်ဆောင်းကျမှ ကြောက်ဖို့ကောင်းလောက်အောင်
မင်းပေးလိုက်တဲ့လက်ဆောင် ၊
ငါအငမ်းမရ ရှာဖွေမိတယ်
ခပ်နွေးနွေးကော်ဖီတစ်ခွက်များပါခဲ့သလားလို့၊ ။။ ။။။

commentinfo By: Zero Boyz at Mar 15, 2012
Comment #3

ငါအငမ်းမရ ရှာဖွေမိတယ်
ခပ်နွေးနွေးကော်ဖီတစ်ခွက်များပါခဲ့သလားလို့၊ ။။ ။။။ ( Yes. I am bringing along the warm coffee.) 😀

commentinfo By: May Kha at Mar 15, 2012
Comment #4

ကိုသူရိန် တောက်ပလင်းတော့
မင်းရဲ့ကိုယ်ငွေ့ပမာ ငါ့ခန္ဓာပေါ်ဖြာဆင်းမယ်
ငါ….မျက်လုံးလေးအသာမှိတ်လို့
စိတ်ကူးလိုက်ရုံနဲ့ နှလုံးသားထဲအထိနွေးထွေးသွား

commentinfo By: kantkawmg at Mar 15, 2012
Comment #5

ဟုတ်ကဲ့ကျေးဇူးပါ……အားပေးဖက်ရှု့ပေးတဲ့အတွက်ပေါ့(သူငယ်ချင်းတွေအားလုံးကို)
မမေခရေ ……ကျေးကျေးပါ…ကော်ဖီတိုက်တဲ့အတွက်။။။။။

commentinfo By: nate thit at Mar 18, 2012
Comment #6

နွေနံ့သင်းတဲ့ဆောင်း 🙂

commentinfo By: ရွှေငါး at Mar 19, 2012
Comment #7

မရွှေငါး ရေ နွေနံတွေ လုံးဝလုံးဝကို မသင်းရပါဘူးဗျာ….

တုန်ရီမောဟိုက်သံတွေကြား
ရင်ခုန်သံနေခြည်တွေ ပျောက်ရှတော့မယ်
အသစ်တစ်ခုအတွက် အဟောင်း
မွေးဖွားခြင်းအတွက် သေဆုံးမှု့တစ်ခု
ငါလွန်ဆန်နေတဲ့ မလွန်ဆန်နိုင်တဲ့တရား
ဒီနှစ်ဆောင်းကျမှ ကြောက်ဖို့ကောင်းလောက်အောင်

commentinfo By: nate thit at Mar 23, 2012
Comment #8

ကိုနေ့သစ်ရေ…..ခင်ဗျား ရဲ့ နေခြည် လေးနဲ့ အမြန်ဆုံး ဆုံခွင့်ရပါစေဗျာ

commentinfo By: nate thit at Mar 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment