Professional Authors

အနမ်းကြွေး

မာယာများတဲ့ ဒီလောက က

ငါနဲ့ ငါ့တောင်းတခြင်းတွေကို

မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်သာ

တည်ရှိစေခဲ့တယ်..

ဆုံနိုင်ခွင့်ဆိုတာ မျိုးတုံးသွားခဲ့ပြီ။

 

သူ့အနားမှာခစားချင်တာက

ငါ့နှလုံးသားအနေအထိုင်

မတတ်ခဲ့တာပါ

အလွမ်းရယ်၊ အဆွေးရယ်

တမ်းတတာရယ်.. တွယ်တာခြင်းရယ်

အကုန်လုံးငါသော့ခတ်သိမ်းထားခဲ့တယ်

ပေါက်ကွဲမှုဒဏ်ကို ငါကြောက်လို့ပါ။

 

သူ့အတွက်အဓိပ္ပါယ်မရှိတဲ့

ငါ့မျှော်လင့်ချက်တွေကို

ငါသတ်ခဲ့တယ်..

ငါ့အပြုံးတွေငိုနေတာကိုလည်း

သူမမြင်ပါဘူး။

 

သူ့နှုတ်ခမ်းဖျားက

အနမ်းတစ်ချို့ကိုတော့

အတိုးနဲ့ငါချေးခဲ့တယ်

နောင်ဘ၀ဆက်တိုင်းဆက်တိုင်း..

ပြန်ဆပ်ပါရစေဆိုတဲ့

ကတိနဲ့အတူ..။

 

07.March.2012

© Kitty Yang

In: ကဗျာ Posted By: Date: Mar 14, 2012
Comment #1

wow,,,,,,,,,excellent creation?

commentinfo By: ei lay at Mar 14, 2012
Comment #2

သူ့အနားမှာခစားချင်တာက

ငါ့နှလုံးသားအနေအထိုင်

မတတ်ခဲ့တာပါ

အလွမ်းရယ်၊ အဆွေးရယ်

တမ်းတတာရယ်.. တွယ်တာခြင်းရယ်

အကုန်လုံးငါသော့ခတ်သိမ်းထားခဲ့တယ်

ပေါက်ကွဲမှုဒဏ်ကို ငါကြောက်လို့ပါ။

good တယ်ဗျာ။

commentinfo By: greenlady at Mar 14, 2012
Comment #3

သူ့နှုတ်ခမ်းဖျားက

အနမ်းတစ်ချို့ကိုတော့

အတိုးနဲ့ငါချေးခဲ့တယ်

နောင်ဘ၀ဆက်တိုင်းဆက်တိုင်း..

ပြန်ဆပ်ပါရစေဆိုတဲ့

ကတိနဲ့အတူ..။
……………….
နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Mar 14, 2012
Comment #4

အမယ် kitty မ ကဗျာ တယ်ကောင်းပါလား။ အားပေးသွားတယ် ညီမလေး။

commentinfo By: ChIr0N at Mar 14, 2012
Comment #5

သူ့နှုတ်ခမ်းဖျားက

အနမ်းတစ်ချို့ကိုတော့

အတိုးနဲ့ငါချေးခဲ့တယ်

နောင်ဘ၀ဆက်တိုင်းဆက်တိုင်း..

ပြန်ဆပ်ပါရစေဆိုတဲ့

ကတိနဲ့အတူ.

commentinfo By: kantkawmg at Mar 15, 2012
Comment #6

သူ့အနားမှာခစားချင်တာက

ငါ့နှလုံးသားအနေအထိုင်

မတတ်ခဲ့တာပါ

အလွမ်းရယ်၊ အဆွေးရယ်

တမ်းတတာရယ်.. တွယ်တာခြင်းရယ်

အကုန်လုံးငါသော့ခတ်သိမ်းထားခဲ့တယ်

ပေါက်ကွဲမှုဒဏ်ကို ငါကြောက်လို့ပါ။

သူ့အတွက်အဓိပ္ပါယ်မရှိတဲ့

ငါ့မျှော်လင့်ချက်တွေကို

ငါသတ်ခဲ့တယ်..

commentinfo By: May Kha at Mar 15, 2012
Comment #7

သူ့အတွက်အဓိပ္ပါယ်မရှိတဲ့
ငါ့မျှော်လင့်ချက်တွေကို
ငါသတ်ခဲ့တယ်..
ငါ့အပြုံးတွေငိုနေတာကိုလည်း
သူမမြင်ပါဘူး။

မိုက်တယ်ဗျာ အစ်မ အားပေးသွားပါတယ် ………..

commentinfo By: arkarsoe at Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment