Professional Authors

ဝေးမသွားပါနဲ့လား..သက်ထား

မဆုံနိုင်ပေမဲ့လည်း ရင်မှာစွဲကာ
ချစ်နေမိတာတော့ နားလည်ပေးပါ

ကာရံတွေလည်း ကာရံထပ်
သံစဉ်တွေလည်း မရိုးနိုင်အောင်
ထပ်ခါဆိုနေပေမဲ့လည်း
မရိုးနိုင်တဲ့ အချစ်စစ်တစ်ခု
ငါတစ်သက် မေ့လို့မရတာခက်တယ်….

သူသိပါစေလို့ တောင်းဆုရင်း
အချစ်တစ်ခုကို ဆုပ်ကိုင်
အမုန်းတစ်ခုကို လွစ်ပစ်
မခွဲနိုင်လောက်အောင် ချစ်ခဲ့မိတယ်…

ဝေးမသွားပါနဲ့
တစ်မိနစ်တောင် မဝေးနိုင်
ငါနမ်းရှိုက်ခွင့်တွေကို
ဓားမြတိုက်သွားတဲ့ လေပြည်တွေ
ငါအရမ်းမုန်းတယ်ကွာ…

အပြုံးတစ်ချက်ကြောင့်
အိပ်ပျက်ခဲ့ရတာကိုလည်း
မင်းသိသင့်ပါတယ်..သက်ထားရယ်…
အဲဒါဘာဖြစ်လို့လဲသိလား
မင်းကို ချစ်လို့…
 
ထွက်မသွားနဲ့လို့
ထယောင်ကာ အော်ခဲ့တာ
ငါအိပ်မက်ထဲ တစ်စေ့စေ့တွေးရင်း
ချစ်စိတ်ပိုမိတာ ချစ်လွန်းလို့ပါကွာ…
                                    စိုး…

In: ကဗျာ Posted By: Date: Mar 11, 2012
Comment #1

ထွက်မသွားနဲ့လို့
ထယောင်ကာ အော်ခဲ့တာ
ငါအိပ်မက်ထဲ တစ်စေ့စေ့တွေးရင်း
ချစ်စိတ်ပိုမိတာ ချစ်လွန်းလို့ပါကွာ…
စိုး

commentinfo By: nga pall at Mar 12, 2012
Comment #2

မဆုံနိုင်ပေမဲ့လည်း ရင်မှာစွဲကာ
ချစ်နေမိတာတော့ နားလည်ပေးပါ
..
အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 12, 2012
Comment #3

မဆုံနိုင်ပေမဲ့လည်း ရင်မှာစွဲကာ
ချစ်နေမိတာတော့ နားလည်ပေးပါ

commentinfo By: kantkawmg at Mar 12, 2012
Comment #4

hote,,
nar le swar arr pay twar par d,

commentinfo By: ei lay at Mar 14, 2012
Comment #5

Thanks to Nga pall, အသဲကွဲမိုး, ko kantkawmg and ma ei..

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment