Professional Authors

ပုံပြင်

ငါက ကျေးလက်ရှုခင်းပုလွေသံ
မင်းက မြို့ကြီးပြကြီးနဲ့ကစားဖော်

အရာရာဟာ မှားယွင်းတဲ့ကကြိုးတစ်ခုပေါ်မှာ ခြေစုံရပ်လို့
ညတွေကို မျက်ရည်နဲ့လျှော်ဖွပ်လည်း
ငါ့နေ့ရက်တွေ ဘယ်လိုမှ ပြန်မသစ်တော့ဘူး

မင်းစေတနာရှိသလောက် ချစ်ခဲ့တာကိုပဲ
ကျေးဇူးတင်လိုက်ပါရဲ့ကွယ်
ငါ့ဘ၀က မင်းခြေထောက်နဲ့မတော်မှန်း
မင်းသိခဲ့တယ်မဟုတ်လား

ဘာမှမရှိတဲ့ယောက်ျားတစ်ယောက်ဆီ
ဘာမှမရှိတော့တဲ့မိန်းမတစ်ယောက်
ရောက်လာခဲ့ဖူးတယ်

                                  ကိုသျှား

In: ကဗျာ Posted By: Date: Mar 11, 2012
Comment #1

ပုံပြောတယ်ကောင်းပါလားဗျ
မင်းစေတနာရှိသလောက် ချစ်ခဲ့တာကိုဘဲ
ကျေးဇူးတင်လိုက်ပါရဲ့ကွယ်တဲ့ အလုံးတွေက ရေလည်သစ်လွန်း ခန့်လွန်းတယ် ။

commentinfo By: X - ray at Mar 11, 2012
Comment #2

ကေါင်းတယ်ဗျာတစ်ခါမှမတွေ့ဘူးဖူး…….
အားပေးသွားပါတယ်……….

commentinfo By: ကဗျာချစ်သူ at Mar 11, 2012
Comment #3

မင်းစေတနာရှိသလောက် ချစ်ခဲ့တာကိုပဲ
ကျေးဇူးတင်လိုက်ပါရဲ့ကွယ်
ငါ့ဘ၀က မင်းခြေထောက်နဲ့မတော်မှန်း
မင်းသိခဲ့တယ်မဟုတ်လား
..
တထပ်တည်း ဖြစ်နေတယ်ဗျာ…

commentinfo By: အသဲကွဲမိုး at Mar 12, 2012
Comment #4

ပုံပြင်က ပုံပြင်ထဲမှာပဲ အဆုံးသတ်တယ်

commentinfo By: နတ်သမီး at Mar 12, 2012
Comment #5

ဘာမှမရှိတဲ့ယောက်ျားတစ်ယောက်ဆီ
ဘာမှမရှိတော့တဲ့မိန်းမတစ်ယောက်
ရောက်လာခဲ့ဖူးတယ်

commentinfo By: Terry at Mar 12, 2012
Comment #6

မင်းစေတနာရှိသလောက် ချစ်ခဲ့တာကိုပဲ
ကျေးဇူးတင်လိုက်ပါရဲ့ကွယ်

commentinfo By: kantkawmg at Mar 12, 2012
Comment #7

yae yae le le mike de pone pyin pe

commentinfo By: ei lay at Mar 13, 2012
Comment #8

Nice Story.

commentinfo By: May Kha at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment