Professional Authors

ပြန်လာခဲ့ပါ

မင်းမရှိတဲ့ ငါရင်
အမြစ်မရှိတဲ့သစ်ပင်လို
ခြောက်သွေ့နေတယ်ဆိုတာ မင်းသိပါတယ်…

လွမ်းလွန်းလှတော့ သိပ်ခက်
ဖက်ထားချင်မိတယ် ဒို့တစ်သက်
ရချင်နေပြီ အနမ်းတချို့တစ်ဝက်နဲ့
လျောက်ခဲ့ရတဲ့ လမ်းမကြီးကို
ပြန်မြင်ယောင်နေမိတယ်…

အတူတူရှိခဲ့တဲ့ နေ့တွေ
မပြောင်းလဲဘူးလို့ ထင်ထားတဲ့ ကတိတွေကို
အခုတော့တွေးရင်း ဝေးနေသူပါ.. သက်ထားရယ်…

တစ်နေ့တစ်ခါလောက်
ငါကို သတိရရင်
ငါဆီပြန်လာပါ..
မင်းမရှိတဲ့ ငါ့စာမျက်နှာ
အဓိပါယ်မဲ့စွာ ဖြတ်သန်းနေရတယ်…

မမေ့မရတဲ့  မင်းမျက်နှာ
တောင်းဆုတွေလည်း ထပ်ခါ
ချစ်နေမိတာ တစ်သက်စာ

ရေးချင်ပေမဲ့လည်း မရေးချင်မိသောကဗျာတစ်ပုဒ်
ထုဆစ်ကာ ကာရံတပ်
မနှုးမနပ် ထမင်းတစ်ပွဲနဲ့
လက်စုံစားဖို့ မဖြစ်နိုင်မှန်း
သိပါလျက်နဲ့ လိုချင်နေတုန်းပဲ
တစ်ခုတော့ပြောချင်တယ်..
ပြန်လာခဲ့ပါ…ရင်ခွင်ဟောင်းကို
                                           စိုး……..

In: ကဗျာ Posted By: Date: Mar 10, 2012
Comment #1

မမေ့မရတဲ့ မင်းမျက်နှာ
တောင်းဆုတွေလည်း ထပ်ခါ
ချစ်နေမိတာ တစ်သက်စာ
.
.
.
တစ်ခုတော့ပြောချင်တယ်..
ပြန်လာခဲ့ပါ…ရင်ခွင်ဟောင်းကို

commentinfo By: kantkawmg at Mar 12, 2012
Comment #2

arr pay khan sar twar par d

commentinfo By: ei lay at Mar 14, 2012
Comment #3

Thanks to ko kantkawmg and ma ei…………….

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment