Professional Authors

လမ်းဆိုတာ …. လှမ်းတဲ့လူတွေအတွက်သာ ……

လမ်းဆိုတာ …. လှမ်းတဲ့လူတွေအတွက်သာ ……

” ငါသွားတော့မယ် “
ကောင်းကင်တစ်ခုလုံးပြိုကျသံ
ကမ္ဘာမပျက်ခဲ့ဘူး ..
တစ်ဖက်သက်နဲ့ လမ်းခွဲခြင်း ….

မပြုံးဘူး …. မမဲ့ဘူး …..
ဒီအသံက နှုတ်ဆက်ခြင်းမမည် ..
ပြောခဲ့ရသူသာ တစ်ခန်းရပ်သေဆုံးခြင်းနဲ့ …

နောက်လှည့်မကြည့်ဘူး ..
မြစ်မည်ပြီး ရေမစီးခဲ့ရတာ
နောက်ကျခြင်းရဲ့ ရလဒ်တစ်ခု ..
အခုလည်း ပင်လယ်သေတစ်ခု ..
ငြိမ်သက်နေတယ် .. နှလုံးသားမဲ့ ….

“မှန်” တစ်ချက်လိုကံတရား ..
အမြဲပြုံးခဲ့ပေမယ့်
ဆန့်ကျင်စွာပြုံးနေတယ် ..
အဲ့ဒါ .. နှလုံးသား ပျောက်တဲ့ “မှန်”

စိတ်ကိုပဲ ကိုးကွယ်မယ်
ငါ … မရှိခဲ့
နင်နဲ့နီးရာမှာ
အရိပ်တစ်ခုရဲ့ အရိပ်လို ….

ဖြေစကားတစ်ခွန်းမရှိခဲ့ ..
နှုတ်ဆက်ခြင်းက
ကမ်းတစ်ဘက် ရဲ့ တစ်ဘက်လို
တစ်ဘက်သက် .. လမ်းခွဲခြင်းနဲ့လေ …………

In: ကဗျာ Posted By: Date: Mar 8, 2012
Comment #1

wow,,
so strong?

commentinfo By: ei lay at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment