မှင်နီကြက်ခြေခတ်တွေရပ်မဲ့နေ့ (ဒီတူးဆစ်တောင်ငူ)
မှင်နီကြက်ခြေခတ်တွေရပ်မဲ့နေ့ (ဒီတူးဆစ်တောင်ငူ)
လွမ်းရက်တွေကို မှတ်တမ်းပြုဖို့
မှင်နီတွေနဲ့ကြက်ခြေခတ်ခဲ့တယ်
ပြက္ခဒိန်တစ်ခုလုံးရွှဲရွှဲစိုလို့ပေါ့..
ချစ်သူရေ…
တောင်တန်းတွေဆီးကာ
ပင်လယ်တွေခြားလည်း
လွမ်းဆွတ်ခြင်းကို အဖေါ်ပြုလို့
မင်းဆီအရောက် ငါပျံသန်းခဲ့မယ်..။
ယုံကြည်စွာနဲ့ မျှော်နေလိုက်ချစ်သူ
တစ်ချိန်ချိန်ပေါ့….
မတည်မြဲခြင်းတွေနဲ့ တည်ဆောက်ထားတဲ့
ဟောဒီ..ကမ္ဘာကြီးထဲက
တစ်ခုတည်းသော
မပျက်စီးနိုင်တဲ့ ငါ့အချစ်နဲ့
မင်းအတွက်..
ရင်ခုန်သံတေးတစ်ပုဒ်ကိုညဉ်းဆိုလို
ကူးခတ် လာခဲ့မယ်
ဘယ်အရာတွေက
တို့နှစ်ဦးကို တားဆီးထားနိုင်မှာလဲ…
(ဒီတူးဆစ်တောင်ငူ)
Comment #4
pyaw pya bu..
a tay ya ya a shin ya ya u hmar.
he,,he,,
By: ei lay at Mar 9, 2012
Comment #5
တောင်ပံပါရင် ~~ မင်းဆီကို ~~
အဲ့သီချင်းလေးတောင်သွားသတိရမိတယ်ဗျာ ဒီကဗျာဖတ်ရတာ
ကဗျာကောင်းတစ်ပုဒ်
အားပေးသွားကြောင်းပါ ။
By: X - ray at Mar 10, 2012
Comment #7
ဆရာ့ဆရာတွေမျက်စေ့လည်လမ်းမှားပြီးရောက်လာခဲ့တဲ့အတွက် ၀မ်းသာပါတယ်ဗျာ…………….
By: ဒီတူးဆစ် တောင်ငူ at Mar 13, 2012
Comment #8
nothing can prevent
noone can destory.
By: ei lay at Aug 1, 2012
Comment #9
😛
😛
😛
By: ei lay at Aug 23, 2012
Comment #11
hote
🙂
By: ei lay at Mar 13, 2013
Comment #12
that really nice .it’s nearlly look like 2 me.
By: shwe sin at Mar 13, 2013
Comment #13
ကျေးကျေး
By: d26 at May 23, 2013




Comment #1
right,,,
right,,
be thu tar tar nout ma soak bu,
be lout khet khet ya aung u hmar.