Professional Authors

လ တပေါင်း (ဦးကြင်ဥ)

တပေါင်းလပြည့်နေ့(၀၇ – ၀၃ – ၂၀၁၂) အတွက် ဒီကဗျာလေး မျှဝေလိုက်ပါရစေ။

 

ရှစ်ခွင်တိုင်း၊ မှုန်မှိုင်းတဲ့ပတ်လည်။

 

သဇင်ကြွင်းငယ်နဲ့
အင်ကြင်း သန္တာညွန့်ငယ်တို့
ဖူးကွန့်ကိုက်စည်။

 

ဘမရာ ရွှေပိတုန်းငယ်တို့
ခြွေသုံးကြဝတ်ရည်
ညွတ်ကြည်ဖွယ့်ဖော်ကွဲ။

 

ယင်းသည့်နေဆိုင်
ရသေ့သူတော်တိုင်မှ
ဉာဏ်မခိုင် ဈာန်ယိုင်လျှောရတယ်
ရာသီတွင် စာညီပြောပေပ
ကျော၍သာမြဲ။ ။

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

nge nge tone ka tin ke ya de poem lay,,
kyike de

commentinfo By: ei lay at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment