Professional Authors

မှောင်ထက်မိုက်တဲ့ည

 

တိတ်ဆိတ်မှောင်မိုက်နေတဲ့ ဒီညထဲ

အလင်းတစ်စလဲ မကျဲပါနဲ့

လက်တစ်ဖက်လဲ မကမ်းပါနဲ့.

ငြိမ်သက်စွာဘဲ ငါနေထိုင်ပါရစေ..။

 

ငါလဲ လူပဲကွယ်

အေးစက်တဲ့အမှောင်တွေကို ကြောက်တာပေါ့..

အားလုံးနဲ့အဝေးဆုံးဖြစ်ဖို့

(ခံစားနေရတဲ့ ဒဏ်ရာတွေကို မေ့ဖို့)

အကြောက်တရားကို ငါရင်ဆိုင်ရလိမ့်မယ်.။

 

အရာအားလုံး ဆုံးရှုံးခြင်းထက်

မိမိကိုယ်ကို ဆုံးရှုံးခြင်းက သာလွန်တယ်.

(ခုမှတော့ ငါ့ကို ဆယ်ယူဖို့ မကြိုးစားပါနဲ့)

 

မယုံကြည်နိုင်တဲ့ အပြောင်းအလဲတွေကို

မျက်စိမှိတ်ပြီး လက်ခံလိုက်ရတယ်.

 

ငါလဲ ဘယ်ဖြစ်ချင်ပါ့မလဲကွယ်.

ဲ့ ငါ့ဆီက

ထုံထိုင်းထိုင်း အေးစက်စက် ရယ်သံတွေကို

ငါမလိုချင်ခဲ့တာ အမှန်ပါ..။

 

ငါ့ကိုယ်ငါ တွေ့ရှိခဲ့တဲ့နောက်

မကြာသေးမီက အချိန်ကာလလေးဆီ

အပြေးသွားလိုက်ချင်ရဲ့.

( ဒီအခြေအနေကို ငါ အရမ်းကြောက်တယ်….)

 

ကလေးတစ်ယောက်လို ငိုမယ်

အရူးတစ်ယောက်လို ရယ်မယ်..

လူကြီးတစ်ယောက်လို ဟန်ဆောင်မယ်.

အားလုံးနဲ့ အသားကျစွာ

ငါလိမ်နေဦးမယ်..။

 

တောင်းဆိုလို့များရခဲ့မယ်ဆိုရင်လေ…

ခဏလေးပဲဖြစ်ဖြစ်

ငါ့အတိတ်တွေကို ပြန်ပေးပါ.

(ခဏလေးဆိုမှ ခဏလေးပါ)

ငါ ခဏလေးပဲဖြစ်ဖြစ် စိတ်ချမ်းသာချင်လို့ပါ..။

 

Fotia~!

9:01 PM

25.Jan.2012

 

In: ကဗျာ Posted By: Date: Feb 29, 2012
Comment #1

taung de su ne pyay par say loh su taung pay par d.
koh kou ko lane dar dot a soe sone pe,,ti lar?
a yan khan sar ya hmar lay,,
naung ta ma ya say chin bu,,ma nyar ne dot naw,,

commentinfo By: ei lay at Feb 29, 2012
Comment #2

ကလေးတစ်ယောက်လို ငိုမယ်

အရူးတစ်ယောက်လို ရယ်မယ်..

လူကြီးတစ်ယောက်လို ဟန်ဆောင်မယ်.

အားလုံးနဲ့ အသားကျစွာ

ငါလိမ်နေဦးမယ်..။

commentinfo By: moezat at Feb 29, 2012
Comment #3

ငါ့အတိတ်တွေကို ပြန်ပေးပါ.
(ခဏလေးဆိုမှ ခဏလေးပါ)
ငါ ခဏလေးပဲဖြစ်ဖြစ် စိတ်ချမ်းသာချင်လို့ပါ.

commentinfo By: kantkawmg at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment