Professional Authors

ညကြောက်သူ

လွမ်းတယ် . .
လွမ်းမိတယ် . .လွမ်းနေမိတယ် . . .
ဘာအကြောင်းပြချက်မှ အတိကျမပေးနိုင်ပေမယ့်
ညညဆို ခေါင်းအုံးလေးမှာ မျက်ရည်မိုးတွေနဲ့
ရှိုက်သံလေးတွေ ပဲ့တင် ထပ်လို့
မင်းမသိအောင် ငါလွမ်းနေမိတယ် . .။
ပေးခဲ့တဲ့အနမ်း အပိုဆု ရခဲ့တဲ့အလွမ်းနဲ့
နဂိုအပြု မမှားခဲ့တဲ့ဇာတ်လမ်းတွေမှာ
အဆုံးသတ်ဟာ ဘာကြောင့်ရင်နာစေတာလဲ . .။
ညတွေကိုကြောက်တယ် . .
ငါအရမ်းကြောက်တယ် . . .
ညညဆိုအရောက်လာပြီး ခြောက်လာမယ့်မင်းရဲ့ပုံရိပ်တွေ
ငါ့ရဲ့နှလုံးသားမှာ အရာစွဲထင် နေတာ . .။
တိတ်ဆိတ်နေတဲ့ဒီအခန်းကျဥ်းထဲ
ငါတစ်ယောက်တည်း . .
အလွမ်းတွေအတွက် ရင်မောလို့
မနက်စောစောတောင် နိုးနိုင်တော့မယ်မထင်ပါဘူး . .။

9.6.2011 11:10 PM
VeNus

In: ကဗျာ Posted By: Date: Jun 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment