Professional Authors

အလင်းမရှိတဲ့ ည

                                  

သတိရခြင်းတွေဖွင့်ချ
အိမ်မက်ဝိုင်တွေနဲ့ ယစ်မှုး
ရောင်နီဦးကိုတောင် မကြိုဆိုနိုင်ခဲ့ဘူး ။


နတ်ဆိုးတွေ ပျော်မြူးကြ
အလွမ်းမီးတောက်နဲ့ နှလုံးသားကို ကျပ်တင်
ဒါ မာယာအောင်ပွဲခံကျင်းပတဲ့  “ည”

ညတာရှည်လှတဲ့ဆောင်း
အရူးအမှုးလိုနေတဲ့ အလင်းအတွက်
ကိုယ့်ကိုယ်ကို မီးတင်ရှို့
အသွေးအသားတွေ မလောင်မြိုက်သေးခင်
ဥသြရေ
နွေဦးကို အကြိုထောက်ခဲ့ပေးပါ…………………..။

                                                 မိုးတိမ်ကဗျာ

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

ကောင်းလိုက်တာဗျာ။ သိမ်းထားချင်လို့ ခွင့်ပြုပါ။

commentinfo By: NMT at Jun 10, 2010
Comment #2

ညတာရှည်လှတဲ့ဆောင်း
အရူးအမှုးလိုနေတဲ့ အလင်းအတွက်
ကိုယ့်ကိုယ်ကို မီးတင်ရှို့
အသွေးအသားတွေ မလောင်မြိုက်သေးခင်
ဥသြရေ
နွေဦးကို အကြိုထောက်ခဲ့ပေးပါ…………………..။

အားပေးသွားပါတယ်။

commentinfo By: snowpan at Jun 10, 2010
Comment #3

ရပါတယ်ဗျာ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။စီးပွားရေး ကိစ္စမှ လွဲရင် ကြိုက်တဲ့နေရာမှာ သုံးနိုင်ပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment