Professional Authors

ငါ စိုးရိမ်တယ်….။

အဝေးဆုံးက နင်…..အဆင်မပြေသံတွေကြားတဲ့အခါ
ငါ နေစရာနေရာမဲ့
နင့်ကို ကရုဏာသက်ခြင်းများစွာနဲ့
အပြေးလာလို့လှမ်း…..
နင့်ဘေးနားမှာ လန်းဆန်းစွာ ငါရှိနေပေးချင်တုန်းပဲ…..။

“နောင်တ”ဆိုတဲ့ စကားတွေကို မဟစ်ကြွေးနေပါနဲ့တော့
အဆုံးစွန်ထိ ငါက ခွင့်လွှ်နေပြီးသားမို့
တစ်ရက်လောက်ဖြစ်ဖြစ် ပျော်ရွှင်အောင်နေပေးပါ…
ငါ့အတွက် ဆိုတဲ့ အတွေးနဲ့ပေါ့…။

နင် မှားတယ် လို့ ပြောတဲ့လူတိုင်းကို
နင့်အတွက် ခံစားချက် ဆန့်ကျင်ဘက်တွေနဲ့
ငါ အငြိုးကြီးစွာ ဆက်ဆံခဲ့တယ်
ငါ မလိုချင်ဘူးဟာ
ငါ့ကြောင့်နင် လူမုန်းခံရမှာ….။

တားမြစ်ချက်တွေကို
မသိစိတ်တွေနဲ့ ချိုးဖောက်ရင်း
အိပ်မက်တွေထဲ နင့်ကို ဆွဲထည့်
ဘယ်တက်နိုင်ပါ့မလဲ
နင်က ငါ့နှလုံးသွေးတွေကို လည်ပတ်စေတဲ့သူလေ….။

မဆုံနိုင်မှန်းသိတဲ့နောက်မှာ
စိတ်တို့ ရွှင်မြူးအောင် ဆုံးမလည်း
အနည်းဆုံးတော့ ငါ တိတ်ဆိတ်နေတိုင်း နင့်ကို လွမ်းနေခဲ့တယ်…။

ကံစီမံရာ နောက်မှာ….
ငါ့အနာဂတ်တစ်ခု နင်မပါဝင်တော့ဘဲ….
ခရီးဆက်ခွင့်ရခဲ့ပေမယ့်…..
လူတွေအမြင်မှာသာ….ငါ အထီးကျန်နေခဲ့တာပါ
ငါ့ရင်ထဲ…..ငါ့ဦးနှောက်ထဲ…..ငါ့ အမြင်အာရုံတွေထဲမှာ
 နင် အမြဲရှိနေတဲ့အတွက်…..
ငါ နေ့ရက်တွေတိုင်းမှာ ပြေလည်စွာနေတတ်ပါတယ်….။

နင့်အတွက်သာ ပူပန်စွာ ငါဖြစ်နေရလို့
ဝေးကွာခြင်းတွေထဲမှာ
နင် အသားမကျမှာကိုသာ…..
ငါ စိုးရိမ်တယ်…ချစ်သူရယ်…။

အလွမ်း(ကေသရီ)

In: ကဗျာ Posted By: Date: Feb 25, 2012
Comment #1

so much good,
so much perfect,
so touching to my heart,
this poem make me encourage,
i m in hopeless position & got depression.

commentinfo By: ei lay at Feb 25, 2012
Comment #2

နင့်အတွက်သာ ပူပန်စွာ ငါဖြစ်နေရလို့
ဝေးကွာခြင်းတွေထဲမှာ
နင် အသားမကျမှာကိုသာ…..
ငါ စိုးရိမ်တယ်…ချစ်သူရယ်…။
ကျွန်တော့်ကို..ကွဲပြီးရင်းကွဲအောင်ရေးနေကြတာလားဗျာ….:D

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #3

လူတွေအမြင်မှာသာ….ငါ အထီးကျန်နေခဲ့တာပါ
ငါ့ရင်ထဲ…..ငါ့ဦးနှောက်ထဲ…..ငါ့ အမြင်အာရုံတွေထဲမှာ
နင် အမြဲရှိနေတဲ့အတွက်…..
ငါ နေ့ရက်တွေတိုင်းမှာ ပြေလည်စွာနေတတ်ပါတယ်….။

ကြိုက် !

commentinfo By: Nge Lay at Feb 25, 2012
Comment #4

အားပေးတယ်

commentinfo By: Village chat kyi at Feb 26, 2012
Comment #5

ကံစီမံရာ နောက်မှာ….
ငါ့အနာဂတ်တစ်ခု နင်မပါဝင်တော့ဘဲ….
ခရီးဆက်ခွင့်ရခဲ့ပေမယ့်…..
လူတွေအမြင်မှာသာ….ငါ အထီးကျန်နေခဲ့တာပါ
ငါ့ရင်ထဲ…..ငါ့ဦးနှောက်ထဲ…..ငါ့ အမြင်အာရုံတွေထဲမှာ
နင် အမြဲရှိနေတဲ့အတွက်…..
ငါ နေ့ရက်တွေတိုင်းမှာ ပြေလည်စွာနေတတ်ပါတယ်….။..
ဖွဲ့တတ်လွန်းတယ်ဗျာ…အားပေးသွားပါတယ်..

commentinfo By: သက်တန့်ရောင် at Feb 27, 2012
Comment #6

ငါ့နေ့ရက်တွေတိုင်းမှာ ပြေလည်စွာနေတတ်ပါတယ် ကြိုက်တယ်

commentinfo By: sone.pyuu at Feb 27, 2012
Comment #7

ခံစားချက်နဲ့တိုက်ဆိုင်သွားလိုက့် Share ခွင့်ပြုပါဗျာ ။

commentinfo By: Mann Khat Wint at Feb 27, 2012
Comment #8

ကဗျာကောင်းလေး အားပေးသွားပါတယ်

commentinfo By: kantkawmg at Feb 27, 2012
Comment #9

ကျေးဇူးပါ ကဗျာလေးကို အားပေးတဲ့ သူငယ်ချင်းတွေအားလုံး….။

commentinfo By: အလွမ်း at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment