Professional Authors

တနင်္ဂနွေမြစ်

 

တနင်္ဂနွေတွေဟာ ကျွန်မအတွက်ထူးမခြားနား

ရှည်လျားမြဲ ရှည်လျားလျက် . .

ကဗျာတစ်ပုဒ်ချရေးလိုက်တယ်

တွေးလိုက်ဖျက်လိုက်၊ ရေးလိုက်ပြင်လိုက်နဲ့

ကျွန်မရဲ့ တနင်္ဂနွေဟာ ပြင်ရာဖျက်ရာများလွန်းခဲ့တယ်

 

အဲဒီတနင်္ဂနွေမှာ

မှားတာရှိရင်တောင်းပန်ပါတယ်ဆိုတဲ့ အောင်လရဲ့သီချင်းကို

မဆီမဆိုင်ကြတ်ခြေခတ်မိတယ်

မသိုးမသန့်တောင်းပန်မှုတွေက (ပြန်တွေးတိုင်း)

လူကို ခုထိ အ သက် ရှု  ကျပ် စေ တုန်း . . .

 

အဲဒီတနင်္ဂနွေမှာ

သူ့ကို ခံစားလို့ကောင်းရုံသက်သက် လွမ်းခဲ့တာမဟုတ်ဘူး

လူကြားလို့ကောင်းရုံလေး နားလည်ပေးခဲ့တာမဟုတ်ဘူး

အရှုံးတွေကိုခံစားရတိုင်းလဲ မျှဝေပေးမဲ့သူရှာခဲ့တာမဟုတ်ဘူး

နာကြည်းစရာကောင်းလွန်းလို့ နာကျင်နေတာလဲမဟုတ်ဘူး

အ ချစ် ကို . . .  (အချစ်လို့) ခံစားခဲ့မိရုံလေးတစ်ခုပဲ

 

အဲဒီတနင်္ဂနွေမှာ

(အဖြေက)

ငါတို့နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူးတဲ့လား

သွေးအေးသွားရင် အနေလဲဝေးသွားမှာပါတဲ့လား

……………………… ။

 

အဲဒီတနင်္ဂနွေမှာ

သူဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ

  ဖြေ  ထုတ်      တဲ့  ပုစ္ဆာ  တစ်  ပုဒ်

ရပ်  တန့်    တဲ့  အချိန်  နာ  ရီ

ရွေ့ လျား  နေ  တဲ့  ကာလ  သုံး  ပါး

လည်  ပတ်  နေ  တဲ့  ရာသီ  ဥတု

………………………….။

 

ဒီ လို နဲ့ သူဟာ အဲ ဒီ တနင်္ဂနွေ တွေ မှာ ကျွန် မ ရင်ထဲ ထာ ဝ ရ စီး ဆင်း နေ မဲ့

  ဆုံး မဲ့ မြစ် တစ်  စင်း . . .။

 

နတ်သမီး

In: ကဗျာ Posted By: Date: Feb 24, 2012
Comment #1

arr pay twar par d

commentinfo By: ei lay at Feb 25, 2012
Comment #2

ကျွန်တော်..အားပေးသွားတယ်..နတ်သမီး..ရေ…
တနင်္ဂနွေနေ့ကိုတော့..မုန်းနေမိတယ်.

commentinfo By: အသဲကွဲမိုး at Feb 25, 2012
Comment #3

bar phyit loh le hin,,ma moe?

commentinfo By: ei lay at Feb 25, 2012
Comment #4

တနင်္ဂနွေ………

commentinfo By: moehtetaung18 at Feb 26, 2012
Comment #5

ei lay ka Sunday born,,,
i love Sunday,,he,,he,,

commentinfo By: ei lay at Feb 28, 2012
Comment #6

ကျနော် တနင်္ဂနွေကိုမုန်းတယ် ..ဒီကဗျာကိုတော့ချစ်တယ်

commentinfo By: sharon myorr myor at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment