စိတ်ကူး တိမ်တိုက်များ…
ကျောခိုင်းခဲ့ပြီဆိုပေးမယ်
သမင်လည်ပြန် ကြည့်မိရင် ကြည့်မိလိမ့်မယ်.
ဘာရယ်မဟုတ်ပါဘူး.
စိတ်ချချင်ယုံ သက်သက်ပါ..။
နင်မပေးဘဲ လက်ခံထားမိတဲ့ အမှတ်တရတွေ
ငါမဖျောက်ဖျက်ပဲ ပျောက်ပျက်မသွားမခြင်း
ဒီအတိုင်းပဲ ရှိနေလိမ့်မယ်..
ဘာရယ်မဟုတ်ပါဘူး
အလွမ်းပြေယုံ သက်သက်ပါ.။
တိုက်ဆိုင်မှုတွေ ရှိလာတိုင်း
ငါငိုမကောင်း ငိုမိလိမ့်မယ်.
ဘာရယ်မဟုတ်ပါဘူး
သတိရမိယုံ သက်သက်ပါ..။
စိတ်ဒဏ်ရာတွေ ကြုံလာမိတိုင်း
နင့်နာမည်ကို တိုးတိုးလေး
ရွတ်မိကောင်း ရွတ်မိလိမ့်မယ်
ဘာရယ်မဟုတ်ပါဘူး
တမ်းတမိယုံ သက်သက်ပါ..။
အထီးကျန်ဆန်တယ်လို့ ခံစားမိတိုင်း
နင်ရှိနေမလားလို့ ရှာမိကောင်းရှာမိလိမ့်မယ်
ဘာရယ်မဟုတ်ပါဘူး
နင်ပေးခဲ့တဲ့ ကတိတစ်ခုကို
ယုံကြည့်မိယုံ သက်သက်ပါ..။
Fotia~!
17.Jan.2012
1:38 PM
Comment #2
bar ye dot ma hote par bu,,hote lar?
mike de kwar,,
lae sar de,
ei lay ka dot e lo hote bu,, e lo ta baw ma htar naing bu,
By: ei lay at Feb 25, 2012
Comment #4
aww,,hote
thz for ur advise
By: ei lay at Feb 25, 2012
Comment #6
နင်မပေးဘဲ လက်ခံထားမိတဲ့ အမှတ်တရတွေ
ငါမဖျောက်ဖျက်ပဲ ပျောက်ပျက်မသွားမခြင်း
ဒီအတိုင်းပဲ ရှိနေလိမ့်မယ်..
ဘာရယ်မဟုတ်ပါဘူး
အလွမ်းပြေယုံ သက်သက်ပါ.။
By: zawthetoo at Feb 29, 2012
Comment #7
ကဗျာလေးက အရမ်းကောင်းတယ် ခံစားချက်နဲ့ ရေးတာမို့လို့ ထင်တယ် အရမ်းအသက်ပါတယ် ဖတ်နေရင်းနဲ့တောင် တကယ် ၀မ်းနည်းလာတယ်
By: Ma Theint at Mar 22, 2012
Comment #9
a khu ngo nay p.
By: ei lay at Apr 25, 2012




Comment #1
ကဗျာလေး မိုက်တယ် 🙂