တိတ်..တ…ခိုး….စိတ်ကူး
| နင်သာပြန်လာမယ်ဆို | |
| ငါ့ကောင်းကင်မှာ ကြယ်မရောက်ပဲ နင့်မျက်ဝန်းလေးသာ ထွန်းတောက်စေလို့ | |
| နင့်ကို | |
| ဘယ်လောက် လွမ်းနေခဲ့ကြောင်း | |
| ………………………………………………… | |
| နင်သာ ပြန်လာမယ်ဆို | |
| ငါ့ရင်ခွင်မှာ အသည်းနှလုံး မလိုပဲ နင့်အပြုံးတွေနဲ့သာ | |
| အသက်ဆက်လို့ | |
| ငါ့အတွက် နင် ဆိုတာ ဘယ်လောက်အရေးပါမှန်း | |
| ………………………………………………. | |
| နင်သာ ပြန်လာမယ်ဆို | |
| ငါ့ဘ၀လမ်းထဲ နင့်လက်ဖ၀ါးနွေးနွေးလေးတွေတွဲလို့ | |
| နင် ဆိုတာ ငါ့အတွက် ခွန်အား ဆိုတာ | |
| သိသာမြင်စေလို့……………… | |
| နင်သာ တကယ် ငါ့ဘ၀ထဲကို | |
| ပြန်လာခဲ့မယ်ဆိုရင်လေ | |
| အရင်လို ပုန်းလျိုးကွယ်လျိုးနဲ့ အချစ်တွေ ရင်ခွင်ထဲ သိမ်းမထားတော့ပဲ | |
| နင့်ကို ……… နင့်ကိုလေ |
|
| ငါဘယ်လောက် ချစ်တယ်ဆိုတာ | |
| ငါ့လက်ကောက်ဝတ်ဖြတ်ရာ လေး သက်သေထူလို့ | |
| ငါ့မျက်ရည်ဖုံး မျက်ဝန်းတွေ ငါ့နှုတ်ခမ်းအက်ကွဲရာလေးတွေနဲ့ . ………. | |
| နင် မြင်သာစေရမှာ…………………… ငါ့ဆီ ………….. ပြန် လာ ခဲ့ ပါ ဟာ။ |
|
Comment #2
နင်သာ ပြန်လာမယ်ဆို
ငါ့ရင်ခွင်မှာ အသည်းနှလုံး မလိုပဲ နင့်အပြုံးတွေနဲ့သာ
အသက်ဆက်လို့
ငါ့အတွက် နင် ဆိုတာ ဘယ်လောက်အရေးပါမှန်း
ဒီကဗျာလောက်နဲ့တင်…သိလောက်ပါတယ်။
မမိုးးးအားပေးသွားပါတယ်။
By: poem.poem28 at Aug 31, 2011
Comment #5
နင်သာပြန်လာမယ်ဆို
ငါ့ကောင်းကင်မှာ ကြယ်မရောက်ပဲ နင့်မျက်ဝန်းလေးသာ ထွန်းတောက်စေလို့
နင့်ကို
ဘယ်လောက် လွမ်းနေခဲ့ကြောင်း
…………………………………………………
နင်သာ ပြန်လာမယ်ဆို
ငါ့ရင်ခွင်မှာ အသည်းနှလုံး မလိုပဲ နင့်အပြုံးတွေနဲ့သာ
အသက်ဆက်လို့
ငါ့အတွက် နင် ဆိုတာ ဘယ်လောက်အရေးပါမှန်း
……………………………………………….
နင်သာ ပြန်လာမယ်ဆို
ငါ့ဘ၀လမ်းထဲ နင့်လက်ဖ၀ါးနွေးနွေးလေးတွေတွဲလို့
နင် ဆိုတာ ငါ့အတွက် ခွန်အား ဆိုတာ
သိသာမြင်စေလို့………………
ငါ့မျက်ရည်ဖုံး မျက်ဝန်းတွေ ငါ့နှုတ်ခမ်းအက်ကွဲရာလေးတွေနဲ့ . ……….
နင် မြင်သာစေရမှာ……………………
ငါ့ဆီ
………….. ပြန် လာ ခဲ့ ပါ ဟာ။
မိုးရေ……ခံစားချက်တို့ တိုက်ရိုက်ကျရောက်နေတယ်…..။အရမ်းကောင်းတယ်ဗျာ ကဗျာလေးက
အားပေးသွားပါတယ်….။
By: ကေသရီ at Aug 31, 2011
Comment #6
နင်သာ ပြန်လာမယ်ဆို
ငါ့ဘ၀လမ်းထဲ နင့်လက်ဖ၀ါးနွေးနွေးလေးတွေတွဲလို့
နင် ဆိုတာ ငါ့အတွက် ခွန်အား ဆိုတာ
သိသာမြင်စေလို့………………
By: May Kha at Sep 1, 2011
Comment #7
ငါ့လက်ကောက်ဝတ်ဖြတ်ရာ လေး သက်သေထူလို့
ငါ့မျက်ရည်ဖုံး မျက်ဝန်းတွေ ငါ့နှုတ်ခမ်းအက်ကွဲရာလေးတွေနဲ့ . ……….
နင် မြင်သာစေရမှာ……………………
ငါ့ဆီ
………….. ပြန် လာ ခဲ့ ပါ ဟာ။
မကြီးမိုး….အရမ်းကောင်းတယ်…ဗျာ
By: terry at Sep 1, 2011
Comment #8
နင်သာ ပြန်လာမယ်ဆိုရင်….ပြန်လာမယ်ဆိုရင်………
By: ဖိုးနမ်း at Sep 1, 2011
Comment #10
ကဗျာက ကောင်းတယ်ဆိုတာထက်ကို ပိုကောင်းတယ်ဗျာ ။
ငါ့လက်ကောက်ဝတ်ဖြတ်ရာလေး
သက်သေထူလို့ အဲ့ဒါကဘာလဲဗျ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိကြိုးစားခဲ့တာလား အဲ့လိုဆိုရင်တော့မကောင်းပါဘူးဗျာ နောင်အဲ့လိုမလုပ်ပါနဲ့ အစ်မအဲ့လိုလုပ်လိုက်ရင် ရင်အကျိုးဆုံးလူကအစ်မအမေဘဲဖြစ်မှာ နောင်အဲ့လိုသတ်သေဖို့ ဘယ်တော့မှမလုပ်ပါနဲ့ဗျာ ကဗျာမောင်နှမအချင်းချင်းအကြံပေးတာပါ ကျွန်တော်ပြောတဲ့ထဲ ချော်သွားတာပါရင်လည်း sorry ပါ ။
By: X - ray at Sep 6, 2011
Comment #11
X – ray ရေ…အဲလိုကြီး အဓိပ္ဗါယ်မကောက်ရဘူးလေဗျ!
ကဗျာဆိုတာ ခံစားမှု့သက်သက်ပါ..
ကဗျာရေးတာဆိုတာ များသောအားဖြင့်တော့ စိတ်ကူးခံစားမှု့တွေပါ..
တခါတလေ ဖြစ်ရပ်မှန်လည်း ပါတော့ပါမှာပေါ့..
မိုးက သူ့ကဗျာကို ကာရံတွေနဲ့ အကြီးကြီးခံစားပြထားတာလေ..ဒီလောက်ပါဘဲ =)
By: ဖိုးနမ်း at Sep 6, 2011
Comment #12
အော် ဟုတ်လား ကိုဖိုးနမ်း ကျွန်တော်ကဘာရယ်မဟုတ်ဘူးပြောလိုက်တာပါ ကျွန်တော်ထင်တာလေးကိုတွေးပြောလိုက်တာပါ အသဲကွဲမိုးက ကဗျာကို ခံစားချက်အကြီးကြီးတွေနဲ့ရေးတယ်ဆိုတာ ကျွန်တော် ဒီ site မှာကဗျာမရေးခင်ကတည်းက သိပါတယ် သူများခံစားချက်ကို ဝေဖန်တာမဟုတ်ဘူး ထင်တာလေးကိုပြောလိုက်ရုံသက်သက်ပါ ။
By: X - ray at Sep 7, 2011
Comment #13
အားလုံးအားလုံးကို အထူးပဲကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ
ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းဝေဖန်ပေးနိုင်ပါတယ်
ဝေဖန်မှုတိုင်းအတွက် ကျွန်တော် ၀မ်းမြောက်ဝမ်းသာလက်ခံလျှက်ပါ
တကယ်ကို ကျေးဇူးပါ….
ကျွန်တော့် ကဗျာလေးတွေ…အစဉ်တစိုက်အားပေးလာတဲ့မောင်နှမများအားလုံးကိုလည်း…
အရမ်းကျေးဇူးတင်ပါတယ်
ကျွန်တော့် gmail ကတော့ – [email protected],[email protected] ပါခင်ဗျာ
(တခါမှ မိတ်မဆက်ဖူးလို့ မိတ်ဆက်ခဲ့ပါတယ်)
By: အသဲကွဲမိုး at Sep 25, 2011
Comment #14
လွမ်းပဗျား . .
ကဗျာဖတ်နေတုံး မိုးက ဖွဲဖွဲရွာနေတော့
သူသာ အခုပြန်လာရင် မိုးမိနေမလားလို့
မဆီမဆိုင် တွေးပူမိသေးတယ်
By: mgchannaye at Sep 25, 2011
Comment #15
ကောင်းတယ်ဗျာ…
အဲသလိုမျိုး…အပြည့်မရေးပဲ
ချန်ထားခဲ့တာလေးတွေကြိုက်တယ်
တွေးစရာတွေအများကြီးရတာပေါ့
By: PC at Sep 25, 2011
Comment #16
ကျွန်တော်က ထင်တာလေးကိုပြောလိုက်ရုံသက်သက်ပါဗျာ ဝေဖန်တာမဟုတ်ပါဘူး ကျွန်တော်ထင်တာပြောလိုက်တာကို စိတ်မဆိုးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်မတော် အသဲကွဲမိုး ။
By: X - ray at Oct 7, 2011




Comment #1
ငါ့လက်ကောက်ဝတ်ဖြတ်ရာ လေး
ဘယ်လို ကြီးတုန်း…:(
အား ပေး သွား သည်