Professional Authors

နေ့ စွဲပြန်လည်တပ်ဆင်ခြင်း သင်္ချာစာအုပ် တစ်အုပ်

အသစ်တွေပြန်လည်ဖြစ်တည်ခဲ့ပေမယ့်
မဖတ်ဖြစ်လိုက်တဲ့ နေ့ တွေအများကြီးရှိခဲ့ပါတယ် ဆိုတဲ့ စာသင်ခန်းကိုတောင်မေ့နေလောက်အောင် ငါလွတ်လပ်မှူ
တွေ မြတ်နိုးခဲ့တယ်လေ ။
နိုးမြစ်အိမ်တစ်ခုက အရာကိုပြဆို
နှလုံးသားနဲ့ ရေးခြစ်
အပြာလွင်ဆုံး
ကျောင်းသားနေ့ လေးတွေကိုပြမယ်လေ။
တစ်နေ့ တစ်နေ့ ကျောင်းကားကြီးစီးသွားတယ်
တိမ်ပြာအဆင်းတွေနဲ့  ကြော်ညာဆိုင်းဘုတ်ကြီးတွေ ငါတို့ ကိုငယ်သူငယ်ချင်းလိုနှူတ်ဆတ်မြဲပေါ့ ။အမြဲသွက်
လက်နေတဲ့ ငါ့အပျင်းတွေနဲ့ ငါကျောင်း ဘယ်လိုမှ မအပ်စပ်ပေမယ့် အဲ့အပျင်းတစ်ခုကို ပဲ မြတ်နိုးပြခဲ့တယ်လေ
ငါ့မျိုးချစ် စိတ် ကိုတော့ တီးခတ်မယ့် တေးသွားတစ်ပုဒ်ရေးစပ်နေဖို့ မလုံလောက်အောင် ကို ငါကျောင်းပျင်းခဲ့
တယ်လေ ။
အပျော်ဆုံးနေ့ ကိုပြောပါဆို
ငါ့အဖိုးတန်ဆုံး
လွတ်ကျသွားတဲ့ နေ့ လေ…………..
မိုးရွာတယ် ဆိုယုံလေး ရွာပေမယ့် ငါတို့ နည်းပညာကျောင်းသားတွေအတွက် ကမ္ဘာမြေကို ပြုံးပြလောက်
အောင် ကျောင်းကားနဲ့ အတူ သတ္တိရှိခဲ့တယ်လေ ။နုပျိုသစ်လွင်တဲ့ လက်ကမ်းခြင်းတွေ ငါတို့ လွယ်အိတ်တွေ
အပေါ် ကြင်နာခဲ့တယ်လေ ။ မိုးမဆို မခနေခဲ့တယ် ငါတို့ စိတ်ဓာတ်လေးတွေနဲ့  ကျောင်းသုံး နုတ်စ်လေးတွေ
ပေါ့။
ရိုးသားတယ်ဆိုတဲ့ 
မုန့် ဖိုးလေးတွေ
ဒီတက္ကသိုလ်မှာပဲစုလို့ ရတာ
ငါသိသပ။
အော် အသက်ကလေးရယ်ရှည်စေလို မန်းတောင်ရိပ်ကိုတောင် မခိုရတာ ဘယ်လောက်ကြာပြီလဲကွာ။
အသက် ဆိုတဲ့ ခြေရာလေးအတွက် အကောင်းဆုံးဖိနပ်အဖြစ် တရားလွန် လွတ်လပ်ခြင်းတွေ ငါစီးခဲ့ပါလား။
အသက်တစ်ရာ မနေရ သော်လည်း အမှူ တစ်ရာကြုံနိုင်တယ်ဆိုပေမယ့် ပိုသာတဲ့  မြန်မာစာ ငါမတတ်ခဲ့ပါလား
မှားခဲ့တယ်ဆိုတာ
အမှန်ဖြစ်ဖို့ 
လူတစ်ကာသိတဲ့ နိယာမ
ငါ့အဖို့ ………………………………………………………..End
နိယာမတွေ laws တွေအားလုံးကို ခြုံးကြည့်တော့ ရှေးထုံးမပယ်နဲ့ ဆိုတာကို မြင်မိခဲ့။ ဘာပဲပြောပြောပါလေ
အကောင်းဆုံးငါနေခဲ့တာပဲ။ အပြစ်ကတော့ ငါ့ကိုမပြောလိုက်ပါဘူး။ မင်းအတွက် ငါလေ လို့ ……………….။
ငါလေ့လာတိုင်း တစ်ခုပဲတွေ့ တယ် အဆုံးမရှိ ….. နောက် အပြုံးဖြစ်ဖို့ ကတော့ မင်းအသိပဲလေ ……. ငါတို့ က
ဘ၀စာသင်သားတွေကိုး …….။။။။
နောက်ဆုံးပြန်လာခဲ့တယ်
ပထမတုန်းက အဆိုးဆုံးတွေနဲ့ လေ
သူ
ပြောပါရစေတဲ့
အပြစ်…..။
အဖိုးတန်ဆုံးအရာတစ်ခု ငါရရှိလိုက်တယ်လေ
လောကမှာတစ်ခုပဲရှိတယ် …………နှစ်ခုပဲရှိတယ် ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့  ဆုံးမစကားတွေအလွန်မှာ
ပေါ့……………………..။။။။။ ယဉ်ကျေးမှူဆိုတဲ့ အဟောင်းတွေထဲမှာအသားကျခြင်း ကို ကျွန်တော်မပြောလဲ
သိမှာပါ………………….။။။။။ ကိုယ့်တာဝန်ကိုယ်ယူ ပါ။.အကောင်းဆုံးလူပီသအောင်နေပါ ဆိုရင်ကော ……..

ကျွန်တော့် အပြစ် ခံနေပါ့မယ်.
ဘာပဲပြောပြော အလွဲနေ့ တွေအတွက်
နေ့ စွဲအသစ်တွေ ရှိပြီလေ….
သူငယ်ချင်းတွေနဲ့ အတူ စာလုပ်ချင်ပြီပေါ့…………………….

သံယောဇဉ်မင်း
သံယောဇဉ်နန်းတော်

In: ကဗျာ Posted By: Date: May 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment