Professional Authors

ရေမဲ့ငါး….

ကလေးဘ၀ကို ကျော်လွန်ပြီး
ခရီးတစ်ခုကို ဖြတ်သန်းရချိန်ကို
ပြန်စဉ်စားမိချိန် လွမ်းမောစရာတွေပါပဲလား

အချစ်ဆိုတာ ခံစားတတ်လာချိန်
နွေးထွေးခြင်းနဲ့ ကြင်နာခြင်းတွေရရှိခဲ့ဖူးတယ်
လွမ်းဆွတ်ခြင်းနဲ့ ဝေးကွာခြင်းကို မလိုချင်လဲ အပိုဆုရခဲ့တယ်

သံသယထားရှိဖူးပေမယ့် ယုံကြည်ခဲ့ဖူးတယ်
ပထမဆုံးတွေ့ဆုံခြင်းမဟုတ်ပေမယ့် နောက်ဆုံးရင်ခွင်ဖြစ်ချင်ခဲ့တယ်
ချစ်သူတွေဖြစ်နေပေမယ့် အရင်းနှီးဆုံးတိုင်ပင်ဖော် ဖြစ်ချင်မိတယ်

ပုံမှန်စကားလုံးတွေနဲ့ပဲ နင်နှုတ်ဆက်လမ်းခွဲတာပါ
ဒါပေမယ့် ငါ့ကြားလိုက်တာက ပြင်းထန်းလွန်းတဲ့ စကားလုံးတွေ
ငါအရမ်းလွမ်းနေမှန်း နင်သိခဲ့ပေမယ့်
နင့်စိတ်ကိုတော့ ငါမခန့်မှန်းတတ်ဘူး
ငါ့မာနတွေလည်း ရေမဲ့ငါးတစ်ကောင်လိုဖြစ်သွားပြီ ချစ်သူ

In: ကဗျာ Posted By: Date: Feb 21, 2012
Comment #1

အားပေးပါတယ်…

commentinfo By: SoFarAwayFromU at Feb 21, 2012
Comment #2

လွမ်းဆွတ်ခြင်းနဲ့ ဝေးကွာခြင်းကို မလိုချင်လဲ အပိုဆုရခဲ့တယ်
အပိုမပေးလည်းနေပါ..ရတယ်…အဲဒီ အပိုက တော်2ဆိုးတယ်

commentinfo By: poem.poem28 at Feb 21, 2012
Comment #3

a lit confused

commentinfo By: ei lay at Feb 21, 2012
Comment #4

ပုံမှန်စကားလုံးတွေနဲ့ပဲ နင်နှုတ်ဆက်လမ်းခွဲတာပါ
ဒါပေမယ့် ငါ့ကြားလိုက်တာက ပြင်းထန်းလွန်းတဲ့ စကားလုံးတွေ

commentinfo By: kantkawmg at Feb 22, 2012
Comment #5

ပုံမှန်စကားလုံးတွေနဲ့ပဲ နင်နှုတ်ဆက်လမ်းခွဲတာပါ
ဒါပေမယ့် ငါ့ကြားလိုက်တာက ပြင်းထန်းလွန်းတဲ့ စကားလုံးတွေ
ငါအရမ်းလွမ်းနေမှန်း နင်သိခဲ့ပေမယ့်
နင့်စိတ်ကိုတော့ ငါမခန့်မှန်းတတ်ဘူး
ငါ့မာနတွေလည်း ရေမဲ့ငါးတစ်ကောင်လိုဖြစ်သွားပြီ ချစ်သူ

commentinfo By: zawthetoo at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment