ဝေးကြလျက်…တွေး-ရွှေကြယ်မိုး
 /* Style Definitions */
 table.MsoNormalTable
	{mso-style-name:”Table Normal”;
	mso-tstyle-rowband-size:0;
	mso-tstyle-colband-size:0;
	mso-style-noshow:yes;
	mso-style-priority:99;
	mso-style-qformat:yes;
	mso-style-parent:””;
	mso-padding-alt:0in 5.4pt 0in 5.4pt;
	mso-para-margin-top:0in;
	mso-para-margin-right:0in;
	mso-para-margin-bottom:10.0pt;
	mso-para-margin-left:0in;
	line-height:115%;
	mso-pagination:widow-orphan;
	font-size:11.0pt;
	font-family:”Calibri”,”sans-serif”;
	mso-ascii-font-family:Calibri;
	mso-ascii-theme-font:minor-latin;
	mso-fareast-font-family:”Times New Roman”;
	mso-fareast-theme-font:minor-fareast;
	mso-hansi-font-family:Calibri;
	mso-hansi-theme-font:minor-latin;}
နှလုံးသားတစ်ခုအတွက်
မျက်ဝန်းတွေကို ဓါးသွားတွေပုံစံ
ပြောင်းပစ်ခဲ့ဖူးသလား…
အချစ်ကြီးချစ်ဖို့ ကံဆုံကြတဲ့အခါကျမှ
ဓါးဆန်ဆန်မျက်ဝန်းတွေနဲ့ ထိရှခဲ့လေသလားကွာ
ပြန်ကြည့်ပါဦး…
ဟန်ဆောင်ပြုံးပြရတာ ရင်နာရပါတယ်…
နှစ်နှစ်ကာကာချစ်နေကြလျက်နဲ့
စည်းအပြင်လူတွေကြောင့် ခွဲရမယ်ဆိုတာတော့
ပစ်ပစ်ခါခါကို ငါ့အတွက် နာကြင်ရတာပဲ
နာကြင်နေလျက်နဲ့ ကြင်နာနေကြရတာကိုကလည်း
တဆစ်ဆစ်ခါအောင် ငါ့အတွက် နင့်ရှရတာပဲ…
စိတ်ကဘယ်လိုနည်းနဲ့မှ
လေလွင့်မရတော့…
ကျောက်ခဲတွေဆွဲထားသလိုမျိုး
နှစ်ယောက်စလုံးအာရုံတွေ လေးလံနေကြ…
ဒီလိုနဲ့…နှစ်ယောက်စလုံးမျက်ရည်တွေ စွန်းထင်းနေကြ
ဒီအတိုင်းဆိုရင်တော့
ငါတို့ရဲ့ငယ်စဉ်တောင်ကျေးအိပ်မက်တွေ
ဖရိုဖရဲစီးကရက်ငွေ့တွေကြားမှာ
ပျောက်ကွယ်ရတော့မယ် ထင်ပါရဲ့
“အချစ်ကိုလုံးဝ စိတ်မပါသေးဘူး
သူငယ်ချင်းအဖြစ်ပဲ လက်တွဲကြတာပေါ့” တဲ့လား
နင်ချစ်ပါတယ်လို့ တိတ်တဆိတ်ဝန်ခံပြီးမှ
ငါ့ရဲ့ကင်ဆာဆန်ဆန်မေတ္တာတွေကိုဘေးလူတချို့ကြောင့်
ပြန်ရုပ်သိမ်းရမယ်ဆိုတာကတော့
နွေခေါင်ခေါင်အစိမ်းလိုက် မီးသဂြိုလ်ခံရတာပဲ
ငါလဲလူပဲ…လေ
ဒါပေမယ့် တိရိစ္ဆာန်တစ်ကောင်ကို
ချစ်တဲ့အချစ်မျိုးလောက်ပြန်ရရင်ပဲ
ငါ…ကြေနပ်ပါတယ်…
ငါနင့်ကိုချစ်တဲ့ အချစ်မှာ အခြားအခြားသော
အကြောင်းအရာ ပိုင်ဆိုင်မှုတွေမပါဝင်ဘူး…
ငါ့အချစ်က…နင့်ကိုချစ်နေဖို့ပဲသိတဲ့ အချစ်ဖြစ်တယ်
ခုတော့…ရေပုလင်းရှိတဲ့လူဆီ
မောကြီးပန်းကြီးပြေးလာ…
အနားရောက်တဲ့အခါမှ…ရေတွေသွန်ချပစ်လိုက်သလို
ငါ…ခြောက်သွေ့မောဟိုက်တယ်…
ဘာရယ်…
အိမ်အပြန်လမ်းမှာနင်ငိုတယ်
ဟုတ်လား…
ငါတို့အချစ်တွေနဲ့မသက်ဆိုင်တဲ့သူတွေရဲ့
စကားတွေကိုနင်ဆုပ်ကိုင်ပြီးမှတော့
ငိုသာချလိုက်ပါတော့…ဟာ
နင်…ငိုချလိုက်တာသာ အကောင်ဆုံး
ဖြေဆေးတစ်ခွက်ပါပဲ…
အခုအချိန်မှာ
ငါ…ဘာကိုမှ မယ်မယ်ရရ လုပ်ကိုင်မနေချင်ဘူး
နောက်နောင်အချိန်တွေမှာ
သူငယ်ချင်းတွေအပေါ်ခံစားချက်နဲ့
ချစ်သူတစ်ယောက်အပေါ်ခံစားချက်
နင်…ခွဲခြားသိတတ်ပါစေတော့…
ချစ်နေကြလျက်…ဝေး
ဝေးနေကြလျက်…ချစ်
ငါ…တစ်ခုတော့ပြောမယ်
နင့်ကိုဘယ်တော့မှ ငါမမေ့ဘူး ဇင်မျိုးအေး
ရွှေကြယ်မိုး
(၁၃.၂.၂၀၁၂ ည ၈နာရီ ၄၆ မိနစ်)
သင်တို့တွေ အတွက် ကဗျာလောကတစ်ခုရှိနေပါတယ်
www.poemyae.blogspot.com ပါ …
ကောင်းမကောင်းဆိုတာတော့ ရောက်ဖူးသူတွေသိကြပါတယ်
မြန်မာပြည်မှာ သူ့လောက်စစ်တဲ့ ကဗျာဝက်ဆိုက် မရှိတာကိုတော့
အာမခံပါတယ် ခင်ဗျာ
Comment #2
ကျွန်တော် နားလည်သွားပြီ။
ကဗျလောကအတွက် ကျေးဇူးပါ။
 By: Blueskymoe at Feb 20, 2012
                        By: Blueskymoe at Feb 20, 2012
                    Comment #3
ဟာ………ကြမ်းချက် နာမည်တွေပါထုတ်ပြောကုန်ပြီလားဗျာ
အဲ့လောက်ကြီး စိတ်မကြီးနဲ့ဗျို့ တော်ကြာဂျိုင့်ဆွဲနေရဦးမယ် (just kidding)
ကဗျာက တစ်ချို့စကားလုံးတွေကတော်တော်လေးပြင်းထန်သဗျ
တိရ စ္ဆာန်တစ်ကောင်ကိုချစ်တဲ့အချစ်လောက်လေးပြန်ရရင်တောင် ကျေနပ်တယ်တဲ့
ရေလည်မိုက်တဲ့ စကားလုံးအသုံးအနှုန်းဗျာ
ကိုရွှေကြယ်မိုးရေ အရေးအသားကတော့တစ်စထက်တစ်စကောင်းလာတယ်ဗျ
ကဗျာလေး ဖတ်သွားတယ်
ကျွန်တော့ကဗျာလေးကို ဖတ်ပြီးတကူးတကcopyလုပ်သွားတဲ့အတွက်လည်း ကျေးဇူးတင်တယ်ဗျ တကယ်တော့ ကျွန်တော့အရေးအသားတွေက copyလုပ်ရလောက်တဲ့ထိတော့မကောင်းပါဘူး ။
 By: X - ray at Feb 20, 2012
                        By: X - ray at Feb 20, 2012
                    Comment #4
nice story
 By: ei lay at Feb 20, 2012
                        By: ei lay at Feb 20, 2012
                    Comment #5
သင်တို့တွေ အတွက် ကဗျာလောကတစ်ခုရှိနေပါတယ်
http://www.poemyae.blogspot.com ပါ …
ကောင်းမကောင်းဆိုတာတော့ ရောက်ဖူးသူတွေသိကြပါတယ်
မြန်မာပြည်မှာ သူ့လောက်စစ်တဲ့ ကဗျာဝက်ဆိုက် မရှိတာကိုတော့
အာမခံပါတယ် ခင်ဗျာ
ကိုရွှေကြယ်မိုး အဲ့စကားကိုတော့ ကျနော်ကန့်ကွက်တယ်ဗျ အဲ့လောက်စစ်တဲ့ကဗျာဝဘ်ဆိုက်မရှိဘူးဆိုတာပေါ့
ခင်ဗျားရှာကြည့်ပါ သူ့ထက်ကောင်တဲ့ဆိုဒ်မျိုးကို တွေ့ပေလိမ့်( ကဗျာသမားတွေက တစ်ဖက်စွန်းရောက်တာကို တွန်းလှန်သင့်တယ် 🙂  )
 By: မောင်မြတ်သူ at Feb 21, 2012
                        By: မောင်မြတ်သူ at Feb 21, 2012
                    Comment #6
ငါနင့်ကိုချစ်တဲ့ အချစ်မှာ အခြားအခြားသော
အကြောင်းအရာ ပိုင်ဆိုင်မှုတွေမပါဝင်ဘူး…
ငါ့အချစ်က…နင့်ကိုချစ်နေဖို့ပဲသိတဲ့ အချစ်ဖြစ်တယ်
..အဲဒီစာသားလေးကိုပိုကြိုက်တယ်…ဗျ
 By: poem.poem28 at Feb 21, 2012
                        By: poem.poem28 at Feb 21, 2012
                    Comment #8
ဆောရီးကိုရွှေကြယ်မိုး
ကျွန်တော်တို့နားလည်မှုလွဲကျတာပါ 🙂
 By: မောင်မြတ်သူ at Feb 22, 2012
                        By: မောင်မြတ်သူ at Feb 22, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
စိတ်ကဘယ်လိုနည်းနဲ့မှ
လေလွင့်မရတော့…
ကျောက်ခဲတွေဆွဲထားသလိုမျိုး
နှစ်ယောက်စလုံးအာရုံတွေ လေးလံနေကြ…
ဒီလိုနဲ့…နှစ်ယောက်စလုံးမျက်ရည်တွေ စွန်းထင်းနေကြ
တစ်ပုဒ်လုံးကို အကို ကြွေပါတယ်
ဒါပေမယ့် ဒီအပိုဒ်က အကို့အာရုံကို
အလှုပ်ကိုင်နိုင်ဆုံးပါပဲ
ချစ်ခင်လျှက် . . .
ကိုသျှား