Professional Authors

မနေ့ကသာနင်နဲ့စကားမပြောရရင် ငါ သေတော့မလို့/သေနိုင်တယ်/သေလိမ့်မယ်

မနေ့ကသာနင်နဲ့စကားမပြောရရင် ငါ သေတော့မလို့/သေနိုင်တယ်/သေလိမ့်မယ်

ကြောင်/ခွေးလေးတွေက သူတို့ခန္ဓာကိုယ်နဲ့ သူတို့ သခင်ရဲ့အနားစွန်းတွေကို
ပွတ်တီးပွတ်သပ်လုပ်လေ့ရှိတယ် ငါနင့်မျက်လုံးတွေကိုမကြည့်ရဲဘူး
ဘယ်အချိန်များနင်ငါ့ကိုသွားတော့လို့ပြောမလဲ ဖရိုဖရဲနိုင်လွန်းနေလှတယ်
နွေးထွေးမှု့ဆိုတာပေးဖို့ကော်ရဖို့ကော်မဖြစ်နိုင်ပါလား…

တစ်ယောက်ယောက် ကိုစောင့်နေလျက်ရှိတာ/အတွက်အစာချန်ထားတာ
တိရိစ္ဆာန်တွေတောင် ချစ်မေတ္တာကိုပြဖို့မခဲယှဉ်းဘူး ငါကနင်နဲ့မထိုက်တာတော့အမှန်ပဲ
ကြာလာရင်နှာခေါင်းတော့ ရောဂါရတော့မယ် အရောင်မှိန်နှေးလွန်းလှတယ်
နင့်အကြောင်း အိမ်မက်မက်ရရင် အကုန်ကောင်းသွားတယ်…

အဲဒီလိုဖြစ်ကြောင်းကို အဲ့ဒီလိုဖြစ်စွာနဲ့ အဲ့ဒီလိုပဲပြောလိုက်ချင်တယ် ဒါပေမယ့်
လက်တွေမှာတော့ ရေပဲသောက်နေရတယ် အဲ့ဒါနဲ့ပဲမျှောချရတယ်
 ဖြစ်နိုင်ရင်တော့ ဘယ်သူမှမမြင်တဲ့နေရာမှာလေ အန်လိုက်ချင်တယ်
နင့်ဆီကတော့ ပျော်ရွှင်မှု့ကိုမျှော်လင့်နေမိတယ်ဆိုတဲ့စကားလေးကို…။…။

၂၂.၁.၂၀၁၂
မြေနံ့
[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 18, 2012
Comment #1

အဲဒီလိုဖြစ်ကြောင်းကို အဲ့ဒီလိုဖြစ်စွာနဲ့ အဲ့ဒီလိုပဲပြောလိုက်ချင်တယ် ဒါပေမယ့်
လက်တွေမှာတော့ ရေပဲသောက်နေရတယ် အဲ့ဒါနဲ့ပဲမျှောချရတယ်
ဖြစ်နိုင်ရင်တော့ ဘယ်သူမှမမြင်တဲ့နေရာမှာလေ အန်လိုက်ချင်တယ်
နင့်ဆီကတော့ ပျော်ရွှင်မှု့ကိုမျှော်လင့်နေမိတယ်ဆိုတဲ့စကားလေးကို…။…။

commentinfo By: May Kha at Feb 18, 2012
Comment #2

arr pay twar par d,

commentinfo By: ei lay at Feb 18, 2012
Comment #3

ကောင်းတယ် အားပေးတယ် ကြိုးစားထား ~~

commentinfo By: X - ray at Feb 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment