Professional Authors

သဘာဝ (ငွေတာရီ)

ချစ်လိုက်တာနော်၊ မပြောသော်လည်း
ချစ်သော်မုချ၊ သိနိုင်စွတည့်။ ။

မုန်းလိုက်တာနော်၊ မပြောသော်လည်း
မုန်းသော်မုချ၊ သိနိုင်စွတည့်။ ။

သို့ပင်သိလည်း
ရီးတိယောင်တောင်၊ ချစ်ဟန်ဆောင်နှင့်
အကြောင်ရိုက်ကာ၊ ပြောခဲ့လှာသော်
ပြန်ကာပြောရ၊ လိုက်သင့်စွတည့်။ ။

ချစ်သည့်မျက်လုံး၊ ၀ှက်ကာဖုံးသော်
အမုန်းမျှပင်၊ မြင်သည့်သွင်ဖြင့်
ချစ်ကြင်မပြ၊ ဆင်ခြင်ရတည့်။ ။

 

ငွေတာရီ ၁၉၅၃ မှာ စပ်ခဲ့တာလို့ ဆိုပါတယ်။

In: ကဗျာ,ငွေတာရီ Posted By: Date: Feb 22, 2012
Comment #1

aww,,,d lo koe,,

commentinfo By: ei lay at Feb 22, 2012
Comment #2

မိုက်ချက်ပဲ~~

commentinfo By: loafer at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment