Professional Authors

လူလည်လေးပါ

 

ဟုတ်ကဲ့..

သူ…(ကျွန်တော့်ချစ်သူပါ)

အမြဲလိုလို အပြုံးလေးနဲ့

ငတုံးလေး…လိုလို….ပေါကြောင်ပြ

ဗိုလ်ကျတဲ့…ကျွန်တော့်အပေါ်…

ချော့မော့ပြီးလည်း…ပျော်စေတတ်တယ်။

 

ဟုတ်ပါတယ်…(သူပါပဲ)

မဟုတ်တာ..တွေ..မလုပ်သလိုနဲ့

အဟုတ်ထင်အောင်..ညာညာပြော

တခါတခါထပ်လည်း ပို…ဖောတတ်သေးတယ်။

 

သိပ်မှန်တာပေါ့

အညတရကျွန်တော်..အလှအပတွေဆင်ကာရေးဖွဲ့…

ရင်ဘတ်ကြီး ..တခြမ်း..အလှုပ်ရပ်

မဟုတ်မဟတ်တွေနဲ့….ဖြားယောင်း…

စွပ်စွပ်စွဲစွဲ လုပ်ဇာတ်တွေ..ဖန်တီးနေတဲ့သူ။

 

အသေချာဆုံးပါပဲ…

ယောင်ချာချာ…စကားလုံးတွေသုံး

ကြောင်သာသာညဏ်ဦးနှောက်နဲ့..

ပေါက်ကရတွေ..သိပ်တတ်..

မလှိမ့်တပတ်နဲ့..ပြုံးပြတတ်တဲ့..သူ

ကျွန်တော့်မှာ…အဲ့ဒီ..ပေါချာလေးပဲ….တပ်မက်နေမိ…..

စွဲငြိလို့…ဖျောက်ဖျက်..နိုင်ဖို့..မဖြစ်နိုင်တော့လောက်သူ…..

…………………….

ဟုတ်ကဲ့………..သူ

သူပါပဲ……ကျွန်တော်…သိပ်ချစ်နေတဲ့သူ။

 

(ဒီအရွယ်ကြီးမှ..စိတ်ကူးယဉ်နေပြန်ပြီ..မမိုးရယ်လို့တော့ မမန့်ကြပါနဲ့ဗျာ…

  ကျွန်တော် ခုတလော နည်းနည်းများများ လွတ်နေလို့ပါ) 

 

In: ကဗျာ Posted By: Date: Feb 17, 2012
Comment #1

စိတ်ကူးထဲက မင်းသားလေးကလည်း..အူကြောင်ကြောင်နိုင်လိုက်တာ အမရာ..ဟဲဟဲ

commentinfo By: poem.poem28 at Feb 17, 2012
Comment #2

သက်ကယ် (အဲလေ… :P) အသဲကွဲမိုး ကဗျာလေးတွေက ကောင်းတယ်

commentinfo By: kantkawmg at Feb 17, 2012
Comment #3

ကဗျာလေးဖတ်ရတာ ပျော်သွားပါတယ်ခင်ဗျာ……..

commentinfo By: nyanlinhtet at Feb 17, 2012
Comment #4

ဒီကဗျာကျတော့ ဒီကဗျာရေးတဲ့အပျိုကြီးလိုပဲ
အူကြောင်ကြောင်ခွကျကျနဲ့နော်
သတိထားဖတ်ကြပါ
ဟဲ ဟဲ ဟဲ

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 17, 2012
Comment #5

အားပေးသွားပါတယ်ဗျာ…..
ကဗျာလေးကောင်းပါတယ်ဗျ……။

commentinfo By: moehtetaung18 at Feb 17, 2012
Comment #6

:'(

commentinfo By: အသဲကွဲမိုး at Feb 17, 2012
Comment #7

he,,he,,
lol,,,
ei lay ko pyaw nay ta lo pe,,nga paw lay,
nyar ma pyaw par bu,,1 ke chit tar par,,ma phaw par bu,,
ma hote ma hat tway ne le ma phyar yaung par bu naw,,
sut sut swe swe loak tar ma hote par bu,,chit loh ta win to tar par,,
ma hlaint ta pat loak tar ka le tway chin lun loh par,,he,,he,,
paout ka ya loak dar ka le pyaw say chin loh par,,
kyaung tar tar ong hnout pe shi tar dot kwint hlut,,

commentinfo By: ei lay at Feb 17, 2012
Comment #8

မိုးရေ…မိုးရဲ့ ကောင်လေးကအူကြောင်ကြောင်ကောင်လေးပဲ… 😛
အလကားနောက်တာနော်..ဟဲ….စိတ်မဆိုးနဲ့..မိုးကဗျာလေးကကောင်းတယ်ဗျာ….. 🙂

ဟုတ်ကဲ့………..သူ

သူပါပဲ……ကျွန်တော်…သိပ်ချစ်နေတဲ့သူ။..

commentinfo By: သက်တန့်ရောင် at Feb 17, 2012
Comment #9

အော် အစ်မတော်အသဲက ပလွတ်ကျပ်နေတာကိုး ဒါဆို ရွာသာကြီးမှာတွေ့ကြတာပေါ့ကွယ်
အစ်မတော်ကို ကျွန်တော်ကိုယ်တိုင်ဆေးကုပေးမယ်ဗျာ 🙂 just kidding
ကဗျာက အရေးအဖွဲ့ပုံစံလေးချစ်ဖို့ကောင်းတယ် အရေးအသားရိုးရိုးရှင်းရှင်းလေးနဲ့ ဖတ်လို့ကောင်းတယ်
ခံစားအားပေးသွားတယ် အစ်မတော်ရေ ။

commentinfo By: X - ray at Feb 18, 2012
Comment #10

ဟုတ်ပါတယ်…(သူပါပဲ)

မဟုတ်တာ..တွေ..မလုပ်သလိုနဲ့

အဟုတ်ထင်အောင်..ညာညာပြော

တခါတခါထပ်လည်း ပို…ဖောတတ်သေးတယ်။

commentinfo By: May Kha at Feb 18, 2012
Comment #11

အင်း အရင်ကဗျာတွေ ဖတ်ရတာထက်စာရင်တော့ ဒီကဗျာက ပျော်ဖို့ကောင်းပါတယ်။ အခုလို လွတ်ထွက် အဲလေ အသည်းကွဲသံသရာကနေ လွတ်မြောက်လာပြီဆိုတော့ ဝမ်းသာပါတယ်။ အဆင်ပြေပါစေ။

commentinfo By: ChIr0N at Feb 18, 2012
Comment #12

ပလပ်ကျွတ်နေတဲ့အမ ကိုအားပေးသွားတဲ့ မောင်လေးညီမလေး
အကိုကြီး များကို အထူးကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Feb 18, 2012
Comment #13

ဟုတ်ကဲ့………..သူ
သူပါပဲ……ကျွန်တော်…သိပ်ချစ်နေတဲ့သူ။
အဟဲ။။။ 🙂 မမိုးရေ
ဒီလိုရေးတော့လည်း ဖတ်လို့ကောင်းတာပဲ။
မမိုးရေ အမြဲအားပေးလျှက်
(ကတုံးလေး)

commentinfo By: gadounlay at Feb 24, 2012
Comment #14

ဟုတ်ကဲ့..
သူ…(ကျွန်တော့်ချစ်သူပါ)
အမြဲလိုလို အပြုံးလေးနဲ့
ငတုံးလေး…လိုလို….ပေါကြောင်ပြ
ဗိုလ်ကျတဲ့…ကျွန်တော့်အပေါ်…
ချော့မော့ပြီးလည်း…ပျော်စေတတ်တယ်။
ဟုတ်ပါတယ်…(သူပါပဲ)
မဟုတ်တာ..တွေ..မလုပ်သလိုနဲ့
အဟုတ်ထင်အောင်..ညာညာပြော
တခါတခါထပ်လည်း ပို…ဖောတတ်သေးတယ်။

commentinfo By: Yanphone at Feb 25, 2012
Comment #15

မာန်..ဘာတွေလုပ်နေလဲ..နေရောကောင်းရဲ့ လား…ကျန်းမာရေးဂရုစိုက်နော်…အရမ်းသတိရတယ်…မာန်….
မာန်..အရမ်းချောလာတယ်…ကျောင်းတုန်းကထက်ပိုချောလာတယ်….. 🙂

commentinfo By: MK at Feb 25, 2012
Comment #16

ဟုတ်ပါတယ်…(သူပါပဲ)

မဟုတ်တာ..တွေ..မလုပ်သလိုနဲ့

အဟုတ်ထင်အောင်..ညာညာပြော

တခါတခါထပ်လည်း ပို…ဖောတတ်သေးတယ်။

commentinfo By: zawthetoo at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment