Professional Authors

*တစ်ယောက်သောသူသို့ လွမ်းခြင်း *

ဘယ်ဘ၀က ၀ဋ်ကြွေးလဲ

မနက်ရောက်တိုင်း တွေးမိတယ်

ရေးဖြစ်တဲ့ စာတွေကလဲ

မေ့မရတဲ့ အတိတ်ကောင်းတွေပဲ…


 

ရက်ဟောင်းတွေကို တွေးကြည့်တိုင်း

ပျော်ခဲတဲ့ သမိုင်းတွေပါပဲလား

ချစ်သူရယ်… အတူရှိတဲ့အချိန်မှာ

မနက်ဖြန်ဆိုတာ ဒီနေ့နဲ့အမွာတွေလိုပဲ…

 

 

ကွန်ပြူတာကို ကြည့်လို့ မျက်ရည်ကျတယ်

တွက်ရေခဲတဲ့နေ့တွေကလဲ ရက်ရှည်နေခဲ့

ခက်ထန်လှတဲ့ မနက်ဖြန်တွေအတွက်

သူ့အပြုံးတွေက ဆက်ရန်အင်အားတွေပဲ…

 

 

သူ့လက်ဖ၀ါးလေးကို ကိုင်လိုက်တိုင်း

မရေရာမှုတွေဟာ အဝေးကိုလွင့်စင်

ရှေ့ဆက်ရမယ့် လမ်းခရီးကလဲ

ပန်းတွေဝေနဲ့တဲ့ ဥယာဉ်လေးလိုပဲ…

 

 

နေ့နဲ့ညမှားအောင် လွမ်းဖူးတယ်

ဒီလိုပြောတော့ ဘယ်သူကယုံမလဲ

အပိုတွေလို့ ဆိုရင်ဆိုလိမ့်မယ်

ငါ့ခံစားချက်ကို ဘယ်သူတွေမြင်နိုင်မလဲ…

 

 

ယုယမှုတွေကင်းတဲ့ သူမရှိတဲ့မနက်ခင်းတွေမှာ

နေမင်းရယ် မင်းအလင်းက ငါ့ကိုပူလှောင်စေတယ်

သူညညဆုတောင်းပေးတဲ့ Sweet Dream နဲ့ဆို

လမင်းရဲ့ အေးမြခြင်းမလိုပဲ ပြည့်စုံနေတယ်…

 

 

ချစ်သူရယ်… အိပ်မက်ထဲမှာ ဆုံမယ်

ှဓာတ်ပုံထဲမှာ အတူတူရှိနေမယ်

ကြယ်မောင်နှမ တွေ့ရင်လွမ်းတယ်

ပြန်ဆုံနိုင်မယ့်အချိန်ကို တမ်းတတယ်…

 

 

လွမ်းလှတဲ့ အချိန်ကိုတွက်လို့

၂၄နဲ့ နှုတ်လိုက်ရင် ၂၃.၉ ဖြစ်နေတယ်

ကြာလာရင် ရိုးသွားမယ်တဲ့

ငါ့အတွက်တော့ ကြာလေ အချစ်တွေတိုးလာလေပဲ…

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

ငါ့အတွက်တော့ ကြာလေ အချစ်တွေတိုးလာလေပဲ…

commentinfo By: kantkawmg at Feb 16, 2012
Comment #2

တစ်ယောက်သောသူကိုလွမ်းတာ…
တစ်ယောက်သောသိပါစေ..ဆုတောင်းပေးပါတယ်။

commentinfo By: poem.poem28 at Feb 16, 2012
Comment #3

ရင်ဘတ်ချင်းတူလို့ .. ခံစားချက်တွေကိုနားလည်နိုင်ပါတယ် ..
အားတင်းထားပါ .. (တို့လဲဒီလိုပဲအားတင်းနေရတာဆိုတော့ )

commentinfo By: နတ်သမီး at Feb 16, 2012
Comment #4

so much good,
so much perfect,
so much like,

commentinfo By: ei lay at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment