Professional Authors

ဆိုကရေးတီးအစဉ်အလာ

နံရံခပ်ကြမ်းကြမ်းမှာ ချိတ်ဆွဲ

ငါဟာ စိတ်ကူးတစ်ခြမ်းပျောက်

ဒဿန ဖုန်မှုန့်

အင်္ကျီအဟောင်းကြီးရဲ့ ဖာရာ ထေးရာ ကြား  နုတ်ဆက်

လောကနဲ့ ငါ နားမလည်ခဲ့ကြ

ငါက ငါ့ကို တူး

အရောင်မျိုးစုံ…

စုတ်ချက် နု၊ ရင့်၊ ဆေးစက်တွေ၊ ကာရန်မဲ့ ၊ ဗလာနယ်၊ ကောက်ကြောင်း

အဲ့ဒီ အက္ခရာ နှစ်လုံးထဲကိုပဲ

နှစ် လတွေကြာ …

ဟော့ဒီ ဘယ်ဘက်ရင်အုံမှာ ထည့်လို့ …

ခွက်ဟာ နုတ်ခမ်း ပဲ့ပဲ့၊ မှေး မိန်မိန်

အရောင်တလတ်လတ် ရှင်သန်

တစ်ခါတစ်ခါ အပူတွေ ဖွင့်ချ

ဒီအရသာပိုနက်တယ်

မိုးငွေ့ အမြောက်အမြား နဲ့ မီးခိုးတွေ ရွှာချ

မြေသင်းရနံ့နဲ့ မော်ဒန်အိမ်လေးထဲ …

ဆိုကရေးတီးဟာ ငါ့အတွက်လင်းနေတယ် ။     ။

                                                                          စုန်းပြူး

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

ရေးထားသမျှ ဒါနောက်ဆုံးပဲ…..

commentinfo By: sone.pyuu at Feb 16, 2012
Comment #2

set ma yae dot bu lar?

commentinfo By: ei lay at Feb 16, 2012
Comment #3

လောကနဲ့ ငါ နားမလည်ခဲ့ကြ

ငါက ငါ့ကို တူး

အရောင်မျိုးစုံ…

စုတ်ချက် နု၊ ရင့်၊ ဆေးစက်တွေ၊ ကာရန်မဲ့ ၊ ဗလာနယ်၊ ကောက်ကြောင်း

အဲ့ဒီ အက္ခရာ နှစ်လုံးထဲကိုပဲ

နှစ် လတွေကြာ …
ကဗျာလေးတွေကောင်းတယ်

commentinfo By: အသဲကွဲမိုး at Feb 16, 2012
Comment #4

ကျေးကျေး

commentinfo By: sone.pyuu at Feb 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment