Professional Authors

ခွဲခွာချိန်

အလွမ်းရင့်ရင့် သီချင်းတစ်ပုဒ်
ပေါင်မုန့်တစ်လုံး ကော်ဖီတစ်ခွက်
အဲ့လိုအိမ်မက်လေးကို ချစ်တယ်……။

မနေ့က စကားဝိုင်းမှာ
ကောင်းကင်က တိမ်ညိုတွေကို
အလွမ်းရောင်တွေ သိပ်မငြို့ ပါနဲ့ကွယ်တဲ့…..။

ဝေးခဲ့ကျပြီပဲ သတိတော့ထားပေါ့
မလွမ်းမိဖို့ အတိတ်က မချိုဖူးလေ…..။

ပြန်မလာပါနဲ့ ငဲ့ကြည့်တိုင်း
မင်းဘေးနားမှာရှိနိုင်တဲ့ “ငါ” မဟုတ်တော့ဖူးလေ….။

လှလိုက်တဲ့ မနက်ဖြန်
မင်းလှမ်းတက်သွားပါတော့
ဒီနေ့မှာ ငါပျော်အောင်နေပါ့မယ်….။

In: ကဗျာ Posted By: Date: May 21, 2012
Comment #1

ကဗျာလေးကကောင်းလိုက်တာ……..

commentinfo By: May Kha at May 21, 2012
Comment #2

ကျေးဇူးပါပဲ ခင်ဗျာ…….။

commentinfo By: Arkar Do at May 21, 2012
Comment #3

oh,,,,,,,,
khwe de so tar kaung bu,
kwe de so tar le kaung bu,
2 khu lone ei lay kyike bu.

commentinfo By: ei lay at May 22, 2012
Comment #4

အပိုဒ်တိုင်း အပိုဒ်တိုင်းမှာအလွမ်းတွေကိုခံစားလို့ရတယ်။သိပ်ကောင်းတဲ့ကဗျာပဲ။

commentinfo By: zuzu at May 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment