Professional Authors

…………လိုလေးလေးလို…………

မနက်အိပ်ရာထ

ပေါင်မုန့်မီးကင်ပေါ်ကြက်ဥကြော်လေးက

ပြုံးပြနေတဲ့နေမင်းကြီးလို. . .

နေ့လည်ဘက်

ပုံမှန်တစ်ခွက်က

ချိုရဲရဲPopတစ်ပုဒ်လို. . .

ညနေစာ

ထမင်းသုပ်လေးက

ဖြူလွှလွှလရောင်တစ်ဆုပ်လို. . .

ညလယ်စာ

လက်ဖက်နှပ်တစ်လုတ်က

သောက်လက်စကဗျာတစ်ပုဒ်လို. . .

နှုတ်ခမ်းထောင့်လေးက

မရဲတရဲထွက်ထွက်ကျတဲ့…….သူ့…အပြုံးလေးတွေက

လရောင်လွှမ်းတဲ့ကြယ်စင်တန်းလေးလို ။
                                               
Ray
                
14th February ,2012.
00:45 am

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

he,,he,,
i like both title & poem.
so much cute.

commentinfo By: ei lay at Feb 15, 2012
Comment #2

‘နှုတ်ခမ်းထောင့်လေးက
မရဲတရဲထွက်ထွက်ကျတဲ့…….သူ့…အပြုံးလေးတွေက
လရောင်လွှမ်းတဲ့ကြယ်စင်တန်းလေးလို’

တော်တော်လေး လှတဲ့ အဖွဲ့

commentinfo By: kantkawmg at Feb 15, 2012
Comment #3

ကဗျာလေး ခံစားအားပေးသွားကြတဲ့ မအိလေး နဲ့ ကိုကံ့ကော်မောင် ကျေးဇူးအားကြီးတင်တယ်ဗျာ
နောင်လည်း ကျွန်တော့ကဗျာတွေကို စိတ်ထဲရှိတဲ့အတိုင်းဝေဖန်ပေးကြပါ ။
With respect,
RAY

commentinfo By: X - ray at Feb 15, 2012
Comment #4

CUTE POEM ..ပါပဲ…အမ အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Feb 15, 2012
Comment #5

အားပေးသွားတယ်နော်…

commentinfo By: May Kha at Feb 15, 2012
Comment #6

ကျွန်တော့ကဗျာလေးကို ဖတ်သွား အားပေးသွားတဲ့ အစ်မတော်အသဲကွဲမိုး နဲ့ မမေခ ကိုကျေးဇူးအထူးတင်ပါတယ် နောက်များမှာလည်း ကျွန်တော့ကဗျာတွေလိုတာလေးတွေရှိရင် ထောက်ပြပေးပါနော် ကဗျာလေးဖတ်သွားကြတဲ့ ညီအစ်ကိုမောင်နှမအားလုံးကျေးဇူးပါဗျာ ။
With respect,
RAY

commentinfo By: X - ray at Feb 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment