Professional Authors

မူး ပြီးရော

တနေ့က တူမလေးလိုဖြစ်နေတဲ့ ကောင်မလေးတယောက် (ကောင်မလေးသာပြောတယ်၊ ၃၂ နှစ်ရှိပြီ၊ ကလေးသုံးယောက် အမေ) လာလို့ ‘လေးလေးအတွက် ကူးထားတာ ကြာပြီ၊ မတွေ့လို့ မပေးဖြစ်တာ’ ဆိုပြီး ဒီကဗျာလေးကို ပေးသွားတယ်။ တဆက်ထဲမှာပဲ ‘လေးလေးလဲ ရွေးမနေနဲ့တော့’ ဆိုလို့ ဖတ်ကြည့်လိုက်တော့…

 

ဒီလိုနဲ့
ကျွတ်ခဲ့ပေါ့ တဝါ။
ကိုယ့်မှာတော့ တယောက်တည်း
လူပျိုကြီးပါ။

ဒီတခါ
စွံပါဖို့ အကြောင်း။
တခု မကပါဘု
နှစ်ခုပင် လပ်စေတော့
ရွေးနေရင် အကြောင်း မထူးတာမို့
ရရာကို အမြန်ပေါင်းတော့မယ်
ဟောင်းချင်သလောက် ဟောင်း။ ။

 

ဘယ်က ရတယ်၊ ဘယ်သူ စပ်တယ်တော့ သူ မမှတ်ထားလိုက်မိဘူးတဲ့။ ဘယ်သူ စပ်တယ်ဆိုတာ ဒီ Poems Corner က ညီ၊ အစ်ကို၊ အစ်မ၊ ညီမတွေ ထဲက သိတဲ့သူများရှိရင် မန့်ခဲ့ပေးကြပါ။

In: ကဗျာ Posted By: Date: Feb 13, 2012
Comment #1

တူမလေးကအသက် 32 ဆိုတော့……..ဦးလေးက ကော …:P
(စတာပါ…..အားပေးသွားပါတယ်…အမြန်လူပျိုကြီးဘ၀သက်တမ်းကုန်ပါစေလို့တောင်းဆုပြုရင်း)

commentinfo By: May Kha at Feb 13, 2012
Comment #2

ဦးလေးအသက်က… ၁၆ နှစ် ၁ ရက် ရော့

commentinfo By: kantkawmg at Feb 13, 2012
Comment #3

kwi,,kwi,,
rofl,,

commentinfo By: ei lay at Feb 13, 2012
Comment #4

ok….thanks for let me know your age.
😛

commentinfo By: May Kha at Feb 13, 2012
Comment #5

ဘာ…….၆၁နှစ် ၁ရက်လျော့ဆိုတော့ တော်တော်ကြီးနေပြီဘဲ ဦးလေးကံ့ကော်မောင်အသက်က 🙂
နောက်တာပါဗျ စိတ်မရှိနဲ့နော်
ကဗျာလေး တိုပေမယ့် ဖတ်လို့ကောင်းတယ်ဗျ
ဒီကဗျာကို ဘယ်သူစပ်လဲဆိုတာတော့ကျွန်တော်မသိကြောင်းပါ ။

commentinfo By: X - ray at Feb 13, 2012
Comment #6

Cross Ray (အဲလေ…) X-Ray ရဲ့ comment မှာ typo error ဖြစ်နေတယ်။

၁၆ နှစ် ၁ ရက် ရော့ ဖြစ်ရမှာ… 😀

commentinfo By: kantkawmg at Feb 15, 2012
Comment #7

မိုက်တယ်ဗျာ.. စာသားလေးတွေ.. ထိထိမိမိ ရှိတယ်..

commentinfo By: EA NI MIN at Feb 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment