Professional Authors

မင်းလေးသိပါစေ…

လူချင်းနီးပြီး အချစ်ဝေးနေနေရတဲ့ ဘဝ
တွေ့တိုင်းလည်း နှုတ်မဆက်ရဲ
ခိုးချစ် ခိုးကြည့်ရတဲ့ ဘဝမျိုး
ဘယ်တော့မှ လွတ်ပါမလဲ….

နေညိုပြီဆို ခွဲရစမြဲမို့
တစ်နေ့တစ်ခါလောက်တော့ တွေ့ချင်မိတယ်
သူ့အပြုံးတစ်ချက် အကြည့်တစ်ချက်ကြောင့်
ဘယ်သူမှ မမြင်နိုင်၊မကြားနိုင်တဲ့ ရင်ခုန်သံတစ်ချို့
ရုတ်တရက် ခုန်ခဲ့ဘူးတယ်။

ဘဝရှေ့ရေး တောင်းဆုပြုကာ
ပန်းတိုင်ရည်မှန်း အချစ်ပန်းကို ထိနမ်းခွင့်ရချင်မိ..
မကြုံဘူးတော့ အချစ်ရှုးတာလားမသိ
ဖြစ်နိုင်ပါတယ်…
အချစ်စစ်ဆိုတာ ရှုးလောက်အောင်ချစ်မှ အချစ်တဲ့……

ဘယ်သူသိမလဲ
ဒီအချစ်တွေကို
ညဆိုလည်း အလွမ်းတွေနဲ့ပြည့်
ကြည်နှုးမှုရဲ့ အပြုံးတစ်ချက်က
အိပ်မရအောင် လုပ်တတ်တယ်…

မဖိတ်ခေါ်ဘဲ ရောက်လာ
နှုတ်မဆက်ဘဲ ထွက်မသွားပါနဲ့ကွာ..
ချစ်မိတာဟာ ပုံပြင်မဟုတ်ပါ…

ထီ ထိုးသလိုမျိုး
အချစ်ရွေးရတာ ခက်ပါတယ်..
ပေါက်ဂဏန်းရပေမဲ့လည်း လက်မှတ်မရသေးတော့ ခက်သားပဲ….

အချစ်ကြီး ချစ်ခဲ့ပြီးမှ
အဆုံးမှာ Free kick နဲ့တော့
အနိုင်မယူပါနဲ့ကွာ…

အချစ်ဖလားကို ရဖို့
ပနသီကန်ဆိုလည်း ကန်ပါမယ်….

ချစ်လွန်းလို့ပါကွာ
ပုံတွေပြောတာမဟုတ်ပါဘူး
အချစ်ဦးမို့ တစ်သက်လုံးပဲ
ချစ်ရပါစေကွာ………..

အချစ်ရဆုံး သူတွေ အမြန်ဆုံး ချစ်ခွင့်ရကြပါစေ….
                                                                စိုး…………..

In: ကဗျာ Posted By: Date: Feb 6, 2012
Comment #1

ဘောလုံးကွင်းထဲေ၇ာက်သွားသလိုပဲ……….:P

commentinfo By: May kha at Feb 6, 2012
Comment #2

လူချင်းနီးပြီး အချစ်ဝေးနေနေရတဲ့ ဘဝ
တွေ့တိုင်းလည်း နှုတ်မဆက်ရဲ
ခိုးချစ် ခိုးကြည့်ရတဲ့ ဘဝမျိုး
ဘယ်တော့မှ လွတ်ပါမလဲ….

နေညိုပြီဆို ခွဲရစမြဲမို့
တစ်နေ့တစ်ခါလောက်တော့ တွေ့ချင်မိတယ်
သူ့အပြုံးတစ်ချက် အကြည့်တစ်ချက်ကြောင့်
ဘယ်သူမှ မမြင်နိုင်၊မကြားနိုင်တဲ့ ရင်ခုန်သံတစ်ချို့
ရုတ်တရက် ခုန်ခဲ့ဘူးတယ်။

commentinfo By: kantkawmg at Feb 6, 2012
Comment #3

mike de kwar

commentinfo By: ei lay at Feb 7, 2012
Comment #4

Thanks to May Kha, ko kantkawmg and me ei..

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment