Professional Authors

ငြိမ်းချမ်းရေးသို့ (ကသစ်နီ)

သေအံ့ ဆဲဆဲနာရီများထဲက
ငါတို့ (လုံးဝငါတို့ )
တရှိန်ထိုးပြေးထွက်ခဲ့ တယ်
ကဗျာတစ်ပုဒ်လုံးမှာ
အပစ်အခတ်
ရပ်ဆဲထားတော့ 
မေတ္တာတရားပဲမြင်ရပါလိမ့် မယ်
အလင်းနဲ့ အမှာင်ကိုချိတ်ဆတ်ဖို့ 
ကဗျာတစ်ပုဒ်တော့ 
အနည်းဆုံးလိုချင်လိုလာလိမ့် မယ်
တူညီမျှတတဲ့ လူ့ အခွင့် အရေးအတွက်
လက်မှတ်တစ်ခုထက်ပိုတဲ့ 
ကတိက၀တ်တွေ
စာချုပ်ထဲမှာပါဖို့ လိုမယ်
……….
ငါတို့ 
နှစ်ထောင့် ဆယ့်နှစ်ရဲ့ 
အသစ်စက်စက်မနက်ဖြန်တွေကို
ငြိမ်းချမ်းရေးနဲ့ 
မျက်နှာသစ်ကြစို့ 
စစ်
ကမ္ဘာမှာ
နေရာမရှိစေရ။။

                                 ကသစ်နီ

In: ကဗျာ Posted By: Date: Feb 6, 2012
Comment #1

ငါတို့ 
နှစ်ထောင့် ဆယ့်နှစ်ရဲ့ 
အသစ်စက်စက်မနက်ဖြန်တွေကို
ငြိမ်းချမ်းရေးနဲ့ 
မျက်နှာသစ်ကြစို့ 
စစ်
ကမ္ဘာမှာ
နေရာမရှိစေရ။။

commentinfo By: May Kha at Feb 6, 2012
Comment #2

တူညီမျှတတဲ့ လူ့ အခွင့် အရေးအတွက်
လက်မှတ်တစ်ခုထက်ပိုတဲ့ 
ကတိက၀တ်တွေ
စာချုပ်ထဲမှာပါဖို့ လိုမယ်

commentinfo By: kantkawmg at Feb 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment