သူက…..ကျုပ်..ချစ်သူလေ….
စူဠလိပ်ကိုရေထဲ လွှတ်တဲ့အမတ်….
ပပ၀တီကို ချစ်မိတဲ့ မင်းကုသ….
မယ်သီတာကိုစွဲလန်းတဲ့ အမောင် ဒဿ..
မင်းတို့အားလုံးထက် ငါ..ပိုအတယ်..
ချစ်တယ်ပြောဖို့ ၀န်လေးတဲ့သူက
ကျုပ်ချစ်သူ….
မယုံမရှိနဲ့ အဲဒါအမှန်တရား…
ကျုပ်ကို ချစ်တယ်လို့ သူဘယ်တုန်းကမှမပြောခဲ့ဖူးဘူး
ဒါပေမယ့်…သူနဲ့ ကျုပ်က ချစ်သူတွေ…
အဖြေရှာရင်းသာဝေးသွားတယ်..
ကျုပ်လို ငအ…
အဆင်ခြင်မဲ့ခဲ့တယ်….
ဘာပဲဖြစ်ဖြစ်…
သူက ကျုပ်ချစ်သူလေ…
ချစ်တယ်လို့ မကြားရတာကလွဲလို့
ကျုပ်ရဲ့ ချစ်သူပေါ့…
နှစ်ယောက်ပေါင်းမှ တစ်ဘ၀ဆို
တစ်ခြမ်းတည်းရှိတဲ့ ကျုပ်ဘဝ
ဘယ်ပြည့်စုံနိုင်ပါ့မလဲ…..
သူမလာချင်ပေမယ့်လဲ
သူက ကျုပ်ချစ်သူလေ………
ချစ်ခဲ့ရသလောက်..
သူပြန်ပေးခဲ့တာက ဒဏ်ရာတွေ…
ပျော်စရာဆိုတာဝေးခဲ့ပေမယ့်..
ကျုပ်..စိတ်မပျက်ပါဘူး…
သူက ကျုပ်ချစ်သူလေ……
ဝေးနေရတဲ့ သကာလ….
တစ်ဖက်သက် တမ်းတခြင်းတွေနဲ့
သတိရခြင်းမခံရတဲ့ ကျုပ်…
သူ့ရင်ထဲမှာ…
အပ်တစ်ဖျားစာ တစ်နေရာရရင်ပဲ…
သေလောက်အောင် ပျော်ရမယ့်သူပေါ့…
ဒါပေမယ့်လဲ နေပျော်ပါတယ်….
သူက… ကျုပ်ချစ်သူလေ…..
အလိုချင်ဆုံးတစ်ခု
တခါတလေမှာ တောင့်တမိတာပ….
ကမ္ဘာမြေပေါ်ရှိရှိသမျှ
ဘာမှမရလဲ ကျုပ်ကျေနပ်တယ်
သူပြောလာမယ့် ချစ်စကားတော့
ကြားချင်မိသပေါ့…….
အိပ်မက်ထဲမှာတောင် ကြားခွင့်မရခဲ့ပါဘူး
ဒါပေမယ့်လဲ……
…………………
သူက ကျုပ်ချစ်သူလေ…………..
ဘာတွေပဲဖြစ်နေနေပါ…. ကျုပ် အသက်ရှင်နေသရွေ့….. သူက ကျုပ်ချစ်သူလေ…….
Comment #3
ချစ်တယ်ပြောဖို့ ၀န်လေးတဲ့သူက
ကျုပ်ချစ်သူ….
မယုံမရှိနဲ့ အဲဒါအမှန်တရား…
ကျုပ်ကို ချစ်တယ်လို့ သူဘယ်တုန်းကမှမပြောခဲ့ဖူးဘူး
ဒါပေမယ့်…သူနဲ့ ကျုပ်က ချစ်သူတွေ…
 By: May Kha at Feb 5, 2012
                        By: May Kha at Feb 5, 2012
                    Comment #5
100% right.
i agree with u
 By: ei lay at Feb 7, 2012
                        By: ei lay at Feb 7, 2012
                    Comment #6
ဒါပေမယ့်လဲ……
…………………
သူက ကျုပ်ချစ်သူလေ…………..
 By: ma at May 15, 2012
                        By: ma at May 15, 2012
                    Comment #7
သူက ကျုပ်ချစ်သူလေ စောက်ရမ်း ကြိုက်သွားပြီဗျာ
 By:ုMr.L at May 15, 2012
                        By:ုMr.L at May 15, 2012
                    Comment #8
hote pa,,
chit de loh 1 khar ma pyaw phu bu,
 By: ei lay at May 15, 2012
                        By: ei lay at May 15, 2012
                    Comment #9
u r mine.
🙂
 By: ei lay at Nov 5, 2012
                        By: ei lay at Nov 5, 2012
                    Comment #10
*-*
*-*
*-*
 By: ei lay at Feb 13, 2013
                        By: ei lay at Feb 13, 2013
                    Comment #11
ကျွန်မမှာချစ်သူရှိတယ်
ကျွန်မကိုချစ်တယ်လို့၁ခါမှမပြောဖူးဘူး
😛
 By: ei lay at Mar 11, 2013
                        By: ei lay at Mar 11, 2013
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ဘာတွေပဲဖြစ်နေနေပါ…. ကျုပ် အသက်ရှင်နေသရွေ့….. သူက ကျုပ်ချစ်သူလေ…