Professional Authors

လက်ကိုင်စာတန်း

လက်ကိုင်စာတန်း

ခက်ပြီ ခင်ဗျားတို့ကို ကျုပ်ကရူးနေပါတယ်လို့
ပြောတုန်းကတော့ ရယ်စရာအဖြစ်သဘောထားကြတယ်
အခု ကျုပ်အရူးတစ်ယောက်လိုနေထိုင်တော့မှ
မင်းရူးနေလားလို့ လာမေးကြတယ်
ကျုပ်အစကတည်းကပြောပြီးပါပကော်
ကျုပ်စိတ်မမှန်ဘူးလို့လေ…

လုပ်ပြီ ခင်ဗျားတို့ကို ကျုပ်ကလူမဟုတ်ပါဘူးလို့
ပြောတုန်းကတော့ ဘာမှမဟုတ်သလိုသဘောထားကြတယ်
အခု ကျုပ်လူမဆန်တဲ့အပြုအမူတွေလုပ်တော့မှ
မင်းလူမဟုတ်ဘူးလားလို့ လာမေးငေါ့ကြတယ်
ကျုပ်အစကတည်းကကြောငြာပြီးပါပကော်
ကျုပ်ကမကောင်းဆိုးဝါးပါလို့လေ…

သွားပြီ ခင်ဗျားတို့ကို ကျုပ်ကမချစ်တတ်ပါဘူးလို့
ပြောတုန်းကတော့ မယုံသလိုလို ဘာလိုလိုနဲ့
အခု ကျုပ်အေးစက်စက်နေတော့မှ
မင်းနှလုံးသားမရှိဘူးလားလို့ လာရှည်ကြောနေတယ်
ကျုပ်အစကတည်းက ၀န်ခံပြီးပါပကော်
ကျုပ်လူတွေကိုမုန်းတယ်လို့…။…။

မြေနံ့
၁၅.၄.၂၀၁၀
[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 4, 2012
Comment #1

လုပ်ပြီ ခင်ဗျားတို့ကို ကျုပ်ကလူမဟုတ်ပါဘူးလို့
ပြောတုန်းကတော့ ဘာမှမဟုတ်သလိုသဘောထားကြတယ်
အခု ကျုပ်လူမဆန်တဲ့အပြုအမူတွေလုပ်တော့မှ
မင်းလူမဟုတ်ဘူးလားလို့ လာမေးငေါ့ကြတယ်
ကျုပ်အစကတည်းကကြောငြာပြီးပါပကော်
ကျုပ်ကမကောင်းဆိုးဝါးပါလို့လေ…

commentinfo By: ဇော်သက်ဦး at Feb 4, 2012
Comment #2

ha,,ha,,
he,,he,,
lol,,,
mike de,,

commentinfo By: ei lay at Feb 4, 2012
Comment #3

သွားပြီ ခင်ဗျားတို့ကို ကျုပ်ကမချစ်တတ်ပါဘူးလို့
ပြောတုန်းကတော့ မယုံသလိုလို ဘာလိုလိုနဲ့
အခု ကျုပ်အေးစက်စက်နေတော့မှ
မင်းနှလုံးသားမရှိဘူးလားလို့ လာရှည်ကြောနေတယ်
ကျုပ်အစကတည်းက ၀န်ခံပြီးပါပကော်
ကျုပ်လူတွေကိုမုန်းတယ်လို့…။…။

commentinfo By: May Kha at Feb 4, 2012
Comment #4

ကျုပ်အစကတည်းက ၀န်ခံပြီးပါပကော်
ကျုပ်လူတွေကိုမုန်းတယ်လို့…။…။

commentinfo By: အသဲကွဲမိုး at Feb 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment