Professional Authors
သုညတစ်လုံးရဲ့ အရှုံးရာဇ၀င်
…တိမ်ဖုံးတဲ့ညတွေမှာ…
ဘ၀ကပေးတဲ့ ဆုလာဘ် အရှုံးတဲ့လားကွယ်…
သုညတစ်လုံးရဲ့အတိတ်ကို သမိုင်းအဖြစ်
ဘယ်ရာစုနှစ်ကမှ ရွှေမချကျတာ မဆန်းပါဘူး…
 အခါလွန်တဲ့မိုးပဲလေ…
… နောင်တတွေ တစွေစွေနဲ့ပေါ့…
 အေးစက်စက် အကြည့်တွေကြားမှာ
ငါက ခဏ ခဏ ချော်လဲလို့ကောင်းတုန်း…
 ကျေးဇူးပြုပြီး.
.မနွေးထွေးတဲ့လက်တွေနဲ့ ငါ့ကိုထူမတ်ဖို့ မကြိုးစားပါနဲ့…
 ငါ့ရင်က သွေးနဲ့ပဲ ငါ့လမ်းကို ဆေးစက်ချမယ်…
 (သေချာပါတယ်)
 ရာဇ၀င်မှာ ငါက စူဠလိပ်ကို ရေထဲလွှတ်ခဲ့တဲ့အမတ်
 (အခုတော့..)
 ငါကိုယ်တိုင် အနာဂတ်တွေကြားမှာ စုန်းစုန်းမြုပ်လို့ပေါ့…..။ ။
In: ကဗျာ Posted By: Date: Aug 5, 2012
Comment #1
title ka a yann mike de.
commentinfo By: ei lay at Aug 5, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment