Professional Authors

လမင်းခေါင်းအုံး

” လမင်းခေါင်းအုံး “

လမ်းမရှိတဲ့လမ်းမှာ နှစ်ချို့အဆိပ်ပုလင်းလေးနဲ့
အပယ်ခံကောင်လေးတစ်ယောက်
သူစိတ်မနာဝံ့တဲ့ လောကနွေကို
ကြိုးစားပမ်းစား စိတ်နာကြည့်နေလေရဲ့
လူယဉ်ကျေးတို့ရဲ့ မကြားဝံ့မနာသာ ရိုက်ချက်တွေ
မတူမတန်သလို ခွဲခြားမှုရောင်စုံမျက်ဝန်းများကြား
သူ ထမင်းရည်ပူစည်းပေါ်ရပ်ရင်း အောင်လံထူခဲ့ရ
အညတရကောင်းကင်မှာ နေစာလှုံရင်း အလင်းငတ်
စိတ်သတ်သမားတို့ရဲ့ ပါးစပ်တွေကို မုန်းလာတယ်
ကျောတစ်ခင်းစာ ဇရပ်အိုလေးဟာ သူ့အတွက်
ဘုရင့်နန်းထက်က သဉ္ဖာညောင်စောင်း
ငွေကိုရေဖို့ သူက လက်ညောင်းတတ်သေးသတဲ့
ဘာကိုမှ ဆုပ်ကိုင်မထားချင်တဲ့ သူ့ဆန္ဒက
ဗလာနယ်ထဲမှာတောင် သုညတစ်လုံး မရေးချင်ပြန်ဘူး
အားနည်းသူကို ကူညီတတ်တယ်ဆိုတဲ့ မြန်မာပြည်
သူလိုလူမျိုးကို ကူညီတဲ့အဓိပ္ပါယ်က အခိုင်းအစေ
နင်းပြားဆိုတဲ့ ဝတ်ရုံကလည်း သူနဲ့တော်ရုံတန်ရုံ
ခြုံပေါ်ရောက်အောင် စိုင်ကော်ခိုင်းရမတဲ့
ရယ်သံတွေတောင် အက်လာပြီ မေမေ
ဒဏ်ရာဒဏ်ချက်တွေ ဖာဖို့ထေးဖို့ မတတ်နိုင်သေးသမျှ
လခြမ်းကွေးကွေးပေါ် ကျွန်တော် အိပ်ပျော်အောင် အိပ်နေဦးမှာပါ။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jan 24, 2012
Comment #1

စကားလုံးရွေးချယ်မှုလေးတွေ သဘောကျတယ်ဗျာ

ခင်မင်စွာ အားပေးလျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jan 24, 2012
Comment #2

ထပ်ခါထပ်ခါဖတ်သွားပါကြောင်းးးးး

commentinfo By: sharon myorr myor at Jan 25, 2012
Comment #3

ဘာကိုမှ ဆုပ်ကိုင်မထားချင်တဲ့ သူ့ဆန္ဒက
ဗလာနယ်ထဲမှာတောင် သုညတစ်လုံး မရေးချင်ပြန်ဘူး
အားနည်းသူကို ကူညီတတ်တယ်ဆိုတဲ့ မြန်မာပြည်
သူလိုလူမျိုးကို ကူညီတဲ့အဓိပ္ပါယ်က အခိုင်းအစေ
နင်းပြားဆိုတဲ့ ဝတ်ရုံကလည်း သူနဲ့တော်ရုံတန်ရုံ
ခြုံပေါ်ရောက်အောင် စိုင်ကော်ခိုင်းရမတဲ့
ရယ်သံတွေတောင် အက်လာပြီ မေမေ
ဒဏ်ရာဒဏ်ချက်တွေ ဖာဖို့ထေးဖို့ မတတ်နိုင်သေးသမျှ
လခြမ်းကွေးကွေးပေါ် ကျွန်တော် အိပ်ပျော်အောင် အိပ်နေဦးမှာပါ။
ကဗျာလေး အရမ်းနှစ်သက်မိပါတယ်ခင်ဗျာ..အားပေးသွားပါတယ်လို့

commentinfo By: အသဲကွဲမိုး at Jan 25, 2012
Comment #4

ဒဏ်ရာဒဏ်ချက်တွေ ဖာဖို့ထေးဖို့ မတတ်နိုင်သေးသမျှ
လခြမ်းကွေးကွေးပေါ် ကျွန်တော် အိပ်ပျော်အောင် အိပ်နေဦးမှာပါ။

commentinfo By: May Kha at Jan 25, 2012
Comment #5

စိတ်သတ်သမားတို့ရဲ့ ပါးစပ်တွေကို မုန်းလာတယ်

commentinfo By: NC at Jan 25, 2012
Comment #6

ခြုံပေါ်ရောက်အောင် စိုင်ကော်ခိုင်းရမတဲ့
ရယ်သံတွေတောင် အက်လာပြီ မေမေ
ဒဏ်ရာဒဏ်ချက်တွေ ဖာဖို့ထေးဖို့ မတတ်နိုင်သေးသမျှ
လခြမ်းကွေးကွေးပေါ် ကျွန်တော် အိပ်ပျော်အောင် အိပ်နေဦးမှာပါ။

commentinfo By: terry at Jan 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment