“ကဗျာရေးသည် “
နေမြင်.ပြီးသား ဦးနှောက်ကို
တီးခေါက်ကြည်.မိတာလည်း ခဏခဏ
ချိုကျိုးနားရွက်ပဲ. အလင်္ကာတွေပဲ
ဒလိမ်.ကောက်ကွေး ကျလာတယ်
အနုပညာကို ဖက်ရှင်လို ချုပ်ဝတ်ကြတဲ.
တစ်ချို. တစ်ချို.တွေနဲ.
လွတ်လပ်စွာ သဘောထားကွဲလွဲတယ်
မကျေနပ်လည်း နာမည်တပ်ပြီး မဆဲကြေး
ဘ၀ဆိုတာ မီးပုံးပျံကြီး
တစ်ချိန်ချိန် အောက်ပြန်ကျမှာ သိပေမယ်.
သိက္ခာရှိရှိ ပျံသန်းကြမယ်
ကြီးကောင်ကြီးမားနဲ.
ဟိုမရောက်ဒီမရောက်ဖြစ်နေရင်သာ မျက်စိနောက်စရာ
တစ်ချို.လူတွေက ကိုယ်ဖြစ်ချင်တာတွေ
ဖြစ်အောင်လုပ်နိုင်တာ ဂုဏ်ယူကြတယ်
တစ်ချို.က လုပ်ချင်တာတွေကို
မလုပ်ဖြစ်အောင် ထိန်းနိုင်တာက မှ အရည်အချင်းတဲ.
(ကိုယ်.ကိုယ်ကို) ဘာဖြစ်ချင်နေမှန်း မသိတဲ.
ကျွန်တော် က ဘာမှ မပြောတော.ဘဲ
အဲဒီလူနှစ်မျိုးလုံးအတွက် လက်ခုပ်နာနာလေး ဖိတီးဖြစ်တယ်
“မဟုတ်သေးဘူး အဖေ
ဝီရိယနဲ. အောင်မြင်မှုသာ တိုက်ရိုက် အချိုးကျရင်
ပိုအားစိုက်နင်းရတဲ. စက်ဘီးက
မော်တော်ကားထက် ပိုမြန်နေမှာပေါ.”
ဆင်ခြေတွေ ပေးပြီး အပျင်းထူခဲ.တယ်
တကယ်တော. အသံကျယ်သလောက်
ခရီးမရောက်တဲ. အဖေ.သားကမှ
“ထော်လာဂျီ “
ကြယ်စင်တွေ အခိုင်လိုက်ပွင်.တဲ.ကြားက
ပိုးစုန်းကြူးလေး ကျွန်တော်လည်း
တစ်နိုင်တစ်ပိုင်တော. “လင်း “ကြည်.ခဲ.ပါရစေ
ရင်ဘတ်ချင်းမတူခဲ.ရင်
ဒီကဗျာကို မဖတ်ခဲ.သလိုပဲ သဘောထားလိုက်ပါ
Comment #2
တစ်ချို.လူတွေက ကိုယ်ဖြစ်ချင်တာတွေ
ဖြစ်အောင်လုပ်နိုင်တာ ဂုဏ်ယူကြတယ်
တစ်ချို.က လုပ်ချင်တာတွေကို
မလုပ်ဖြစ်အောင် ထိန်းနိုင်တာက မှ အရည်အချင်းတဲ.
(ကိုယ်.ကိုယ်ကို) ဘာဖြစ်ချင်နေမှန်း မသိတဲ.
ကျွန်တော် က ဘာမှ မပြောတော.ဘဲ
အဲဒီလူနှစ်မျိုးလုံးအတွက် လက်ခုပ်နာနာလေး ဖိတီးဖြစ်တယ်
ကြိုက်တယ်ဗျာ
By: အသဲကွဲမိုး at Jan 22, 2012
Comment #3
ကြိုက်သွားပြီဗျာ…….
By: poem.poem28 at Jan 23, 2012
Comment #6
Yin bat chin tu aung loak pi phat ke par de naw.
😛
By: ei lay at Oct 6, 2012




Comment #1
ဝီရိယနဲ. အောင်မြင်မှုသာ တိုက်ရိုက် အချိုးကျရင်
ပိုအားစိုက်နင်းရတဲ. စက်ဘီးက
မော်တော်ကားထက် ပိုမြန်နေမှာပေါ.”
😀 good kwar