Professional Authors

မှတ်ထားလိုက်

ချစ်တယ်လို့ပြောတိုင်း စွတ်ယုံတတ်တဲ့အထဲမှာ 
ငါမပါဘူး။

လှတယ်ဆိုပြီး မာနကြီးနဲ့
ချစ်တယ်လို့ပြောရင်
ယုံရမှာ ငါဝန်လေးတယ်………..

မင်းအမေလို
Talking များတဲ့ မင်း
ရည်းစားမရှားပါဘူးကွာ……….

ယောက်ကျာ်းတိုင်းကို အသဲခွဲ
မာယာများတဲ့ မင်းကို 
လေးစားပါတယ်………

မင်းကြောင့် ဆေးရုံမှာလည်း လူမနည်း
မင်းကြောင့် အချုပ်ထဲမှာလည်း တောင်လိုပုံလို့
အဲဒါ မင်းသိရဲ့လား…….

ငါလိုကောင်ကလည်း
မင်းလိုချင်တဲ့ကောင်တွေလို
ပုံသွင်းမရတော့ အခက်တွေ့နေပြီပေါ့…………

ရုပ်ကလေး သနားကများနဲ့
ကောက်ကျစ်တာက ပက်စက်
အရွဲ့တိုက်နေရင်တောင် လှည့်မကြည့်ဘူးဆိုတာ ယုံထားပါ……….

မိုင်းနပ်တွေများနေတဲ့ မင်း
ရှင်းတယ်လို့ပြောရင် ရှုးလို့ပြောတာပဲငါထင်မယ်
ရှင်းတယ်နော်……..နောက်တစ်ခေါက်ထပ်ပြောမယ်…….

ဥပုဒ်စောင့်ကျားမရှိဘူးဆိုတာ
မင်းကြားဘူးမှာပါ
ဒါပေမဲ့ ငါအချစ်ကို မင်းမရစေရဘူးဆိုတာ မင်းနားလည်ပါ…….

အများပြောတဲ့ မင်းအတင်း
မယုံနိုင်လောက်အောင် ငါတင်း
ကဲ………အများနဲ့တစ်ယောက်
စွတ်ယုံလောက်အောင် ငါမရှုးသေးဘူးနော်……

သွားပါကွာ
မင်းဘဝနဲ့မင်း
ထိန်ထိန်လင်းတဲ့ လမင်းအောက်မှာ
ပုလင်းထောင်ပြီး ပျော်ပွဲကြီးနွဲနေမယ်ဆိုတာ ယုံထားပါ…….
မှတ်ထား…………မှတ်ထား…………..မှတ်ထား…………………
                                                                                    စိုး……………………

 

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

အားပေးသွားပါတယ်…… (မချစ်မိအောင်ရအောင်ထိန်းနော်..:P)

commentinfo By: May Kha at Jan 18, 2012
Comment #2

he,,he,,

sate shot,,
sate shot,,

commentinfo By: ei lay at Jan 18, 2012
Comment #3

ဟာ………….စိတ်ကြီးလှချည်လားဗျာ
မမြင်ချင်ရင် မျက်လုံးမှိတ်ထားလိုက်
မကြားချင်ရင် နားပိတ်ထားလိုက်
မတွေ့ချင်ရင် ကွေ့ရှောင်သွားလိုက်
စိတ်ထဲမှာတော့ တေးမထားနဲ့ဗျ
တေးထားရင် ခင်ဗျားဘဲပင်ပန်းမှာ
ကဗျာက ဒေါသတကြီးထရေးထားတဲ့ ကဗျာလိုဘဲ
စိတ်ခံစားချက်တွေ အရမ်းပြင်းထန်တယ် ။

commentinfo By: X - ray at Jan 18, 2012
Comment #4

right,,
right,,,
he,,he,,
i agree with ko x-ray,
noone can destory if u believe urself.

commentinfo By: ei lay at Jan 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment