Professional Authors

ပြန်ပြောင်းပြီးမေးမရတော့တဲ့အခါ

အပြောင်းအလဲလေး တစ်ခုနဲ့ပါ
တစ်ခါတစ်လေလည်း တလွဲတွေက….
များတယ်…………၊
အဓိပါယ်လေးက ယာယီတဲ့လေ…..။

အတည်တကျ မဟုတ်ခဲ့တာတောင်မှ
ငါ့အသည်းက မင်းကိုရယ်ပြနေခဲ့ဖူးတယ်…
တလွဲမာနတွေပဲဖူးတဲ့ သစ်ပင်မှာ
ငါကလဲ မာယာတွေပဲရွေးခူးတဲ့ကောင်…
ညီညာခဲ့ဖူးတဲ့ နှလုံးသားလွင်ပြင်မှာ
မေတ္တာတွေစီးဆင်းပြီး သံယောဇဉ်တွေပဲ
အမြစ်တွယ်စေခဲ့တာ….၊
နင်ဆိုတဲ့ ပန်းကလေးတစ်ပွင့်က
အလေ့ကျ လာပေါက်နေတယ်လေ…။

ကြုံသလို အညံ့ခံတတ်တဲ့
အဖြည့်ခံ ငါ့နှလုံးသား…
မုသားဆိုတာ ဘာမှန်းမသိပေမယ့်
ခါးသက်သက် အရောင်ဆိုးမှုတွေ ခံရ…..၊
အညတရ အချစ်ရဲ့တန်ဖိုးကို
ဘယ်လို… အဖိုးဖြတ်ဦးမှာလဲ…?၊
အကျိုးအမြတ်နဲ့တော့
မတိုင်းတာလိုက်ပါနဲ့..၊
ဒါဟာ……………….
တန်ခိုးရှိတဲ့ အချစ်ပဲ မဟုတ်လား…?။

တိတ်တိတ်လေးပဲ
တိတ်တခိုးအဖြစ်ရောက်ခဲ့တယ်….
အတည်တကျ မပေါက်တတ်တဲ့ အပင်ကပန်း
ငါ့ထက်အရင် ဘယ်သူ ဦးခဲ့တာလဲ……?။
ငါ့ထက်အရင် ဘယ်သူ ခူးခဲ့တာလဲ……?။
ငါ့ထက်အရင် ….. ….. ….. ….. …. ..?။
                                                 
                                                 ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

ကြုံသလို အညံ့ခံတတ်တဲ့
အဖြည့်ခံ ငါ့နှလုံးသား…
ထပ်တူခံစားအားပေးသွားပါတယ်ဗျာ…

commentinfo By: poem.poem28 at Jan 16, 2012
Comment #2

တိတ်တိတ်လေးပဲ
တိတ်တခိုးအဖြစ်ရောက်ခဲ့တယ်….
အတည်တကျ မပေါက်တတ်တဲ့ အပင်ကပန်း
ငါ့ထက်အရင် ဘယ်သူ ဦးခဲ့တာလဲ……?။
ငါ့ထက်အရင် ဘယ်သူ ခူးခဲ့တာလဲ……?။
ငါ့ထက်အရင် ….. ….. ….. ….. …. ..?။

အားပေးသွားပါတယ်ဗျာ

commentinfo By: ရွှေကြယ်မိုး at Jan 16, 2012
Comment #3

nice poem.

ei lay a twat ka dot,,,a chit hmar a yae g sone ka
1.tan yaw zin
2.tit sar shi hmu
3.yone kyi hmu
4,sar nar narr le pay hmu
5.phyu sin yoe tar hmu.
no more fighting,
past is gone.
future is dream.
present is reality.

commentinfo By: ei lay at Jan 16, 2012
Comment #4

အိလေးရေ…. ခင်ဗျားပြောတာမှန်ပါတယ်ဗျာ…..။
လက်၇ှိမှာ ကျွန်တော့် အတွက်တော့
သို့သော်လည်း………….. ဒါပေမယ့်ပေါ့..။
အားပေးသူများကို ခင်မင်လေးစားလျက်…..။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 17, 2012
Comment #5

အပြောင်းအလဲလေး တစ်ခုနဲ့ပါ
တစ်ခါတစ်လေလည်း တလွဲတွေက….
များတယ်…………၊
အဓိပါယ်လေးက ယာယီတဲ့လေ

commentinfo By: May Kha at Jan 17, 2012
Comment #6

to taw le,,,,dar pay me,,,,ko zaw tet u ye,,
lu tine hmar koh yone kyi chat ne kou pe lay,,
ei lay khan u chat ka le hmar naing de,,
do as u like par ,

commentinfo By: ei lay at Jan 17, 2012
Comment #7

ကဗျာကောင်းလေးတွေ ဖတ်ရတာမမောနိုင်ဘူး
ကိုဇော်သက်ဦးရေ အားပေးနေတယ်ဗျို့။

commentinfo By: ကတုံးလေး at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment