Professional Authors

ရင်တွင်းစကား

 

နင်က နင့်ဘက်တခြမ်းက ကြည့်

ပြီးတော့

ငါ့ကို ..မချစ်ဘူးလို့….စွပ်စွဲ…

ငါကိုယ်တိုင်ကလည်း…နင့်ဘက်တခြမ်းကနေ….

ငါ့ဒဏ်ရာ..ငါသွေးလို့…

နင်…ကျေးအေးဖို့..ဆေးတခွက်ဖျော်နေခဲ့တယ်။

 

နင်က …နင့်အယူအဆနဲ့..တွေး…

ငါ့အမှန်ဆို…နောက်မှာသာချန်ထားတတ်ခဲ့

နင်ချန်ခဲ့သော..ငါ့အတိတ်များ…

ကောင်းကောင်းမကောင်းကောင်းရောင်းပစ်ချင်ခဲ့

ငါက…..

နင်ပျော်မယ်ဆို

အသည်းအသက်ပင် မနှေး…စတေး…ရင်းမဲ့လူ….

ငါ့ကို…မချစ်ဘူးလို့တော့…မပြောပါနဲ့။

 

နင်က…အေးအေးလေးပဲ..တွေး…

အနာဂတ်တွေ  မေ့လို့..အပူအပင်ကင်းစွာ

လှမ်းလျှောက်နိုင်ပေမယ့်

လမ်းဆုံးအောင် ..မရောက်နိုင်မယ့် ကွဲလွဲချက်တွေအတွက်

(ငါတယောက်ထဲ)

အစားခက် အအိပ်ပျက်…

နေ့..မှာ..ငေး..ညမှာတွေး…

ငါ့… အသက်ဘေးလို…ဝေးမှာ..တွေးကြောက်ခဲ့…

ဒါတွေ..နင်……သိမှသိခဲ့ပါလေစ…ချစ်သူ။

 

အသစ်လူဆိုတာမျိုး..နောက်ထပ်မရှိလာတော့မယ့် …

နှလုံးသားအဆွေး..အဟောင်း နဲ့..

နင့်ကို…..ဆောင်းလေအေးအေးမှာ…နွေးနေစေဖို့

ထွေးပိုက်ကာ…အမြဲယုယမယ်…

ငါ့စိတ်ဝိဥာဉ်ဆိုတာ..

နင့်အပါးမှာသာ..ခစား..

နင့်အနား..မှာ..သာ..ထာဝရ မြဲခိုင်နေမှာမို့

တချိန်မှာများ……

ငါတို့..တကယ်ဝေးသွားတဲ့အခါ

ရင်နင့်လမ်းခွဲမှာ

ဆွေးကျန်…ရသူ….

ငါသာ…ဖြစ်ခွင့်ရပါရစေ…….ဒီပုံစံအတိုင်းပဲ….နင် ငါ့ကို အမြဲအနိုင်ယူပါ။

In: ကဗျာ Posted By: Date: Jan 16, 2012
Comment #1

eeeeeeeeeeeeee
ngo like p naw,,,ma ya dot bu
sate ma htane naing dot loh.
e lout khan sar ya aung ma yae par ne lar?
ma moe ye thu dot ma ti bu.
ei lay dot tay lout de.,,a hote

commentinfo By: ei lay at Jan 16, 2012
Comment #2

မမိုးကဗျာလေးကို ရင်နဲ့ဖတ်သွားတဲ့ ညီမလေး အိလေး…ရယ်..အမမရည်ရွယ်ပါဘူး…အသဲကွဲမိုးကတော့ အမြဲ..အချစ်ကံဆိုးနေတာမို့ပါ
…………………
ကျေးဇူးတင်ပါတယ်….အားပေးသွားတဲ့အတွက်

commentinfo By: အသဲကွဲမိုး at Jan 16, 2012
Comment #3

နင်…ကျေးအေးဖို့..ဆေးတခွက်ဖျော်နေခဲ့တယ်။

ငါ့ဒဏ်ရာ..ငါသွေးလို့…နင်ချန်ခဲ့သော..ငါ့အတိတ်များ…
ကောင်းကောင်းမကောင်းကောင်းရောင်းပစ်ချင်ခဲ့

ငါ့စိတ်ဝိဥာဉ်ဆိုတာ..
နင့်အပါးမှာသာ..ခစား..
နင့်အနား..မှာ..သာ..ထာဝရ မြဲခိုင်နေမှာမို့

တပ်တူခံစားသွားပါတယ်ဗျာ…
ကောင်းတယ်ဗျာမမိုး

commentinfo By: poem.poem28 at Jan 16, 2012
Comment #4

ငါ့စိတ်ဝိဥာဉ်ဆိုတာ..

နင့်အပါးမှာသာ..ခစား..

နင့်အနား..မှာ..သာ..ထာဝရ မြဲခိုင်နေမှာမို့

တချိန်မှာများ……

ငါတို့..တကယ်ဝေးသွားတဲ့အခါ

ရင်နင့်လမ်းခွဲမှာ

ဆွေးကျန်…ရသူ….

ငါသာ…ဖြစ်ခွင့်ရပါရစေ…

commentinfo By: May Kha at Jan 16, 2012
Comment #5

hote par bu,,ma moe ka le,,
a mye tan kan ma soe naing par bu naw.
p dot ma moe d lout sate ta baw htar kaung tar,,sate ta baw htar myint myat tar,,
1 nae kya yin ma moe htet po p chit naing me thu ne sone ko sone late me…ei lay pyaw ye de.
believe urself naw.
myit tar so tar yaung pyan hat te de,,
nay yar a hnant ka myit tar tway ma moe ko yaung pyan hat hmar,,a hote,
sate ta baw htar phyu sin p thu myar ko ma hle phyar de thu tway pe d a kyoe ko ya hmar..ei lay ka lat tway..
r ma nge ne naw,,

commentinfo By: ei lay at Jan 16, 2012
Comment #6

ကဗျာလေးက အရမ်းကောင်းတယ်ဗျာ။ အားပေးသွားပါတယ်ဗျာ။ 🙂 (လူတိုင်းအေးချမ်းစွာချစ်နိုင်ခွင့်ရကြပါစေ)

commentinfo By: Mg Kg lay at Jan 16, 2012
Comment #7

နင်ချန်ခဲ့သော..ငါ့အတိတ်များ…

ကောင်းကောင်းမကောင်းကောင်းရောင်းပစ်ချင်ခဲ့
လုလင် အားပေးသွားတယ်နော် မကြီးမိုး

commentinfo By: thetnaung at Jan 16, 2012
Comment #8

အားအများကြီးအများကြီးပေးသွားတဲ့ ညီမလေး အိလေး
မေခ နှင့် Mg Kg Lay , thetnaung တို့အား ကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jan 16, 2012
Comment #9

Good Poems…
နင်က နင့်ဘက်တခြမ်းက ကြည့်

ပြီးတော့

ငါ့ကို ..မချစ်ဘူးလို့….စွပ်စွဲ…

ငါကိုယ်တိုင်ကလည်း…နင့်ဘက်တခြမ်းကနေ….

ငါ့ဒဏ်ရာ..ငါသွေးလို့…

နင်…ကျေးအေးဖို့..ဆေးတခွက်ဖျော်နေခဲ့တယ်။

commentinfo By: zawthetoo at Jan 16, 2012
Comment #10

ကဗျာ နောက်ဆုံးအပိုဒ်လေး တကယ်မိုက်တယ်ဗျာ
အစ်မတော် ကဗျာတွေ မတွေ့ရတာ ကြာပြီမို့ ရေငတ်နေသူ ရေတွင်းထဲကျသွားသလို ကဗျာကိုအားပါးတရ ဖတ်သွားပါတယ်
အစ်မတော် အရေးအသားတွေကို အမြဲလေးစားလျှက်
RAY

commentinfo By: X - ray at Jan 16, 2012
Comment #11

နင်က နင့်ဘက်တခြမ်းက ကြည့်

ပြီးတော့

ငါ့ကို ..မချစ်ဘူးလို့….စွပ်စွဲ…

ငါကိုယ်တိုင်ကလည်း…နင့်ဘက်တခြမ်းကနေ….

ငါ့ဒဏ်ရာ..ငါသွေးလို့…

နင်…ကျေးအေးဖို့..ဆေးတခွက်ဖျော်နေခဲ့တယ်။

လန်းနေတုန်းပဲ ကဗျာတွေက…

commentinfo By: naungye at Jan 16, 2012
Comment #12

အ၇မ်းကောင်းတဲ့ ကဗျာလေး တစ်ဗုဒ်ပါပဲ…………..မ ကြီး မိုး ၇ယ်…………ဟဲဟဲ

commentinfo By: kaungzaw at Jan 16, 2012
Comment #13

ငါ့ဒဏ်ရာ..ငါသွေးလို့…
နင်…ကျေးအေးဖို့..ဆေးတခွက်ဖျော်နေခဲ့တယ်။
အဲလောက်ထိချစ်တတ်တဲ့ မမ ကို ထားသွားရက်တာ..ဟူးးးး
မမရယ်..ပြောသာပြောရတယ်…အချစ်ကကျောတခင်းစာ အတွက်ဆိုတာတွေပဲများများလာနေတာ…
မမကဗျာကိုဖတ်မိတိုင်း ရင်ဘတ်အောင့်မိတာချည်းပဲ..
ခံစားချက်မှာ..အရေးအသားလဲ လေးစားလောက်တာတွေချည်းပဲ
ထပ်တူထပ်မျှ ရင်ဘတ်နဲ့ ခံစားရတယ်
အားတင်းထားပါမမရယ်
မျောတို့ တွေအသက်၇ှင်ရအုံးမယ်လေ..
တစုံတယောက်အတွက်ဖြစ်ဖြစ်..တစုံတခုအတွက်ဖြစ်ဖြစ်……..

commentinfo By: sharon myorr myor at Jan 17, 2012
Comment #14

အသဲကွဲမိုး ခင်ဗျာ…ကျန်တော်ဆရာမိုးထက်အောင် ဆုံးသွားပါပြီခင်ဗျာ ကျန်တော် ညဏ်လင်းထက်ပါ ကိုမိုးထက်အောင်ဆုံးသွားတဲ့ အချိန်မှာ ပြောရရင် အခုပေါ့ ကျန်တော်က နေပြည်တော်ရောက်နေပါတယ်ခင်ဗျာ…
ကားတိုက်ပြီးဆုံးသွားတာပါအဲဒါ အသိပေးတာပါခင်ဗျာ သူရဲ.မိတ်ဆွေတွေကို ပြောပေးပါအုံးနော်…..ကျေဇူးတင်ပါတယ်

commentinfo By: nyanlinhtet at Jan 17, 2012
Comment #15

အားပေးသွားတဲ့ ကဗျာချစ်သူမောင်နှမ သားချင်း များအားလုံး ကျေးဇူးအများကြီးတင်ပါတယ်
..
ပြီးတော့ မိုးထက် ကွယ်လွန်တယ်ဆိုတာမဟုတ်ပါဘူး
မိုးထက်နေကောင်းပါတယ်
ကျွန်တော်နဲ့ chat ဖြစ်ပါသေးတယ်…

commentinfo By: အသဲကွဲမိုး at Jan 18, 2012
Comment #16

အားပေးနေပါတယ်ဗျာ။

commentinfo By: moehtetaung18 at Jan 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment