Professional Authors

“ နှိုးဆော်ခြင်း ”

ဖြစ်တည်မှုအကြောင်း

ယောင်လို့တောင် စာလုံးမပေါင်းခဲ့တဲ့သူ

 

ဂိမ်းနဲ့လည်း ပေါင်း

လဘ္ကရည်ဆိုင်နဲ့လည်း ပေါင်း

ယမကာနဲ့လည်း ပေါင်း

အဲဒါတွေမှ ကောင်းတယ်ထင်နေတဲ့သူ

 

သူတစ်ထူးရဲ့ ရင်နန်းဦးမှာခြေစုံရပ်

ပြီးမှ ဆောရီးပါလို့တောင်းပန်

အခြားဘက်က ဗြောင်းဆန်နေတဲ့

ခံစားချက်တွေကို ပြောင်းပြန်လှန်

ကိုယ့်အတွက် တန်ရင်ပြီးပြီဆိုတဲ့သူ

 

ငွေစက္ကူတွေအထပ်လိုက်နဲ့

သိက္ခာဆိုတာတွေကို အချပ်လိုက်ခွါချ

ဘယ်လိုနည်းနဲ့ ရရဆိုတဲ့သူ

 

လွယ်လို့ သူကြွယ်ကိုစိတ်မချ

ခက်ပါတယ်ဆိုမှ ခိုးပြလို့

သူတစ်ပါး ရေ၊ မီး နဲ့

အပြီးအစီးငြိမ့်နေချင်တဲ့သူ

 

ဖိုးတွမ်တိလို့ ပြောရင်ရယ်တယ်ဗျာ

ကိုယ့်အရည်အချင်း ကိုယ်သိ

ခင်ဗျား လောဘကြီးမိလို့

ခင်ဗျား နံရိုးမှာစာတန်းထိုးခဲ့တာပါဆိုတဲ့သူ

 

ငါ ချွတ်မှကျွတ်ရမယ့် သတ္တ၀ါတွေအတွက်

ငါ သတ်လို့သေစေ

မင်းတို့လည်း ကျွတ်လွတ်

ငါ့အတွက်လည်း ဂွတ်တာပေါ့ ဆိုတဲ့သူ

 

အဲဒီ့လို လူတွေနဲ့

လမ်းကြုံနေခဲ့ရင် လမ်းပြဆောင်ကြဗျာ

ကြမ်းသင့်ရင် ကြမ်း

ရမ်းသင့်ရင် ရမ်း

သူတို့တွေရဲ့ အနာဂတ်အခန်းမှာ

ဒီ ဇာတာဆန်းတွေ ခွါချလို့

သာသာယာယာ လှပနေဖို့

ကျွန်တော်တို့ လက်တွဲလို့ ကူညီကြပါစို့

တို့မြန်ပြည်မှာ လူငယ်တွေရဲ့အနာဂတ်တောက်ပစေရေး

ဝိုင်းလို့ လုပ်အားပေးကြပါလို့ . . . . . ။

In: ကဗျာ Posted By: Date: Jan 9, 2012
Comment #1

အရမ်းကောင်းတဲ့ကဗျာလေးပါပဲဗျာ

commentinfo By: ရွှေကြယ်မိုး at Jan 9, 2012
Comment #2

တကယ်..ကောင်းတယ်ဗျာ

commentinfo By: poem.poem28 at Jan 10, 2012
Comment #3

ကျေးဇူးပါဗျာ …

commentinfo By: ကြယ်စစ်သည် at Jan 10, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment