Professional Authors

နွယ်ရှင်….သူစိမ်း……သို့  ……( sharon )

ကြယ်ခါးတွေ တယုတယ လင်းတဲ့ ည
အဲ့ဒီ ညနက်ထဲပဲ နှင်းထူထူဟာ
သတိရခြင်းတွေကို သယ်ဆောင်
နှင်းပန်းတွေလို ပွင့်စေခဲ့ပြီ..။

မကြားလိုက်ဘူးလား……..ချစ်သူ
မှုန်ဝါး တဲ့ ငါ့ရပ်တည်မှုကအလွမ်းသံသက်သက်နဲ့
ခပ်ယိုင်ယိုင်ရပ်တည်နေရ…..

မမြင်လိုက်ဘူးလား……….ချစ်သူ

အရိပ်လေးက ခပ်မှောင်မှောင်မှာ ရေငုံနှုတ်ပိတ်
ခပ်ငြိမ်ငြိမ်တည်တံ့နေရ….

စွဲလန်းခြင်းက ရူးသွပ်ခြင်းပဲဆိုဆို
မေ့မရခြင်းတွေ ငါ့နှလုံးသားထဲ
ကဖျပ်ဖျပ်ခါလို့ 
ယစ်မူးမိတဲ့အချစ်စိတ်တွေက
တွေးကြည့်ရုံနဲတင့် ရင်ခုန်သံကိုမြန်စေ….. မြန်စေခဲ့ပေါ့..။

သူ့ အသက်ရှုသံတွေကိုပဲ ပြန်ပြန်မြင်ယောင်
ငါ့အသက် ရှင်ခြင်းကလည်း
အဲ့အခိုက်အတန့်လေးတွေနဲ့တင် သိပ်ချိုနေမိ
သူ့အသက်ရှူသံလေးပဲ ငါ့အသက်ရှင်သန်ခြင်း ဖြစ်နေခဲ့ရ….။

ဖြတ်မရတဲ့နွယ်ရှင်ရယ်……..
သတိတရတွေ ငါ့နှလုံးသားထဲ
တယုတယ ကျိန်းစပ်နေကြပေါ့…။

ငါ့အဖျားက တရာ့ငါးဒီဂရီ
သင်ခန်းစာတပုဒ်ကို သင်ယူရသလိုမျိုး
ဆိုက်ကပ်ခြင်းကို တောင့်တနေမိတယ်

ခုချိန်မှာ ငါတို့ သူစိမ်းတရံမဆန်သင့်တော့တာ တကယ် ။။

                                                                           5:25 pm  (9.1.2012 )
                                                                                                            နွယ်ရှင်…သူစိမ်း….သို့  

In: ကဗျာ Posted By: Date: Jan 9, 2012
Comment #1

နွယ်စိမ်းရှင်သိပါစေသတည်း

commentinfo By: ရွှေကြယ်မိုး at Jan 9, 2012
Comment #2

နွယ်ရှင်ဆိုတာ ကျောင်းဆရာကြီး အဲ ကြောက်စရာကြီးဗျနော် မsharon တော့မသိဘူး ကျွန်တော်တော့မြင်ဖူးတယ် အစိမ်းရောင်နွယ်တစ်မျိုးပဲ ဖရုံရွက်တွေနားမှာရှိတတ်တဲ့နွယ်လိုမျိုးဘဲ ဒါပေမယ့် သူကလှုပ်နေတာဗျ ငြိမ်မနေဘူး သူများကဗျာမှာ စကားလာများသလိုဖြစ်သွားရင် sorry ဗျာ
ကဗျာလေး ကောင်းတယ် ရှေ့ကကဗျာတွေကတော့ပိုမိုက်တယ် မsharon ရဲ့ကဗျာတော်တော်များများမှာ မမြင်ဖူးတဲ့ စကားလုံးအဆန်းတွေတွေ့ရတယ်ဗျ ဒါကြောင့် အရေးအသားတွေကိုလေးစားလျှက် ကဗျာလေး ခံစားအားပေးသွားပါတယ် ။

commentinfo By: X - ray at Jan 9, 2012
Comment #3

kwi,,kwi,,kwi,,
so funny,ko x-ray
every living things have movements & emotions,
so ,,,,it is strange?

ma myor,,i like so much ur poems,
this kind-hearted & loveable poem too.

commentinfo By: ei lay at Jan 9, 2012
Comment #4

အားပေးသွားပါတယ်ဗျာ…။ဖြတ်မရတဲ့နွယ်ရှင်ရယ်……..
သတိတရတွေ ငါ့နှလုံးသားထဲ
တယုတယ ကျိန်းစပ်နေကြပေါ့…။…..ဖြတ်ဖို့ခက်တာမဟုတ်ဘူးနော်…………
ဖြတ်ကိုမရတာဗျာ…………………။။။။

commentinfo By: taryar at Jan 10, 2012
Comment #5

သူ့ အသက်ရှုသံတွေကိုပဲ ပြန်ပြန်မြင်ယောင်
ငါ့အသက် ရှင်ခြင်းကလည်း
အဲ့အခိုက်အတန့်လေးတွေနဲ့တင် သိပ်ချိုနေမိ
သူ့အသက်ရှူသံလေးပဲ ငါ့အသက်ရှင်သန်ခြင်း ဖြစ်နေခဲ့ရ….။
ကျွန်တော် တော်တော်ကြိုက်မိပါတယ်

commentinfo By: အသဲကွဲမိုး at Jan 10, 2012
Comment #6

goodတယ်ဗျာ….
အားပေးသွားပါတယ်

commentinfo By: poem.poem28 at Jan 10, 2012
Comment #7

ဖြတ်မရတဲ့နွယ်ရှင်ရယ်……..
သတိတရတွေ ငါ့နှလုံးသားထဲ
တယုတယ ကျိန်းစပ်နေကြပေါ့…။

ငါ့အဖျားက တရာ့ငါးဒီဂရီ
သင်ခန်းစာတပုဒ်ကို သင်ယူရသလိုမျိုး
ဆိုက်ကပ်ခြင်းကို တောင့်တနေမိတယ်

ခုချိန်မှာ ငါတို့ သူစိမ်းတရံမဆန်သင့်တော့တာ တကယ် ။။

commentinfo By: မေပျိုခင်အတိတ်အလွမ်း at Jan 10, 2012
Comment #8

ဖြတ်မရတဲ့နွယ်ရှင်ရယ်……..
သတိတရတွေ ငါ့နှလုံးသားထဲ
တယုတယ ကျိန်းစပ်နေကြပေါ့…။

ငါ့အဖျားက တရာ့ငါးဒီဂရီ
သင်ခန်းစာတပုဒ်ကို သင်ယူရသလိုမျိုး
ဆိုက်ကပ်ခြင်းကို တောင့်တနေမိတယ်

မိုက်တယ်….ဟေ့……အမရှာရွန်ရေ

commentinfo By: terry at Jan 10, 2012
Comment #9

စကားလုံးတွေ အမြင်အရ ယိုင် နေတယ်၊ ဖွဲ့စည်းပုံ ယိုင် နေတယ်၊ စိတ်ဓါတ်တွေ ယိုင် နေတယ်၊ ရပ်တည်မှု တွေ ယိုင်နေတယ် . . အဲဒီ ယိုင်နေတာတွေနဲ့ ကဗျာတစ်ပုဒ် တည်ဆောက်လိုက်တော့ ကဗျာဟာ စိတ်ဓါတ်ကျခြင်းဆိုတဲ့ ခပ်ကျဲကျဲခေါင်ရည် တစ်ခွက်ကို ကျနော်တို့ အတွက် ထားခဲ့တယ်။ ခပ်ယိုင်ယိုင် နှလုံးခုန်သံတွေကို စားပွဲ လုပ်ပြီးတော့ပေါ့။ ကျွန်တော်တို့ရဲ့ သိမှုတွေ ယိုင်နဲ့ စေဖို့ပေါ့။ ပြီးတော့ ကဗျာဆရာမ ဟာ ဖျားနာခြင်းဆိုတဲ့ ၀တ်ရုံကို ၀တ်ပြီး သူစိမ်းဆန်တဲ့ ဂြိုလ်တွေဆီ စတင်ခရီးထွက် ပျံသန်းဖို့ ပြင်ဆင်လိုက်တယ် . . .
ဒါပေမယ့် . . သူ့ခြေထောက် ကို လှမ်းဆွဲထားတာတွေက နွယ်ရှင်တွေ . . .
အရိပ်တွေ ရဲ့ နွယ်ရှင်တွေ . .
နွယ်ရှင်တွေ ရဲ့ အရိပ်တွေ . . .
. . . နွယ်တွေမှာ ရှင်သန်မှု တစ်ခုကို တွေ့လိုက်ရတယ် . .
ရှင်သန်မှု တစ်ခုအတွက် (၀ါ) တစ်ခုရဲ့ နွယ် တွေ . .သူ့ကို လှမ်းဆွဲလိုက်တယ် . . .
ကဗျာဆရာမ ဟာ ကဗျာဆုးခါနီး မှာ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံးကို လှမ်းပြောလိုက်သလိုလို၊ ကဗျာထဲက ဇာတ်ကောင် ရဲ့ ချစ်သူကို လှမ်းပြောလိုက်သလိုလိုနဲ့ . ကဲ . . .

ခုချိန်မှာ ငါတို့ သူစိမ်းတရံမဆန်သင့်တော့တာ တကယ် ။။

commentinfo By: သက်တင် at Jan 11, 2012
Comment #10

ကဗျာတစ်ပုဒ်လာဖတ်သွားပါတယ်
ဝေဖန်သုံးသပ်ဖို့ 
ကဗျာရေးသူနဲ့ ကဗျာဖတ်သူတစ်ထပ်တည်းကျဖို့ ခဲ့ ရင်းလို့ 
ကဗျာတစ်ပုဒ်ဖတ်ရုံလောက်သာဖတ်ခဲ့ မိတယ်
ကြိုးစားပါ။အားပေးမယ်

မင်းလူန

commentinfo By: kathitni1980 at Jan 11, 2012
Comment #11

ကြယ်ခါးတွေ တယုတယ လင်းတဲ့ ည

commentinfo By: Han paing Oo at Jan 11, 2012
Comment #12

read again par

commentinfo By: ei lay at Jan 11, 2012
Comment #13

မျော် ဟာ ကဗျာ..ကဗျာ ဟာ မျော်ပါ…ထာဝရ အားပေးလျက်..

commentinfo By: zombie at Jan 11, 2012
Comment #14

wow ! wow ! wow !!!!!
ကွန်မန့် တွေသိပ်မိုက်တယ်ဟေ့..
ဘယ်လိုပြန်ပြောရမှန်းမသိတော့ဘူးဗျာ
အရမ်းကျေးဇူးတင်ပါတယ် ဗျ …အားလုံးကို..
အကြံညဏ်တွေ ဆက်လက်ပေးစေလို ပါတယ်ဗျာ…

commentinfo By: sharon myorr myor at Jan 13, 2012
Comment #15

@ ကိုရွှေကြယ်မိုး –ကျေးဇူးအထူးတင်ပါတယ်..
@ကို..x-ray နွယ်ရှင်ကိုမျောလည်းမြင်ဖူးတယ်ဗျ..လှုပ်လှုပ်နဲ့ ဗျ..ကြောက်စရာကောင်းတာမဟုတ်ပါဘူးဗျာ…ချစ်စ၇ာလေးတွေ ..:)..အားပေးမှုကိုကျေးဇူးတင်ပါတယ်..
@ အိ….အမြဲတမ်းရဲ့ အမှတ်ရစရာပေးတတ်တဲ့ အိ..ကျေးဇူး.
@ ကိုတာရာ..မှန်တယ်ဗျ ..ဖြတ်ဖို့ ခက်တာမဟုတ်ဘူးးးဖြတ်ကိုမရတာ..
@ မမမိုး…အရမ်းကျေးဇူးတင်တယ်ဗျာ
@ poem.poem28 ..ငရဲလေးကိုလဲကျေးဇူးတင်လျှက်အမှတ်ရနေပါတယ်
@ မေပျိုခင်အတိတ်အလွမ်း….thanks ပါ

commentinfo By: sharon myorr myor at Jan 13, 2012
Comment #16

တယ်ရီရေ …
အမ နင့် ကဗျာကိုမျှော် နေတယ် ..လူလုံးထွက်ပြပါအုံးကွ..ဒိရတယ်…
ကျေးဇူးး

commentinfo By: sharon myorr myor at Jan 13, 2012
Comment #17

@ သက်တင်….ဆြာညို..လေးစားတယ်ဗျာ….ကွန် မန့် ပေးထားတာတကယ်ကြွေမိတယ်..အကြံညဏ်
တွေ ပေးစေလို ပါတယ်
@kathitni1980..ကိုမင်းလူန ..မျောလေးစားရတဲ့ ဆရာကမျောကိုအားပေးတာကိုကျေးဇူးတင်တယ်ဆိုတာထက်ပိုပြောပါရစေဗျာ..
@့Han paing oo.. thanks
and
thanks again ei 4 read again poem 🙂
@ zombie ..ချစ်ခင်ရတဲ့ tu ni အားပေးမှုကိုလေးစားတန်ဖိုးထားနေပါတယ်..ကျေးဇူးနော်..သူငယ်ချင်း
🙂

commentinfo By: sharon myorr myor at Jan 13, 2012
Comment #18

liked

commentinfo By: cherry4cheery at Sep 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment