Professional Authors

ကြယ်ကြွေကောင်းကင်တစ်ခုရဲ့လမိုက်ညတေးသံစဉ်

မေးပါရစေ…….
ရေအတွက်ငါးမလိုခဲ့တာလား
သတိတရရှိခဲ့တဲ့
ငါတို့ရဲ့ကုန်လွန်ခဲ့တဲ့နေရက်တွေ
အခု…နံရံပေါ်ကပြက္ခဒိန်
ငါ့ကိုလှောင်ရယ်နေပြီ…
ပျံပါငှက်ငယ်……
ရေအတွက်ငါးမလိုပေမယ့်
ငါးအတွက်ရေဆိုတာ သူ့ဘ၀ပါ..
ဒါပေမယ့်….ပြန်ပါ

တစ်ဦးချင်းစီရဲ့ လမ်း နှစ်ခုဖြစ်နေတော့လဲ..
ဖြတ်လျှောက်ဖို့မဖြစ်နိုင်ဘူးပဲ..ဒီတော့
မင်းရဲ့အတောင်ပံကိုပဲလေဟုန်ခတ်လိုက်ပါ…..
သွားပါ..လိုရာကိုသွားပါ
မြတ်နိုးခဲ့သူရဲ့နိုးတစ်ဝက်အိမ်မက်မှာ
အမှောင်ထုတို့ သာကြီးစိုးထားတယ်..

ထွက်ခွာမယ့်သူရဲ့ပြီးဆုံးလုလုနေ၀င်ချိန်မှာ
ငါ့နှုတ်ဖျားကခွင့်ပြုခဲ့တယ်..

သွားပါတော့…..ဆိုတဲ့စကား..
တကယ်တမ်းရင်မနာသလိုလို
ပြောခဲ့ရုံကလွဲလို့ 
ရှုံးနိမ့်သူရဲ့နှလုံးသားကို
စကားကြွယ်တဲ့သေမင်းတမန်လက်ထဲ..
ပုံအပ်ခဲ့ရတယ်…..
အဲ့ဒီနေ့   အဲ့ဒီည…
မိုးမချုပ်ခင်..ရင်ထဲကလင်းကြယ်စင်
ကြွေကျခဲ့တယ်…
ပြီးခဲ့ပါပြီ……
အိပ်တန်းဝင်မဲ့ငှက်တစ်ကောင်ကတော့
ပြဒါးနဲ့သံဆိုတဲ့စွတ်စွဲချက်အောက်မှာ
တောင်ပန်ကျိုးနေတဲ့သူ့နှလုံးသား
သူကိုယ်တိုင်ဈာပနာချခဲ့ရတယ်……

                                                          နေသာ….

In: ကဗျာ Posted By: Date: Jan 9, 2012
Comment #1

ပြီးခဲ့ပါပြီ……
အိပ်တန်းဝင်မဲ့ငှက်တစ်ကောင်ကတော့
ပြဒါးနဲ့သံဆိုတဲ့စွတ်စွဲချက်အောက်မှာ
တောင်ပန်ကျိုးနေတဲ့သူ့နှလုံးသား
သူကိုယ်တိုင်ဈာပနာချခဲ့ရတယ်……

commentinfo By: အသဲကွဲမိုး at Jan 9, 2012
Comment #2

special good.
special nice.
special excellent.

commentinfo By: ei lay at Jan 9, 2012
Comment #3

ကြိုက်သွားပြီးဗျာ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 9, 2012
Comment #4

ရေးဖော်ရေးဖက်သူငယ်ချင်းနေသာရေ
ငါအားပေးသွားတယ်ဟေ့
ဒီဆိုက်လေးက မင်းအတွက် ခြေချစရာတစ်နေရာ
ဖြစ်လာမှာပါကွာ

commentinfo By: ရွှေကြယ်မိုး at Jan 9, 2012
Comment #5

အရေးအသားကောင်း.. ပုံဖော်ပုံကောင်း…ခေါင်းစဉ်ကောင်း
ပြဒါးတလမ်း သံတလမ်းတဲ့လား

commentinfo By: NC at Jan 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment