Professional Authors

ဗြဟ္မစိုရ် ရင်ခွင်နန်း (အမေနေ့ကို ဂုဏ်ပြုပါသည်)

 

လောကဝတ်ဆံထဲ အလှမပျက်တဲ့
အပြုံးတွေနဲ့ မေတ္တာရောင်စဉ်သန်းလို့
အမေ့…ဝမ်းတွင်းက သန္ဓေသားကို
ဘဝနဲ့ရင်းလို့ နှလုံးသားနဲ့ရင်းလို့
အသက်နဲ့ရင်းလို့ စောင့်ရှောက်ခဲ့
နေ့လတွေ ပြည့်လာတဲ့
ခုနှစ်တွေအောက်မှာ ဇောချွေးတွေနဲ့
လူးလိမ့်နေရင်း အမောစို့နေတဲ့အောက်
အသက်ပင် ပဓာနမထား သားသမီးချစ်စိတ်ကို
ရှေ့တန်းတင်လို့ သားလားမသိ သမီးလားမသိတဲ့
တို့..အမေက.. ငါတို့ကို မွေးဖွေးပေးခဲ့
မေတ္တာတရားတွေ တိုင်းတာမရတဲ့
ချစ်ခြင်းကရုဏာ ဗြဟ္မစိုရ်လေးပါးတွေက
မြင့်မိုရ်နဲ့ နှိုင်းဆလို့ မရခဲ့
ငါတို့အတွက်တော့ အနှိုင်းမဲ့ လောကဥပမာပေါ့….။


ဘဝတခုကို ခြေချင်းတတ်လို့
မညီညာတဲ့ အနှိုင်းမဲ့သံစဉ်တွေနဲ့
တောလားတစ်ပုဒ်ကို တေးဆိုဟစ်ကြွေးရင်း
ရင်ခွင်ပိုက်ထားတဲ့ လူမမယ်သားလေးကို
အချော့သိမ့်လို့ အိပ်ဆေးတစ်ခွက်လို
နို့ချိုတိုက်ကျွေးခဲ့ မရေတွက်နိုင်တဲ့
နှစ်သိမ့်မှုတွေနဲ့ အိပ်စက်ရင်း
လောကဥယျာဉ်ထဲ အမေလွှဲတဲ့လက်နဲ့
ပျော်မွေ့ခဲ့တာ ငါတို့စကားပြောတက်တဲ့အထိပေါ့..။


နုံချာလှတဲ့ ချို့တဲ့လှတဲ့
ဘဝဝန်းကျင်ထဲ ချွေးစီးတွေပြန်နေရင်း
နပ်မမှန်တဲ့ ထမင်းတနပ်နဲ့
အသက်ဆက်လက် ရှင်သန်မွေးဖွား
ခွန်အားတွေ မတွန့်ဆုတ်စေတဲ့
တိုက်တွန်းမှုတွေနဲ့ စာသင်ကျောင်းကိုတက်ခဲ့ရင်း
အသိပညာ အတက်ပညာတွေနဲ့
အတန်းတွေရောက်ခဲ့လို့ ဘွဲ့တွေရရှိခဲ့ပြီပေါ့….။


ဘွဲ့ရပြီးစ ငါတို့ဘဝတွေထဲ
အလုပ်အကိုင်ဆိုတဲ့ ဘဝကျောင်းကိုတက်ဖို့
လမ်းစရှာဖွေနေဆဲ မညီမျှတဲ့
ဘဝကျောင်းထဲက ဝန်းကျင်မှာလည်း ရိုက်ခတ်
ငါတို့ဆီလည်း ရိုက်ခတ်လို့
မျှော်လင့်ချက်မဲ့နေဆဲ….
အမေဟာ…
ပုဝါတစ်ထည်ကို ပုခုံးနှစ်ဖက်ပေါ်တင်လို့
ငါတို့အတွက် အလုပ်အကိုင် ရှာဖွေရင်း
ပင်ပန်းမှုတွေကို သားစိတ် သမီးစိတ်နဲ့
ဆေးလိပ်ပြာကို ခါချလို့
မမောမပန်းသော မေတ္တာအပြုံးတွေနဲ့
သူဋ္ဌေးထံဒူးတုပ် မျက်ရည်စက်ကို
အဖော်ပြုရင့်း အလုပ်ရှာပေးခဲ့လို့
မမြင်နိုင်သေးတဲ့ ငါတို့အနာဂတ်တွေ
အခုတော့ လှပစေခဲ့တယ်…လေ..။


အလုပ်ကိုင် အဆင်ပြေလာတဲ့
ရာထူးဂုဏ်နဲ့ စည်းစိမ်တွေကြား
အပျော်အပါး လိုက်စားရင်း
(ကျား ဘက်လိုက်တော့ ကြိုက်ဘက်ပါခဲ့ရင်း)
(မ) ဘက်လိုက်လို့ မိုက်ဘက်ပါခဲ့ရင်း
တခါတရံ လစာလည်း ပျက်
ထမင်းလည်း ငတ်ခဲ့
နပ်မမှန် စည်းပျက်ကမ်းပျက်တဲ့
ငါတို့ဘဝတွေထဲ ထိန်းသိမ်းမှုပျောက်ဆုံးအခါ
အမေဟာ…
အနှိုင်းမဲ့ လက်တွေနဲ့ အမှားလမ်းပေါ်မှ ဆွဲခေါ်
လမ်းကြောင်းပြောင်းလို့ မူအသစ်တခုနဲ့
နည်းလမ်းတွေပေးရင်း တိုးတက်စေခဲ့တယ်..လေ..။


ငါတို့ ဘဝတွေ အထက်တန်းရောက်လို့
နှစ်ဖက်မိဘတွေနဲ့ သဘောတူစာချုပ်ရေးထိုးခဲ့တဲ့
မင်္ဂလာနေ့ရက်တွေမှာ မတူလှတဲ့
မေတ္တာတရားတွေနဲ့ ချစ်ကျွမ်းဝင်ခဲ့
ထာဝရလက်တွဲခဲ့ရင်း မပစ်သင့်တဲ့
နှစ်ဖက်မိဘကို အတူတူလုပ်ကျွေးဖို့
တောင်းဆိုသစ္စာပြုကြရင်း ဘဝတက်လမ်းကို
တူနှစ်ကိုယ် ရှာချင်စမ်းရဲ့..လို့ ဟစ်ကြွေးရင်း
အမေရှိတဲ့ နေ့ရက်တိုင်းကို
အမေနေ့လို့ ငါတို့ နှလုံးသားက
ကြေငြာမောင်ခတ်လိုက်ချင်ပါရဲ့…။ 

 

အတုအယောင်ရင်ခွင်တွေ ဘယ်လိုပဲ ပြောင်းခဲ့ပြောင်းခဲ့

ဗြဟ္မစိုရ်ရင်ခွင်ကိုတော့ ထာဝရမပြောင်းလွဲသော

ကျေးဇူးတရားတွေနဲ့ အမေရှိတဲ့နေ့တိုင်း

အမေနေ့လို့  သတ်မှတ်ပြီ..

ငါတို့ကျေးဇူးဆပ်ကြစို့…..။

တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
In: ကဗျာ Posted By: Date: Jan 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment