Professional Authors

အမေနေ့ အမှတ်တယ

သင်ဒါတွေလုပ်ဖူးလား

ငယ်ငယ် တုံးက နေ့တိုင်းမုံ့ဖိုးပေးတဲ့ မေမေကို

ကိုယ်လခထုတ်တဲ့နေ့မှာ မေမေ အတွက် သိပ်တော့မများဘူးမေမေရယ

် မေမေအသေးသုံးဖို့ပါလို့ သတ်သတ်မှတ်မှတ်ပေးဖူးလား

 

ငယ်ငယ်တုံးကရေချိုးခေါင်းလျှော်ပေးတဲ့မေမေကို

ကိုယ်အားတဲ့ တနင်္ဂနွေနေ့လေးမှာ ခေါင်းလျှော်ပေးဖူးလား

ဒါမှမဟုတ် တနှစ်လုံးမှ တခါ နှစ်ဆန်းတရက်နေ့မှာများ ခေါင်းလျှော်ပေးမိလား

 

မနက်တိုင်းထမင်းဟင်း ထထချက်နေရတဲ့ မေမေကို

ဒီဆန်းဒေး တော့မေမေ အိပ်ရေးဝအောင်အိပ်နော် ဒီနေ့ မီးဖိုကိုသမီးတာဝန်ယူမယ်လို့ပြောဖူးလား

 

ဈေးဝယ်ရင်း ဟင်းချက်ဖို့တွေးပြီး အမြဲခေါင်းစားနေတဲ့ မေမေ သက်သာအောင

် မေမေကိုယ်စား ဈေးတခါတလေ သွားပေးဖို့စိတ်ကူးမိလား

 

ကိုယ်အလုပ်သွား ၊ ရုံးသွားဖို့ သနပ်ခါးလူးရင်း ကျောက်ပြင်လေးပေါ်မှာ

မေမေ လူးဖို့အတွက် သနပ်ခါးလေးများ သွေးပေးခဲ့မိလား

 

သူငယ်ချင်းတွေနဲ့ အစားကောင်းစားတဲ့အခါ မေမေ ကြိုက်တတ်တာလေးတွေ စားမိတဲ့အခါ

မေမေ ဖို့ ၀ယ်သွားဖို့ သတိရမိလား

 

သူငယ်ချင်းများနဲ့စကားပြောပျော်ရွှင်နေပြီး

မေမေကို ကော အချိန်ယူစကားပြော အဖော်လုပ်ဖြစ်ရဲ့လား

 

တရေနိုးမှာ လေတွေတိုက်လို့ မိုးတွေရွာလို့

မေမေအိပ်ရာဘေး က ပြတင်းပေါက်ကို ခြေဖျားလေးထောက်သွားပြီး အသံမမြည်အောင် ပိတ်ပေးဖူးရဲ့လား

မေမေ ကိုယ်ပေါ်ကိုကော စောင်ပါးပါးလေး ခြုံပေးဖူးရဲ့လား

 

ကိုယ်သွားတဲ့ ရှော့ပင်းမောလ်တွေ စီးတီးမတ်တွေကိုကော

မေမေ ကို တခါတလေ အလည်ခေါ်သွားဖူးရဲ့လား

 

တခါတလေ မေမေ ခေါင်းကဆံပင်ဖြူလေးတွေနှတ်ပေးရင်း စကားလေးတွေ ပြောဖြစ် ရီဖြစ် ဖူးလား

 

အိမ်မက်လန့်တဲ့ ပုံနဲ့ မေမေနား အတင်းတိုးကပ် မေမေ နောက်ကျောဖက် ကနေ ဖက်အိပ်ဖူးလား

 

အိပ်ရာထဲရောက်တဲ့အခါ မေမေ ကိုမှန်းပြီး မေမေကို ကန်တော့ပါတယ် ကာယကံ ၀စီကံ မနောကံနဲ့ ပြစ်မှားမိတာရှိရင်ခွင်လွှတ်ပါလို့ ကန်တော့ပြီး အိပ်တဲ့ အကျင့်ရှိလား

 

အားလုံးက အမေကိုချစ်တဲ့သူတွေပါ

အမေအကြောင်းရေးဖွဲ့တာတွေလဲအများကြီးပါဘဲ

အမေ့ကျေးဇူးကို သိတတ်တဲ့သူတွေ အများကြီးရှိပါတယ်

တခါတရံ မထင်မှတ်ဘဲ ကိုယ်လုပ်လိုက်တဲ့ အပြုအမူအပြောအဆိုလေးတွေဟာ

အမေကိုဂရုစိုက်ရာလည်းကျ ၊ ချစ်ခင်ရာလည်းကျ ၊ နှစ်သိမ့်မူ့ပေးရာလည်းကျပါတယ

 

် ကမ္ဘာပေါ်မှာရှိတဲ့ အမေများနဲ့သမီးများအတွက်ပါ။

သားတွေလည်းလုပ်ပေးလို့ရတယ်နော်။

ဂျင်ဂျာအေး

In: Others,Others Posted By: Date: Jan 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment