Professional Authors

ပြတိုက်ထဲ.က…….အလွမ်း

 

ချောင်း..မခြား..မြစ်မခြား…

ဒီအခြေအနေကိုပဲစိတ်မှာ…

တသားတည်းဖြစ်နေသလို….ခံစား….ကာ..ယုယ

တကယ်တမ်း……

လက်တွေ့မှာ

တံတိုင်း..တွေ..တံတားဖြစ်လာဖို့..မလွယ်ဘူး။

 

တိုးတိုးတိတ်တိတ်နဲ့

တသိမ့်သိမ့်ရှိုက်………

ငိုသံပဲ့တင်ထပ်တဲ့ရပ်ဝန်း

နင်နဲ့ကင်း ရာ..မှာပဲ..လင်း..ထင်း..နေပါစေတော့

နင့်အတွက် အမှိုက်…ငါ

နောက်ထပ်….နမ်းရှိုက်ခွင့်..မရှိသင့်တော့။

 

ငါ့ကို…..မုန်းပါ..မေ့ပါ…နာကျဉ်းပါ

ငါ့ကို………….ပြစ်ထားပါ…

အချစ်မပွားပါနဲ့

ငါ့ကို………………နင်………စွန့်ချန်ခဲ့ပါ

အဖြစ်မှန်ဆိုတာ…

အမြဲနောက်ကျတတ်တာမို့

အယူခံမဲ့……စွာ

ရင်ကွဲ..ဒဏ်ရာ..တွေ..ထွေးပိုက်လို့

နင့်..အပြုံးတချို့နဲ့..ငါကျေနပ်ပါ့မယ်…..

 

ချစ်သောသူ…..

လှမ်းမလာသင့်တဲ့..ဒီအနွမ်းရင်ခွင်ထဲ

လမ်း…ခင်း..ကာ…

အသည်းညှာမဆက်သ၀ံ့တော့……………

တောင်းဆိုခွင့်တခုသာ…

ရှိခဲ့မယ်ဆို

ရည်စူးသူ….အသည်း သခင်..”နင်”

အမြဲ….ပျော်ရွှင်စွာ…အောင်မြင်စေတော့!!!!

 

(ဘယ်နှခေတ်ပြောင်းပြောင်း…

 နင့်အတွက်..

 မဟောင်းနွမ်းသောမြတ်နိုးခြင်းများစွာနဲ့………

..ဒီမိုး……အလွမ်းတွေ….မစဲ..သည်း..ထန်နေဦးမှာပါချစ်သူရယ်…

 နင့်ကိုငါ…ဘယ်တော့မှ..မမေ့နိုင်ပါဘူး)

In: ကဗျာ Posted By: Date: Jan 7, 2012
Comment #1

တကယ်ကြီလား
အားပေးသွားပါတယ်
အဲဒီနေရာသာဖြစ်လိုက်ချင်တော့တယ်

commentinfo By: bluesky.bluesky at Jan 7, 2012
Comment #2

ကျေးဇူးပါ ကို bluesky

commentinfo By: အသဲကွဲမိုး at Jan 7, 2012
Comment #3

မေ့ဖို့မုန်းဖို့ မလွယ်ကူနိုင်တာ
သိသိကြီးနဲ့ ငါတို့စခဲ့ကြတာပဲ
(ဘယ်နှခေတ်ပြောင်းပြောင်း…
နင့်အတွက်..
မဟောင်းနွမ်းသောမြတ်နိုးခြင်းများစွာနဲ့………..ဒီမိုး……အလွမ်းတွေ….မစဲ..သည်း..ထန်နေဦးမှာပါချစ်သူရယ်…
နင့်ကိုငါ…ဘယ်တော့မှ..မမေ့နိုင်ပါဘူး)
အားပေးသွားတယ်။

commentinfo By: ကတုံးလေး at Jan 7, 2012
Comment #4

တံတိုင်းတွေ တံတားတွေဖြစ်မလာနိုင်တာက ဓမ္မတာပါ… ဒါပေမယ့် ဗရမ်းဗတာလောကကြီးက တခါတရံမှာ အစီအစဉ်တကျရှိတတ်တယ်ဆိုတာကိုတော့ မမေ့ပါနဲ့…

ကဗျာလေးကကောင်းပါတယ်… ခံစားချက်ကို ပေါ်ပေါ်လွင်လွင်မြင့်တွေ့ရတော့ အလွမ်းတွေတောင် ကို့ဆီမှာ ထင်ဟပ်လာသလိုပဲ… ဆက်ရေးပါ… အားပေးနေမယ်…

လေးစားလျက်

commentinfo By: deadxromeo at Jan 7, 2012
Comment #5

ma chit dot bu soooooooooo
hint,,,,,,hint,,,,,,

commentinfo By: ei lay at Jan 7, 2012
Comment #6

အဖြစ်မှန်ဆိုတာ…

အမြဲနောက်ကျတတ်တာမို့

အယူခံမဲ့……စွာ………………

(.ရင်ဘတ်ထဲ…လာဆောင့်တဲ့စကားလုံးတွေ….ခံစားချက်တွေတထပ်ထဲကျနေတယ်မမရာ…အရမ်းကောင်းတယ်..လေးစားလျှက်ပါမမ… )

commentinfo By: sharon myorr myor at Jan 7, 2012
Comment #7

ချောင်း..မခြား..မြစ်မခြား…

ဒီအခြေအနေကိုပဲစိတ်မှာ…

တသားတည်းဖြစ်နေသလို….ခံစား….ကာ..ယုယ

တကယ်တမ်း……

လက်တွေ့မှာ

တံတိုင်း..တွေ..တံတားဖြစ်လာဖို့..မလွယ်ဘူး။

မအသဲကွဲမိုးရေ..အားပေးသွားပါတယ်ဗျာ…

commentinfo By: cupid25288 at Jan 7, 2012
Comment #8

ငါ့အမ ကတော့ ဘယ်အချိန်ရေးရေး…ကောင်းနေတာပဲ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 7, 2012
Comment #9

မိုက်တယ်…ever ကွဲတဲ့မိုးတို့  ပြန်လာပြီ!

commentinfo By: ဖိုးနမ်း at Jan 7, 2012
Comment #10

အားပေးသွားပါတယ်ခင်ဗျာ
တကယ်ကိုကောင်းတဲ့ကဗျာလေးပါ
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 7, 2012
Comment #11

လက်တွေ့မှာ
တံတိုင်း..တွေ..တံတားဖြစ်လာဖို့..မလွယ်ဘူး။
Nice Poem….Moe../

commentinfo By: kaythari at Jan 7, 2012
Comment #12

အ၇မ်း ကောင်းတယ် ………မကြီးမိုး ၇ယ်…………အားပေးလျှက်ပါ……..

commentinfo By: kaungzaw at Jan 7, 2012
Comment #13

ထိမိလိုက်ပုံများ ကိုယ်ကို စောင်းပြီး ရေးထားသလိုပဲ အသဲကွဲမိုးရေ မင်းကြောင့် ငါ နောက်တစ်ခါ ပြန်လွမ်းသွားပြီ ဆက်လက် အားပေးလျက်

commentinfo By: Demon at Jan 8, 2012
Comment #14

Nice thought and great writing!!!!!!!!!!!!!

commentinfo By: sakura at Jan 8, 2012
Comment #15

ကဗျာလေးကောင်းပါတယ်

commentinfo By: moehtetaung18 at Jan 15, 2012
Comment #16

ငါ့
ကို…. မုန်းပါ…. မေ့ပါ………နာကျည်းပါ.

commentinfo By: moekyaw at May 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment