ရှင်ကွဲ-၂-ရွှေကြယ်မိုး
 /* Style Definitions */
 table.MsoNormalTable
	{mso-style-name:”Table Normal”;
	mso-tstyle-rowband-size:0;
	mso-tstyle-colband-size:0;
	mso-style-noshow:yes;
	mso-style-priority:99;
	mso-style-qformat:yes;
	mso-style-parent:””;
	mso-padding-alt:0in 5.4pt 0in 5.4pt;
	mso-para-margin-top:0in;
	mso-para-margin-right:0in;
	mso-para-margin-bottom:10.0pt;
	mso-para-margin-left:0in;
	line-height:115%;
	mso-pagination:widow-orphan;
	font-size:11.0pt;
	font-family:”Calibri”,”sans-serif”;
	mso-ascii-font-family:Calibri;
	mso-ascii-theme-font:minor-latin;
	mso-fareast-font-family:”Times New Roman”;
	mso-fareast-theme-font:minor-fareast;
	mso-hansi-font-family:Calibri;
	mso-hansi-theme-font:minor-latin;}
နှုတ်ဆက်ခြင်းဟာ
နှင်းဆွတ်လေတွေနဲ့အတူ
ငါတို့ဆီကို သက်ဆင်းလာခဲ့ပြီပဲ
မိန်းကလေးရယ်…
အခေါက်ခေါက်အခါခါ မှားခဲ့ကြတဲ့
ငါတို့ဟာဒီတစ်ခါလည်း မှားကြပြန်ပြီထင်ပါရဲ့
နှုတ်မဆက်ရက်ဘူးကွယ်…
တယောက်တည်းကျန်နေခဲ့တော့မှာ သိတာတောင်
လက်မပြရက်ပါဘူး…ငါတို့ဝန်းကျင်မှာတော့ လက်ပံတွေ
စူးစူးရဲရဲ..နီတောက်ပြပြီး ကြွေကြွေကျနေကြပြီ…
အပွင့်ဆက်မဖြစ်သွားတဲ့ ငါဟာ
နောင်လဲ ဆက်ပွင့်ဖြစ်မှာမဟုတ်တော့ဘူး မိန်းကလေးရေ…
မင်းဆီကရတဲ့ ရနံ့လေးတွေကိုပဲ ကုပ်ကုပ်ကပ်ကပ်ဖက်တွယ်ရင်း
ငါ့ရဲ့မှောင်မဲတိတ်ဆိတ်နေတဲ့ အိမ်လေးထိ ယူဆောင်လာခဲ့တယ်…
အဲ့ဒီ့အမှောင်တွေထဲမှာပဲ ငါဟာမင်းရနံ့တွေကို ဘိန်းစွဲသလိုစွဲနေခဲ့တာ
ကြာခဲ့ပေါ့….
တိမ်တွေနဲ့အတူ လေနှင်ရာလွင့်တော့မယ်ပေါ့
ရွက်ဝါလေးရယ်…နှုတ်ဆက်ပါတယ်…
ဟိုး….ကောင်းကင်ယံကြီးပွင့်အံထွက်သွားလောက်အောင်ကို
နှုတ်ဆက်ပါတယ်…တို့တွေရဲ့တွဲလက်တွေဟာ ဥယျာဉ်ထဲက
ရွက်ကြွေတွေနဲ့အတူ ကျန်နေခဲ့ပြီပဲ…
ရွတ်ဆိုပြနေကျ ကဗျာလေးတွေလည်း နင့်အတွက်
မချိုမြိန်တော့ဘူးပေါ့လေ….နားလည်ပါတယ်…
နား..လည်..ပါ..တယ်…ကဗျာဆရာ ပီသစွာနဲ့ပဲ
နားလည်ပေးလိုက်ပါရဲ့..မိန်းကလေးရယ်….
နှုတ်..ဆက်..ပါ..တယ်…
ဒီတိုက်ပွဲမှာ ငါကျည်ကုန်သွားပါပြီ….
ထူးခတ်ခံလိုက်ရတဲ့ ရင်ဘတ်ဟာ
တစ်ချိန်တုန်းကငါတို့ဇာတ်လမ်းကို အရှေ့ကနေ
ပြန်ပြန်ဖတ်နေလေ့ရှိတယ်…
မထူးတော့ပါဘူး မိန်းကလေးရယ်…
စွယ်တော်တွေလွင့်ပျံနေတဲ့ ငါ့တို့ရှေ့ကလမ်းမှာတင်
တစ်ဘ၀လုံးစာကို ရိုးပြတ်ဆန်ပစ်လိုက်ပါပြီ…
နင်ပြန်ပြန်လျှောက်ကြည့်တဲ့အခါကြရင် 13 ပင်မြောက်
စွယ်တော်ရိပ်မှာ ငါတင်ထားတဲ့ ကဗျာစာရွက်လေးကို တွေ့ပါလိမ့်မယ်
ငါကတော့ ဘယ်မေ့နိုင်ပါ့မလဲ
ဘယ်မေ့နိုင်ပါ့မလဲဟာ…
ငါတစ်ခြမ်းဖြစ်ခဲ့တဲ့ နင့်ကိုမေ့ပစ်လိုက်ရမယ်ဆိုရင်
ငါပိုင်သမျှကို လုယက်ယူငင်သွားသလိုဖြစ်သွားမှာပေါ့…
ကဲ…
ရှေ့ကလမ်းချိုးတွေဟာ ငါတို့ကို
တစ်ယောက်တစ်နေရာစီ စောင့်ကြိုနေကြပြီ…
သွားကြရအောင် ရွှေဝါရောင်မိန်းကလေးရေ…
နှုတ်မဆက်ရက်ပေမယ့် ကမ္ဘာပြိုသွားလောက်အောင်
နှုတ်…ဆက်….လိုက်…ပါ….ရဲ့…
ရွှေကြယ်မိုး
Comment #2
ဟုတ်ပါ့ရှင်…………
မွန်မွန်ပါ …………..
ဝင်ဖတ်သွားပါတယ် ရွှေကြယ်မိုးရေ
နင့်ကဗျာတွေကို ငါလိုက်လိုက်ရှာဖတ်နေတယ်
သိလား………………………….အားပေးနေမယ်
 By: abcde at Jan 1, 2012
                        By: abcde at Jan 1, 2012
                    Comment #3
oh,,,,,,,,,,,god.
so sorry to know
 By: ei lay at Jan 1, 2012
                        By: ei lay at Jan 1, 2012
                    Comment #4
ဒီကဗျာက နှစ်သစ်အတွက် ညီပေးတဲ့လက်ဆောင်လား
ညီ့ကဗျာတွေထဲက အကိုကြွေတဲ့ကဗျာတွေအကြောင်းပြောတိုင်း
`ရှင်ကွဲ-၂´လည်း တစ်ပုဒ်အပါအ၀င် ဖြစ်လာမှာပါ
ပြီးတော့ ဒီကဗျာကို မွန်မွန်တစ်ယောက် အားပေးတာတွေ့ရလို့
ညီ့အတွက် အကို ပျော်ပျော်ရွှင်ရွှင် ဂုဏ်ယူလိုက်ပါတယ်
ချစ်ခင်စွာဖြင့် . . .
ကိုသျှား
 By: ကိုသျှား at Jan 2, 2012
                        By: ကိုသျှား at Jan 2, 2012
                    Comment #5
ရွတ်ဆိုပြနေကျ ကဗျာလေးတွေလည်း နင့်အတွက်
မချိုမြိန်တော့ဘူးပေါ့လေ….နားလည်ပါတယ်…
နား..လည်..ပါ..တယ်…ကဗျာဆရာ ပီသစွာနဲ့ပဲ
နားလည်ပေးလိုက်ပါရဲ့..မိန်းကလေးရယ်….
နှုတ်..ဆက်..ပါ..တယ်…
ဒီတိုက်ပွဲမှာ ငါကျည်ကုန်သွားပါပြီ………….အ၇မ်းကောင်းတယ် အကို
 By:ုkaungzaw at Jan 2, 2012
                        By:ုkaungzaw at Jan 2, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အရမ်းငိုမိမယ်…..နောက်တစ်ခေါက်ဖတ်ရင်
တော်တော်ကောင်းတယ်ဗျာ