Professional Authors

မိန်းကလေးရေ-ရွှေကြယ်မိုး

ဘယ်လောက်များကြေကွဲစရာကောင်းသလဲ
ငါအားခဲထားခဲ့တဲ့ တစ်ယောက်ကိုတစ်ယောက်
မခွဲစတမ်းချစ်ကြကြေးဆိုတာ တကယ့်လက်ရှိဘ၀မှာ
မဖြစ်နိုင်တော့ပါဘူး မိန်းကလေးရေ…

မကြာခဏဆိုသလို…
တပွေ့တပိုက် ရောက်ရှိလာမယ့်…အိပ်မက်အသစ်များ
နာကျင်ဟစ်အော်သံများ…ပြဿနာဆန်းများ
ငါတို့ဖဲ့ထုတ်ပေးလိုက်ရမယ့်…ငါတို့ဘ၀များ…
မကြာခင်မှာပဲ ငါတို့ဆီကို ရောက်လာပါတော့မယ်…
ငါ့ထက်မဆန်းကြယ်ဘူးဆိုရင်တောင် ငါ့ထက်
မရိုးသားတဲ့ ဘ၀ကြမ္မာဆိုတာ ရိုးသားသိမ်မွေ့ဟန်နဲ့
နင့်နောက်ကျောကိုထိုးမယ့် ဓါးဖြစ်လာဦးမှာပါပဲ…
အားတင်းထားပေါ့ မိန်းကလေးရေ…

နှုတ်ခမ်းလေးမပွင့်တပွင့် ပြုံးပြယုံနဲ့
မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ပြယုံနဲ့
ငါ့ဘ၀ထဲကို ပြန်ပြန်ဝင်မလာပါနဲ့တော့…ကွယ်…
နှင်းဆီရောင် နှုတ်ခမ်းပါးနဲ့ ရနံ့မတပ်ရသေးတဲ့
အကြည့်တွေ…ငါ့အတွက်မေ့ရခက်ဦးမှာပါပဲ
မိန်းကလေးရယ်…

ငါတို့ရဲ့တွေ့ဆုံမှုဟာ တစ်လခွဲလောက်
ဝေးကွာခဲ့ရတဲ့အခါမှာ…..
ငါတို့ရဲ့ဇာတ်လမ်းဟာ မှုတ်ငြိမ်းစရာမလိုလောက်အောင်
အငွေ့ပျံထွက်သွား…..
မှတ်ထားပေါ့ မိန်းကလေးရေ…
ခွဲခွါကြပါစို့လို့ မပြောခဲ့ကြပေမယ့်လည်း ကွဲကွာရတတ်တယ်ဆိုတာ

တစ်ခုတော့ ပြောပြချင်တယ် မိန်းကလေးရေ…
ဒီဇာတ်လမ်းရဲ့အစမှာ…နင်ကသာ ငါ့ကိုစတင်ဖိတ်ခေါ်ခဲ့တာဖြစ်လို့
ငါဟာ ငါတို့ရဲ့ကမ္ဘာဦးက နေ့စွဲတွေအကြောင်း ပြန်ပြန်စဉ်းစားတိုင်း
ငါနိုင်တယ်ဟေ့လို့ လက်ခမောင်းခတ် ကြေကြကွဲကွဲ ကြွေးကြော်လေ့ရှိသကွဲ့

မိန်းကလေးရေ…
မိန်းကလေးရေ…
……………………………………
……………………………………
အရှေ့ကိုလျှောက်ရင်း အနောက်ကို
မျှော်ကြည့်မနေပါနဲ့တော…ကွယ်
ငါပြောမထွက်ရက်ခဲ့တဲ့ နင့်ထောင့်ချိုးကလူတစ်ယောက်ရဲ့အကြောင်း
နင်…ထိုးထွင်းသိမြင်ပြီး သူပေးမယ့်အန္တာရယ်က ကင်းလွတ်နိုင်ပါစေ
မိန်းကလေးရေ…
ရွှေကြယ်မိုး
၂၀၁၁.၁၂လ. ၂၉ရက်
မနက် ၄ နာရီ ၁၄ မိနစ်

In: ကဗျာ Posted By: Date: Dec 29, 2011
Comment #1

har,,,,,like a film.
mike de.
pyin nyar pay zat lan lay.

commentinfo By: ei lay at Dec 29, 2011
Comment #2

hey,,fri,,,
da r kway kyaw ma nay ne ong,
a naing shi yin a shone le shi de naw.

commentinfo By: ei lay at Dec 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment